(Zawgyi / Unicode)
ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈကုိ ဟန္႔တားဖုိ႔ ႀကိဳးပမ္းတဲ့အေနနဲ႔ ျမန္မာႏုိင္ငံ အပါအ၀င္ နယ္စပ္ေဒသကေန အ၀င္အထြက္ေတြ အားလုံးကုိ တနဂၤေႏြေန႔ကစ ပိတ္ေတာ့မယ့္အေၾကာင္း အိႏၵိယက ေၾကညာလုိက္ပါတယ္။
ျမန္မာ၊ ဘဂၤလားေဒ့ရွ္၊ နီေပါ၊ ဘူတန္ႏုိင္ငံေတြနဲ႔ နယ္စပ္တေလွ်ာက္မွာ ဂိတ္အနည္းငယ္ကလဲြၿပီး ျဖတ္သန္းခြင့္ ပိတ္မွာျဖစ္သလုိ ပါကစၥတန္ႏုိင္ငံနဲ႔ နယ္စပ္ဂိတ္ေတြ အားလုံးကုိလည္း တနဂၤေႏြေန႔ည သန္းေခါင္ကစ ပိတ္မွာျဖစ္ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာနရဲ႕ အမိန္႔စာကုိ ကုိးကားၿပီး အိႏၵိယႏုိင္ငံ သတင္းေတြက ေဖာ္ျပခဲ့ၾကတာပါ။
ျမန္မာအပါအ၀င္ ဆက္ဖြင့္ေပးထားမယ့္ နယ္စပ္ဂိတ္ အနည္းအက်ဥ္းမွာလည္း က်န္းမာေရးအတြက္ စစ္ေဆးမႈေတြ တုိးျမႇင့္သြားမွာ ျဖစ္ပါတယ္။
ပါကစၥတန္ႏုိင္ငံနဲ႔ နယ္စပ္ဂိတ္ေတြ အားလုံးကုိ ပိတ္ထားမွာျဖစ္ေပမယ့္ ျပည္၀င္ခြင့္ဗီဇာရွိတဲ့ သံတမန္ေတြနဲ႔ ကုလသမဂၢ အရာရွိေတြကုိေတာ့ ၀င္ခြင့္ျပဳမွာျဖစ္ၿပီး လုိအပ္ရင္ က်န္းမာေရးအတြက္ စစ္ေဆးခံရမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။
အိႏၵိယႏုိင္ငံက နယ္စပ္အ၀င္အထြက္ေတြ ကန္႔သတ္လုိက္တဲ့ ႏုိင္ငံေတြထဲမွာေတာ့ ျမန္မာႏုိင္ငံ တႏုိင္ငံတည္းမွာသာ ကူးစက္သူ မေတြ႔ရေသးေၾကာင္း ေၾကညာထားတာလည္း ျဖစ္ပါတယ္။
က်န္ႏုိင္ငံေတြထဲမွာေတာ့ ပါကစၥတန္ႏုိင္ငံက ကူးစက္သူ ၂၀ ေက်ာ္၊ ဘဂၤလားေဒ့ရွ္က ၃ ေယာက္၊ နီေပါနဲ႔ ဘူတန္ႏုိင္ငံေတြမွာေတာ့ ၁ ဦးစီ အသီးသီးရွိေၾကာင္း ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) က သတင္းထုတ္ျပန္ထားပါတယ္။
-----------------------------------
(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာအပါအဝင် နယ်စပ်ဂိတ်တွေ အိန္ဒိယပိတ်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ဟန့်တားဖို့ ကြိုးပမ်းတဲ့အနေနဲ့ မြန်မာနိုင်ငံ အပါအဝင် နယ်စပ်ဒေသကနေ အဝင်အထွက်တွေ အားလုံးကို တနင်္ဂနွေနေ့ကစ ပိတ်တော့မယ့်အကြောင်း အိန္ဒိယက ကြေညာလိုက်ပါတယ်။
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်နိုင်ငံတွေနဲ့ နယ်စပ်တလျှောက်မှာ ဂိတ်အနည်းငယ်ကလွဲပြီး ဖြတ်သန်းခွင့် ပိတ်မှာဖြစ်သလို ပါကစ္စတန်နိုင်ငံနဲ့ နယ်စပ်ဂိတ်တွေ အားလုံးကိုလည်း တနင်္ဂနွေနေ့ည သန်းခေါင်ကစ ပိတ်မှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမိန့်စာကို ကိုးကားပြီး အိန္ဒိယနိုင်ငံ သတင်းတွေက ဖော်ပြခဲ့ကြတာပါ။
မြန်မာအပါအဝင် ဆက်ဖွင့်ပေးထားမယ့် နယ်စပ်ဂိတ် အနည်းအကျဉ်းမှာလည်း ကျန်းမာရေးအတွက် စစ်ဆေးမှုတွေ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံနဲ့ နယ်စပ်ဂိတ်တွေ အားလုံးကို ပိတ်ထားမှာဖြစ်ပေမယ့် ပြည်ဝင်ခွင့်ဗီဇာရှိတဲ့ သံတမန်တွေနဲ့ ကုလသမဂ္ဂ အရာရှိတွေကိုတော့ ဝင်ခွင့်ပြုမှာဖြစ်ပြီး လိုအပ်ရင် ကျန်းမာရေးအတွက် စစ်ဆေးခံရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
အိန္ဒိယနိုင်ငံက နယ်စပ်အဝင်အထွက်တွေ ကန့်သတ်လိုက်တဲ့ နိုင်ငံတွေထဲမှာတော့ မြန်မာနိုင်ငံ တနိုင်ငံတည်းမှာသာ ကူးစက်သူ မတွေ့ရသေးကြောင်း ကြေညာထားတာလည်း ဖြစ်ပါတယ်။
ကျန်နိုင်ငံတွေထဲမှာတော့ ပါကစ္စတန်နိုင်ငံက ကူးစက်သူ ၂၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်က ၃ ယောက်၊ နီပေါနဲ့ ဘူတန်နိုင်ငံတွေမှာတော့ ၁ ဦးစီ အသီးသီးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတင်းထုတ်ပြန်ထားပါတယ်။