သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရာသီဥတုပူရင္ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈ ေလ်ာ့ႏုိင္သလား


ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈမွ ကာကြယ္ႏုိင္ေရး နယူးေယာက္တြင္ ႏွာေခါင္းစည္းတပ္ သြားလာေနသူအခ်ဳိ႕။ (မတ္ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ အပါအဝင္ အေနာက္ႏိုင္ငံေတြမွာ မၾကာခင္ ေဆာင္းရာသီကုန္ဆုံးၿပီး ေႏြဦးေပါက္ေတာ့မွာ ျဖစ္တာေၾကာင့္ ကုိ႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန္႔ပြားမႈကေန သက္သာရာရေလမလားဆိုၿပီး ေမွ်ာ္လင့္ေနသူေတြ ရွိပါတယ္။ ျမန္မာႏိုင္ငံ အပါအဝင္ အပူပုိင္းေဒသ ႏိုင္ငံတခ်ဳိ႕မွာလည္း ရာသီဥတုေၾကာင့္ ကမၻာ့ကပ္ေရာဂါဒဏ္က သက္သာရာရတာလို႔ ယူဆခ်က္ေတြ ရွိေနေပမယ့္ ဒါေတြဟာ သိပၸံနည္းက် အခုိင္အမာ သက္ေသမျပႏိုင္ေသးဘူးလို႔ ကၽြမ္းက်င္သူေတြက သတိေပးေနတဲ့အေၾကာင္း ကုိဉာဏ္ဝင္းေအာင္က ေျပာျပမွာ ျဖစ္ပါတယ္။

လာမယ့္ ၾကာသပေတး မတ္လ ၁၉ ရက္ေန႔ဆုိရင္ အေမရိကန္ အပါအ၀င္ အေနာက္ႏုိင္ငံေတြမွာ ေႏြဦးေပါက္ရာသီ တရား၀င္ စတင္ေတာ့မွာပါ။ သမၼတ Donald Trump ကလည္း ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ဧၿပီလေလာက္မွာ အဆုံးသတ္သြားႏုိင္တယ္ဆုိၿပီး ၿပီးခဲ့တဲ့လထဲမွာပဲ ခန္႔မွန္း ေျပာဆုိထားပါတယ္။ သမပုိင္း ရာသီဥတုရွိတဲ့ ႏုိင္ငံေတြမွာ ရာသီအလုိက္ တုပ္ေကြးေရာဂါ ျဖစ္ပြားမႈက အတက္အက် ရွိတတ္ပါတယ္။ ဒါ့ေၾကာင့္လည္း ပူေႏြးတဲ့ရာသီက ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈ ေလ်ာ့ပါးေအာင္ လုပ္ႏုိင္မလားဆုိတဲ့ မွန္းဆခ်က္ေတြ ထြက္ေပၚေနတာပါ။

ဒီမွန္းဆခ်က္ မွန္ကန္တယ္လို႔ မေျပာႏိုင္ေသးေၾကာင္း ကုိ႐ုိနာဗိုင္းရပ္စ္ ေရာဂါပိုးနဲ႔ ပတ္သက္လုိ႔ အထူးျပဳေလ့လာေနတဲ့ အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမဳိ႕က ျမန္မာႏြယ္ဖြား ဆရာဝန္ ေဒါက္တာေဇယ်ာသက္က ရွင္းျပပါတယ္။

“ေႏြရာသီအထိ ဒီဗိုင္းရပ္စ္က ခံႏုိင္သလား၊ မခံႏိုင္ဘူးလား ဆိုတာကေတာ့ လက္ရွိအေနအထားအရ ဘယ္သူမွ မသိဘူးေပါ့ေနာ္။ အဓိကကေတာ့ ဒီဗုိင္းရပ္စ္အေကာင္က ကိုယ္ခႏၶာေပၚမွာ၊ ဒီ Surface ေပၚမွာ ၃၇ ရက္အထိ ေနႏိုင္တယ္ဆုိတာ က်ေနာ္တို႔ ေနာက္ဆုံး ေတြ႔လာၾကတယ္ေပါ့ေလ။ ဒါ လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္က Johns Hopkins တကၠသိုလ္ကေန သူတို႔ေျပာလာတဲ့ တပိုင္းေပါ့ေနာ္။ ဆိုေတာ့ ဒီေႏြရာသီမွာ ေပ်ာက္လာႏိုင္တယ္လို႔ ခန္႔မွန္းၾကတာေပါ့၊ ဒါကလည္း ဘယ္သူမွ မသိေသးတဲ့ အေၾကာင္းအရာတခုကို ခန္႔မွန္းေနၾကတာ။ ဟို ျဖစ္ႏိုင္လားဆိုေတာ့ ျဖစ္ေတာ့ျဖစ္ႏိုင္တယ္၊ ဒါေပမယ့္လည္း ေျပာရတာ နည္းနည္းခက္တယ္။ ဒီ ပညာရွင္အမ်ားစုက မွန္းတာကေတာ့ ေနာက္ထပ္ ကူးစက္တဲ့ case ေတြ ထပ္မေပၚလာဘူးဆိုရင္ေတာ့၊ case အေရအတြက္ က်သြားရင္ေတာ့ သုံးလေလာက္အတြင္း ေပ်ာက္သြားႏိုင္တယ္လို႔ေတာ့ ထင္တာေပါ့ေနာ္။”

တုပ္ေကြးနဲ႔ အေအးမိေရာဂါေတြ ရာသီအလုိက္ အတက္အက်ျဖစ္ရတဲ့ အေၾကာင္းရင္း အားလုံးကုိ သိပၸံပညာရွင္ေတြ မသိၾကေသးေပမယ့္ ေဆာင္းတြင္းကာလလုိ ေလထဲမွာ စုိထုိင္းဆနည္းပါးတဲ့ အခါမ်ဳိးမွာ ဗုိင္းရပ္စ္ပုိးေတြ အလြယ္တကူ ပ်ံ႕ႏွံ႔တတ္တယ္ ဆုိတာကုိေတာ့ သိထားၾကပါတယ္။ အပူနဲ႔ စုိစြတ္မႈဟာ တုပ္ေကြးေရာဂါကုိ အျပည့္အ၀ မတားဆီးႏုိင္တဲ့ သာဓကေတြလည္း ရွိပါတယ္။

ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) က ကမာၻအႏွ႔ံ ကူးစက္ပ်ံ႕ႏွံ႔တဲ့ ကပ္ေရာဂါအျဖစ္ ၂၀၀၉ ခုႏွစ္ထဲမွာ ေၾကညာခဲ့တဲ့ H1N1 တုပ္ေကြးေရာဂါ ႀကံဳခဲ့ရစဥ္က ျမန္မာ၊ ဘဂၤလားေဒ့ရွ္၊ အိႏၵိယ၊ အင္ဒုိနီးရွား၊ မကၠဆီကုိနဲ႔ ဂြါတီမာလာတုိ႔လုိ အပူပုိင္း ႏုိင္ငံေတြဟာလည္း အေသအေပ်ာက္မ်ားတဲ့ စာရင္း၀င္ႏုိင္ငံေတြထဲမွာ အပါအ၀င္ ျဖစ္ခဲ့တာပါ။ ဒါေၾကာင့္ ကုိ႐ုိနာဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔မႈကေတာ့ အေအးပုိင္းေရာ၊ အပူပုိင္း ေဒသေတြမွာပါ ႀကံဳေနရတယ္လုိ႔ ေဒါက္တာေဇယ်ာသက္က ေထာက္ျပပါတယ္။

“က်ေနာ္တို႔ အေမရိကန္ နယူးေယာက္ကိုပဲ ၾကည့္ၾကည့္၊ ဒီ နယူးေယာက္က ေအးတယ္ေပါ့။ ဒါေပမယ့္ ဖေလာ္ရီဒါမွာလည္း ကူးစက္မႈေတြရွိတယ္၊ အဲဒီမွာက ပူေႏြးတဲ့ ရာသီဥတုပဲ။ ဆိုေတာ့ ဒီရာသီဥတုေပၚ မူတည္ၿပီး ဒီေရာဂါပိုး ေပ်ာက္သြားႏိုင္သလား ဆိုတာကေတာ့ ေျပာရခက္တဲ့ အပိုင္းတခုမွာေတာ့ ပါတာေပါ့။ ျမန္မာဆုိရင္လည္း ထုိင္းႏိုင္ငံနဲ႔ အတူတူပါပဲ၊ ထုိင္းကေတာင္ ပုိပူပါေသးတယ္။ ဒီ Covid-19 case ေတြဆုိ ထုိင္းႏိုင္ငံမွာ ေတာ္ေတာ္မ်ားမ်ား က်ေနာ္တုိ႔ ေတြ႔ရတာေပါ့ေနာ္။ အိႏၵိယမွာ ဆိုလို႔ရွိရင္လည္း ဆယ္ဂဏန္းပတ္ဝန္းက်င္ ထြက္လာတယ္ေပါ့ေလ။ အခု ကေမၻာဒီးယားမွာလည္း ရွိပါတယ္။ ဆိုေတာ့ ျမန္မာႏိုင္ငံမွာ မရွိေသးဘူး ဆိုတာကလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ အပူခ်ိန္ျမင့္လုိ႔ မရွိဘူးဆိုတာကိုေတာ့ က်ေနာ့္အေနနဲ႔ သိပ္ေတာ့ မယူဆခ်င္ဘူး၊ ဘာျဖစ္လုိ႔လဲဆုိေတာ့ ဒါသာ မွန္ခဲ့လို႔ရွိရင္ ထိုင္းမွာလည္း ရွိမွာမဟုတ္ပါဘူး၊ ကေမၻာဒီးယားလည္း မရွိႏိုင္ဘူး၊ အိႏၵိယမွာလည္း ရွိမွာ မဟုတ္ပါဘူး။ ဆုိေတာ့ ရာသီဥတုရယ္လို႔ေတာ့ မဆိုင္ဘူးလို႔ ထင္ပါတယ္။”

အေနာက္ႏုိင္ငံေတြက တုပ္ေကြးေရာဂါ ကူးစက္မႈဟာ ေႏြရာသီမွာ ေလ်ာ့သြားတတ္တယ္ ဆုိေပမယ့္ စာသင္ေက်ာင္းေတြ ပိတ္ထားတာဟာလည္း အေၾကာင္းရင္းတခုအျဖစ္ သုေတသီေတြက ေထာက္ျပၾကပါတယ္။ တုပ္ေကြး၊ ေရေက်ာက္၊ ၀က္သက္နဲ႔ တျခား အသက္႐ွဴလမ္းေၾကာင္းဆုိ္င္ရာ ေရာဂါေတြဟာ ေက်ာင္းဖြင့္တဲ့ ကာလေတြမွာ အျဖစ္မ်ားေလ့ ရွိတယ္လုိ႔လည္း ဟားဗတ္တကၠသုိလ္ ကူးစက္ေရာဂါဌာန ဒါ႐ုိက္တာ Mark Lipsitch က ေျပာပါတယ္။

ဒါေပမယ့္ အခုေနာက္ဆုံး ႀကံဳေနရတဲ့ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈဟာ ကေလးေတြမွာ ျပင္းျပင္းထန္ထန္ သိပ္မျဖစ္ၾကတဲ့အတြက္ အခုအခါ ေက်ာင္းေတြ အေရးေပၚ ပိတ္ထားေပမယ့္ ဗုိင္းရပ္စ္တုိက္ဖ်က္ေရးအတြက္ အေထာက္အကူ ျဖစ္ပါ့မလား ဆုိတာကေတာ့ မေသခ်ာေသးပါဘူး။ ပါေမာကၡ Lipsitch ကေတာ့ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ေႏြရာသီမွာ ေလ်ာ့သြားမယ္ဆုိရင္ေတာင္ ေနာက္ထပ္ရာသီေတြမွာ တေက်ာ့ျပန္ ေပၚေကာင္းေပၚလာႏုိင္ေသးတယ္လုိ႔ ဟားဗတ္တကၠသုိလ္ ကူးစက္ေရာဂါဌာန ၀က္ဘ္ဆုိက္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

--------------------------------

(Unicode)

ရာသီဥတုပူရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လျော့နိုင်သလား

အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေမှာ မကြာခင် ဆောင်းရာသီကုန်ဆုံးပြီး နွေဦးပေါက်တော့မှာ ဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကနေ သက်သာရာရလေမလားဆိုပြီး မျှော်လင့်နေသူတွေ ရှိပါတယ်။ မြန်မာနိုင်ငံ အပါအဝင် အပူပိုင်းဒေသ နိုင်ငံတချို့မှာလည်း ရာသီဥတုကြောင့် ကမ္ဘာ့ကပ်ရောဂါဒဏ်က သက်သာရာရတာလို့ ယူဆချက်တွေ ရှိနေပေမယ့် ဒါတွေဟာ သိပ္ပံနည်းကျ အခိုင်အမာ သက်သေမပြနိုင်သေးဘူးလို့ ကျွမ်းကျင်သူတွေက သတိပေးနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာ ဖြစ်ပါတယ်။

လာမယ့် ကြာသပတေး မတ်လ ၁၉ ရက်နေ့ဆိုရင် အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေမှာ နွေဦးပေါက်ရာသီ တရားဝင် စတင်တော့မှာပါ။ သမ္မတ Donald Trump ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဧပြီလလောက်မှာ အဆုံးသတ်သွားနိုင်တယ်ဆိုပြီး ပြီးခဲ့တဲ့လထဲမှာပဲ ခန့်မှန်း ပြောဆိုထားပါတယ်။ သမပိုင်း ရာသီဥတုရှိတဲ့ နိုင်ငံတွေမှာ ရာသီအလိုက် တုပ်ကွေးရောဂါ ဖြစ်ပွားမှုက အတက်အကျ ရှိတတ်ပါတယ်။ ဒါ့ကြောင့်လည်း ပူနွေးတဲ့ရာသီက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လျော့ပါးအောင် လုပ်နိုင်မလားဆိုတဲ့ မှန်းဆချက်တွေ ထွက်ပေါ်နေတာပါ။

ဒီမှန်းဆချက် မှန်ကန်တယ်လို့ မပြောနိုင်သေးကြောင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးနဲ့ ပတ်သက်လို့ အထူးပြုလေ့လာနေတဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က မြန်မာနွယ်ဖွား ဆရာဝန် ဒေါက်တာဇေယျာသက်က ရှင်းပြပါတယ်။

“နွေရာသီအထိ ဒီဗိုင်းရပ်စ်က ခံနိုင်သလား၊ မခံနိုင်ဘူးလား ဆိုတာကတော့ လက်ရှိအနေအထားအရ ဘယ်သူမှ မသိဘူးပေါ့နော်။ အဓိကကတော့ ဒီဗိုင်းရပ်စ်အကောင်က ကိုယ်ခန္ဓာပေါ်မှာ၊ ဒီ Surface ပေါ်မှာ ၃၇ ရက်အထိ နေနိုင်တယ်ဆိုတာ ကျနော်တို့ နောက်ဆုံး တွေ့လာကြတယ်ပေါ့လေ။ ဒါ လွန်ခဲ့တဲ့ နှစ်ရက်လောက်က Johns Hopkins တက္ကသိုလ်ကနေ သူတို့ပြောလာတဲ့ တပိုင်းပေါ့နော်။ ဆိုတော့ ဒီနွေရာသီမှာ ပျောက်လာနိုင်တယ်လို့ ခန့်မှန်းကြတာပေါ့၊ ဒါကလည်း ဘယ်သူမှ မသိသေးတဲ့ အကြောင်းအရာတခုကို ခန့်မှန်းနေကြတာ။ ဟို ဖြစ်နိုင်လားဆိုတော့ ဖြစ်တော့ဖြစ်နိုင်တယ်၊ ဒါပေမယ့်လည်း ပြောရတာ နည်းနည်းခက်တယ်။ ဒီ ပညာရှင်အများစုက မှန်းတာကတော့ နောက်ထပ် ကူးစက်တဲ့ case တွေ ထပ်မပေါ်လာဘူးဆိုရင်တော့၊ case အရေအတွက် ကျသွားရင်တော့ သုံးလလောက်အတွင်း ပျောက်သွားနိုင်တယ်လို့တော့ ထင်တာပေါ့နော်။”

တုပ်ကွေးနဲ့ အအေးမိရောဂါတွေ ရာသီအလိုက် အတက်အကျဖြစ်ရတဲ့ အကြောင်းရင်း အားလုံးကို သိပ္ပံပညာရှင်တွေ မသိကြသေးပေမယ့် ဆောင်းတွင်းကာလလို လေထဲမှာ စိုထိုင်းဆနည်းပါးတဲ့ အခါမျိုးမှာ ဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူ ပျံ့နှံ့တတ်တယ် ဆိုတာကိုတော့ သိထားကြပါတယ်။ အပူနဲ့ စိုစွတ်မှုဟာ တုပ်ကွေးရောဂါကို အပြည့်အ၀ မတားဆီးနိုင်တဲ့ သာဓကတွေလည်း ရှိပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာအနှံ့ ကူးစက်ပျံ့နှံ့တဲ့ ကပ်ရောဂါအဖြစ် ၂၀၀၉ ခုနှစ်ထဲမှာ ကြေညာခဲ့တဲ့ H1N1 တုပ်ကွေးရောဂါ ကြုံခဲ့ရစဉ်က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မက္ကဆီကိုနဲ့ ဂွါတီမာလာတို့လို အပူပိုင်း နိုင်ငံတွေဟာလည်း အသေအပျောက်များတဲ့ စာရင်းဝင်နိုင်ငံတွေထဲမှာ အပါအဝင် ဖြစ်ခဲ့တာပါ။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကတော့ အအေးပိုင်းရော၊ အပူပိုင်း ဒေသတွေမှာပါ ကြုံနေရတယ်လို့ ဒေါက်တာဇေယျာသက်က ထောက်ပြပါတယ်။

“ကျနော်တို့ အမေရိကန် နယူးယောက်ကိုပဲ ကြည့်ကြည့်၊ ဒီ နယူးယောက်က အေးတယ်ပေါ့။ ဒါပေမယ့် ဖလော်ရီဒါမှာလည်း ကူးစက်မှုတွေရှိတယ်၊ အဲဒီမှာက ပူနွေးတဲ့ ရာသီဥတုပဲ။ ဆိုတော့ ဒီရာသီဥတုပေါ် မူတည်ပြီး ဒီရောဂါပိုး ပျောက်သွားနိုင်သလား ဆိုတာကတော့ ပြောရခက်တဲ့ အပိုင်းတခုမှာတော့ ပါတာပေါ့။ မြန်မာဆိုရင်လည်း ထိုင်းနိုင်ငံနဲ့ အတူတူပါပဲ၊ ထိုင်းကတောင် ပိုပူပါသေးတယ်။ ဒီ Covid-19 case တွေဆို ထိုင်းနိုင်ငံမှာ တော်တော်များများ ကျနော်တို့ တွေ့ရတာပေါ့နော်။ အိန္ဒိယမှာ ဆိုလို့ရှိရင်လည်း ဆယ်ဂဏန်းပတ်ဝန်းကျင် ထွက်လာတယ်ပေါ့လေ။ အခု ကမ္ဘောဒီးယားမှာလည်း ရှိပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ မရှိသေးဘူး ဆိုတာကလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အပူချိန်မြင့်လို့ မရှိဘူးဆိုတာကိုတော့ ကျနော့်အနေနဲ့ သိပ်တော့ မယူဆချင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒါသာ မှန်ခဲ့လို့ရှိရင် ထိုင်းမှာလည်း ရှိမှာမဟုတ်ပါဘူး၊ ကမ္ဘောဒီးယားလည်း မရှိနိုင်ဘူး၊ အိန္ဒိယမှာလည်း ရှိမှာ မဟုတ်ပါဘူး။ ဆိုတော့ ရာသီဥတုရယ်လို့တော့ မဆိုင်ဘူးလို့ ထင်ပါတယ်။”

အနောက်နိုင်ငံတွေက တုပ်ကွေးရောဂါ ကူးစက်မှုဟာ နွေရာသီမှာ လျော့သွားတတ်တယ် ဆိုပေမယ့် စာသင်ကျောင်းတွေ ပိတ်ထားတာဟာလည်း အကြောင်းရင်းတခုအဖြစ် သုတေသီတွေက ထောက်ပြကြပါတယ်။ တုပ်ကွေး၊ ရေကျောက်၊ ဝက်သက်နဲ့ တခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဟာ ကျောင်းဖွင့်တဲ့ ကာလတွေမှာ အဖြစ်များလေ့ ရှိတယ်လို့လည်း ဟားဗတ်တက္ကသိုလ် ကူးစက်ရောဂါဌာန ဒါရိုက်တာ Mark Lipsitch က ပြောပါတယ်။

ဒါပေမယ့် အခုနောက်ဆုံး ကြုံနေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ကလေးတွေမှာ ပြင်းပြင်းထန်ထန် သိပ်မဖြစ်ကြတဲ့အတွက် အခုအခါ ကျောင်းတွေ အရေးပေါ် ပိတ်ထားပေမယ့် ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အထောက်အကူ ဖြစ်ပါ့မလား ဆိုတာကတော့ မသေချာသေးပါဘူး။ ပါမောက္ခ Lipsitch ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ နွေရာသီမှာ လျော့သွားမယ်ဆိုရင်တောင် နောက်ထပ်ရာသီတွေမှာ တကျော့ပြန် ပေါ်ကောင်းပေါ်လာနိုင်သေးတယ်လို့ ဟားဗတ်တက္ကသိုလ် ကူးစက်ရောဂါဌာန ဝက်ဘ်ဆိုက်စာမျက်နှာမှာ ရေးသားထားပါတယ်။

တိုက္႐ိုက္ လင့္ခ္

XS
SM
MD
LG