သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းႏုိင္ငံ မဟီေဒါတကၠသုိလ္မွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္သူေတြ႔


ထုိင္းႏုိင္ငံ ဖူးခက္ေလဆိပ္သုိ႔ ေရာက္ရွိလာသည့္ ခရီးသြားမ်ားအား ကိုယ္အပူခ်ိန္တုိင္းတာ စစ္ေဆးေနသည့္ ျမင္ကြင္း။ (မတ္ ၉၊ ၂၀၂၀)

(Zawgyi / Unicode)

ထုိင္းႏုိင္ငံမွာ ျမန္မာႏုိင္ငံသားေတြလည္း ပညာသင္ၾကားေနတဲ့ နာမည္ေက်ာ္ မဟီေဒါတကၠသုိလ္မွာ ေက်ာင္းသားတေယာက္ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရတဲ့အတြက္ စာသင္ၾကားမႈေတြကုိ ရပ္ဆုိင္းလုိက္ရပါတယ္။ ေက်ာင္းပိတ္ထားခ်ိန္မွာ အြန္လုိင္းကေန ဆက္လက္သင္ၾကားခြင့္ ရႏုိင္မွာျဖစ္ေပမယ့္ လက္ေတြ႔ သင္ၾကားမႈေတြမွာေတာ့ အခက္အခဲေတြ ရွိႏုိင္တယ္လုိ႔လည္း ျမန္မာေက်ာင္းသူတဦးက ေျပာပါတယ္။ အျပည့္အစုံကုိေတာ့ ထုိင္းႏုိင္ငံအေျခစုိက္ ဗြီအုိေအ ျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာက ေျပာျပေပးမွာ ျဖစ္ပါတယ္။

မတ္လ ၁၄ ရက္ ေန႔စြဲနဲ႔ မဟီေဒါတကၠသိုလ္ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ တကၠသိုလ္မွာ ပညာသင္ယူေနၾကတဲ့ ေက်ာင္းသားတဦးဟာ ေက်ာင္းျပင္ပ ေနရာကေန ကို႐ိုနာဗုိင္းရပ္စ္ေရာဂါ ကူးစက္လာတာျဖစ္တာေၾကာင့္ ေက်ာင္းသားကို Siriraj ေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနၿပီး ကုန္က်စရိတ္ကို တကၠသိုလ္က အကုန္က်ခံမွာျဖစ္ေၾကာင္း ထုတ္ျပန္သြားပါတယ္။

က်န္းမာေရးဌာန တာ၀န္ရွိသူေတြရဲ႕ သတင္းစာရွင္းလင္းပြဲမွာလည္း ေက်ာင္းသား ေရာဂါပိုး ကူးစက္ခံရတာဟာ ဟုတ္မွန္ေၾကာင္းသာ အတည္ျပဳခဲ့ေပမယ့္ အေသးစိတ္ကိုေတာ့ ရွင္းလင္းသြားတာ မေတြ႔ရပါဘူး။ ဒီေနာက္မွာေတာ့ မဟီေဒါတကၠသိုလ္က ေက်ာင္းသားေက်ာင္းသူေတြ မာစတာတန္း တက္ေနတဲ့သူေတြကို အြန္လိုင္းကေနပဲ စာသင္ၾကားေတာ့မွာျဖစ္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။

မဟီေဒါတကၠသုိလ္မွာ သိပၸံဘဲြ႔နဲ႔ ေက်ာင္းၿပီးၿပီး မာစတာတန္း ဆက္တက္ေနတဲ့ ျမန္မာေက်ာင္းသူတဦးက အခုလိုေျပာျပပါတယ္။

“မဟီေဒါမွာ ေက်ာင္းသားတဦး ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရလို႔ အခုဆို ေက်ာင္းသားေတြကုိ အြန္လိုင္းကေန လုပ္ရမယ္ေျပာတယ္။ ေက်ာင္းသားတဦးက အျပင္မွာ ကူးစက္ခံရတာေၾကာင့္ ေက်ာင္းပိတ္ၿပီး ပုိးသတ္ေဆးေတြ ဖ်န္းေနတယ္။ အခု ေက်ာင္းကစာထဲမွာ ေရးထားတာက ဓာတ္ခဲြခန္းမွာ လုပ္ရမွာတို႔ စာေမးပဲြေတြ လုပ္ရမွာတို႔ရွိရင္ လာမယ့္အပတ္အတြင္း အကုန္လုပ္သြားမယ္။ ျမန္ျမန္ၿပီးေအာင္လုိ႔၊ ၿပီးမွသင္မယ္ေပါ့။ ဓာတ္ခြဲခန္းကဟာေတြက အြန္လုိင္းမွာ သင္လို႔မရဘူး။ အဲဒါေတြ မျဖစ္မေနဆုိေတာ့ လာမယ့္အပတ္မွာ ၿပီးေအာင္သင္လုိက္မယ္လို႔ ေျပာတယ္။”

ဘန္ေကာက္နယ္ေျမက ၂၈ ဧက အက်ယ္အ၀န္းရွိတဲ့ ေဆးသိပံၸနဲ႔ နည္းပညာတကၠသိုလ္ေတြရိွတဲ့ မဟီေဒါဟာ အာရွမွာ ထင္ရွားတဲ့ ေဆးဘက္ဆိုင္ရာ၀န္ထမ္းေတြ ေမြးထုတ္ေပးေနတဲ့ ႏုိင္ငံတကာအဆင့္မီ တကၠသိုလ္ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံက စာေတာ္တဲ့ ေက်ာင္းသားေတြဟာ မဟီေဒါတကၠသိုလ္မွာ လာေရာက္ ပညာသင္ယူေနၾကတာပါ။ ႏုိင္ငံတကာေက်ာင္းသားနဲ႔ ဆရာ ႏွစ္ေသာင္းေက်ာ္ ရွိေနတဲ့အတြက္ လက္ရွိအေျခအေနအရ COVID-19 ကူးစက္ခံထားရတဲ့ ေက်ာင္းသား စာသင္ေနတဲ့အေဆာင္ကို ပိုသတ္ေဆးဖ်န္း သန္႔ရွင္းေနပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ ေက်ာင္းသားနဲ႔ အနီးကပ္ေနတဲ့သူေတြရဲ႕ ေရာဂါလကၡဏာကိုပါ ေစာင့္ၾကည့္တာအျပင္္ COVID-19 ေရာဂါပိုးေတြ႔တဲ့ သင္တန္းေက်ာင္းခန္းက ေက်ာင္းသားေတြကို စစ္ေဆးဆဲကာလမွာ အြန္လိုင္းကေန သင္ၾကားဖို႔ တကၠသိုလ္တာ၀န္ရွိသူေတြက စီစဥ္ေနပါတယ္။

--------------------------------------

(Unicode)

ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ့

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေလည်း ပညာသင်ကြားနေတဲ့ နာမည်ကျော် မဟီဒေါတက္ကသိုလ်မှာ ကျောင်းသားတယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့အတွက် စာသင်ကြားမှုတွေကို ရပ်ဆိုင်းလိုက်ရပါတယ်။ ကျောင်းပိတ်ထားချိန်မှာ အွန်လိုင်းကနေ ဆက်လက်သင်ကြားခွင့် ရနိုင်မှာဖြစ်ပေမယ့် လက်တွေ့ သင်ကြားမှုတွေမှာတော့ အခက်အခဲတွေ ရှိနိုင်တယ်လို့လည်း မြန်မာကျောင်းသူတဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းနိုင်ငံအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးမှာ ဖြစ်ပါတယ်။

မတ်လ ၁၄ ရက် နေ့စွဲနဲ့ မဟီဒေါတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာတော့ တက္ကသိုလ်မှာ ပညာသင်ယူနေကြတဲ့ ကျောင်းသားတဦးဟာ ကျောင်းပြင်ပ နေရာကနေ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်လာတာဖြစ်တာကြောင့် ကျောင်းသားကို Siriraj ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး ကုန်ကျစရိတ်ကို တက္ကသိုလ်က အကုန်ကျခံမှာဖြစ်ကြောင်း ထုတ်ပြန်သွားပါတယ်။

ကျန်းမာရေးဌာန တာဝန်ရှိသူတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ကျောင်းသား ရောဂါပိုး ကူးစက်ခံရတာဟာ ဟုတ်မှန်ကြောင်းသာ အတည်ပြုခဲ့ပေမယ့် အသေးစိတ်ကိုတော့ ရှင်းလင်းသွားတာ မတွေ့ရပါဘူး။ ဒီနောက်မှာတော့ မဟီဒေါတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေ မာစတာတန်း တက်နေတဲ့သူတွေကို အွန်လိုင်းကနေပဲ စာသင်ကြားတော့မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မဟီဒေါတက္ကသိုလ်မှာ သိပ္ပံဘွဲ့နဲ့ ကျောင်းပြီးပြီး မာစတာတန်း ဆက်တက်နေတဲ့ မြန်မာကျောင်းသူတဦးက အခုလိုပြောပြပါတယ်။

“မဟီဒေါမှာ ကျောင်းသားတဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ အခုဆို ကျောင်းသားတွေကို အွန်လိုင်းကနေ လုပ်ရမယ်ပြောတယ်။ ကျောင်းသားတဦးက အပြင်မှာ ကူးစက်ခံရတာကြောင့် ကျောင်းပိတ်ပြီး ပိုးသတ်ဆေးတွေ ဖျန်းနေတယ်။ အခု ကျောင်းကစာထဲမှာ ရေးထားတာက ဓာတ်ခွဲခန်းမှာ လုပ်ရမှာတို့ စာမေးပွဲတွေ လုပ်ရမှာတို့ရှိရင် လာမယ့်အပတ်အတွင်း အကုန်လုပ်သွားမယ်။ မြန်မြန်ပြီးအောင်လို့၊ ပြီးမှသင်မယ်ပေါ့။ ဓာတ်ခွဲခန်းကဟာတွေက အွန်လိုင်းမှာ သင်လို့မရဘူး။ အဲဒါတွေ မဖြစ်မနေဆိုတော့ လာမယ့်အပတ်မှာ ပြီးအောင်သင်လိုက်မယ်လို့ ပြောတယ်။”

ဘန်ကောက်နယ်မြေက ၂၈ ဧက အကျယ်အဝန်းရှိတဲ့ ဆေးသိပ္ပံနဲ့ နည်းပညာတက္ကသိုလ်တွေရှိတဲ့ မဟီဒေါဟာ အာရှမှာ ထင်ရှားတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ မွေးထုတ်ပေးနေတဲ့ နိုင်ငံတကာအဆင့်မီ တက္ကသိုလ် ဖြစ်ပါတယ်။

မြန်မာနိုင်ငံက စာတော်တဲ့ ကျောင်းသားတွေဟာ မဟီဒေါတက္ကသိုလ်မှာ လာရောက် ပညာသင်ယူနေကြတာပါ။ နိုင်ငံတကာကျောင်းသားနဲ့ ဆရာ နှစ်သောင်းကျော် ရှိနေတဲ့အတွက် လက်ရှိအခြေအနေအရ COVID-19 ကူးစက်ခံထားရတဲ့ ကျောင်းသား စာသင်နေတဲ့အဆောင်ကို ပိုသတ်ဆေးဖျန်း သန့်ရှင်းနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ကျောင်းသားနဲ့ အနီးကပ်နေတဲ့သူတွေရဲ့ ရောဂါလက္ခဏာကိုပါ စောင့်ကြည့်တာအပြင် COVID-19 ရောဂါပိုးတွေ့တဲ့ သင်တန်းကျောင်းခန်းက ကျောင်းသားတွေကို စစ်ဆေးဆဲကာလမှာ အွန်လိုင်းကနေ သင်ကြားဖို့ တက္ကသိုလ်တာဝန်ရှိသူတွေက စီစဉ်နေပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG