သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံဝင္လာတဲ့ ခရီးသြားေတြအတြက္ COVID ႀကိဳတင္ကာကြယ္ေရး ထုတ္ျပန္


ရန္ကုန္ အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ဆိုက္ေရာက္လာသည့္ ေလယာဥ္ေပၚက ခရီးသည္ေတြကို အပူခ်ိန္တိုင္းတာေပးေနတဲ့ ျမန္မာႏိုင္ငံ က်န္းမာေရးဌာနက ၀န္ထမ္းတဦး (မွတ္တမ္းဓာတ္ပံု - ေဖေဖာ္၀ါရီ ၁၉၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ထိန္းခ်ဳပ္ႏို္င္ဖို႔အတြက္ ျမန္မာႏုိင္ငံကို လာေရာက္မယ့္ ခရီးသြားေတြအေပၚ ေရာဂါႀကိဳတင္ကာကြယ္ေရး ကန္႔သတ္ခ်က္ေတြ ထုတ္ျပန္လိုက္ၿပီး ေဆးရံုမွာ သီးျခားခဲြထား ေစာင့္ၾကည့္မႈ Hospital Quarantine လုပ္ေဆာင္ဖို႔အတြက္လည္း ေနရာႏွစ္ေနရာကို ထပ္မံတုိးခ်ဲ႕လုပ္ေဆာင္ေနပါတယ္။

ျမန္မာႏုိင္ငံမွာ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာ မရွိေသးေပမဲ့လည္း ဒီေရာဂါေစာင့္ၾကပ္ ၾကည့္ရႈေရးလုပ္ငန္းေတြကုိ တိုးခ်ဲ႕ေဆာင္ရြက္ေနသလို ျပည္တြင္းကို ဝင္ေရာက္လာမယ့္ ခရီးသြားေတြအေပၚကုိလည္း က်န္းမာေရးကန္႔သတ္ခ်က္ေတြ လုပ္ေဆာင္လိုက္တာပါ။

Hospital Quarantine လုပ္ေဆာင္ဖို႔လိုသူေတြကုိ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတ္မွတ္ထားတဲ့ ေဆးရံုႏွစ္ခုမွာ ၁၄ ရက္တာ သီးျခားထားရွိ ေစာင့္ၾကည့္ေနၿပီး ေနာက္ထပ္ေနရာႏွစ္ေနရာမွာ သီးျခားထားႏုိင္ဖို႔အတြက္ ျပင္ဆင္ေနၿပီလို႔ ဗဟိုကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာနက ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“က်မတို႔ Quarantine လုပ္ဖုိ႔အတြက္ ေဝဘာဂီေဆးရံုမွာေတာ့ တခ်ိဳ႕ေတြကို Quarantine လုပ္တယ္။ ၿပီးရင္ ေတာင္ဥကၠလာ အမ်ိဳးသမီးနဲ႔ ကေလးေဆးရံုမွာ လုပ္တယ္။ ၿပီးရင္ လွည္းကူးကြင္းဆင္း သင္တန္းေက်ာင္းမွာလုပ္ဖို႔အတြက္လည္း ဒီေန႔ဆုိရင္ ေတာ္ေတာ္ျပင္ဆင္ၿပီးၿပီ။ ေနာက္ သိမ္ျဖဴကြင္းမွာရွိတဲ့ က်မတို႔က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနပိုင္ အေဆာက္အအံုေတြမွာလည္း လုပ္ဖုိ႔ရွိတယ္ေပါ့ေနာ္။ ဒါဆုိဘယ္မွာလုပ္မလဲ ဘယ္သူေတြကို ဘယ္ပို႔မလဲ ဒါကေတာ့ လူနာအနည္းအမ်ားေပၚ မူတည္တာေပါ့။”

COVID- 19 ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ ျမန္မာႏုိင္ငံကုိလာေရာက္မယ့္ ခရီးသြားေတြအေပၚ ေရာဂါႀကိဳတင္ကာကြယ္ေရး ကန္႔သတ္ခ်က္တေစာင္ကို မတ္လ ၁၅ ရက္ ညပိုင္းက ထုတ္ျပန္ခဲ့ပါတယ္။

အဲဒီထုတ္ျပန္ခ်က္ထဲမွာ ေရာဂါျဖစ္ပြားႏႈန္းတက္ေနတဲ့ တရုတ္ႏုိ္င္ငံ၊ ဟူေပျပည္နယ္နဲ႔ ေတာင္ကိုရီးယားက ဒယ္ဂူးနဲ႔ ေဂ်ာင္ဘြတ္ျပည္နယ္ေတြကုိ ၁၄ ရက္အတြင္း ခရီးသြားလာခဲ့တဲ့ ႏုိင္ငံျခားသားေတြကို ျမန္မာျပည္ထဲ ဝင္ေရာက္ခြင့္ မျပဳေတာ့ေၾကာင္း ေဖာ္ျပထားပါတယ္။

ဒါေပမဲ့ အဲဒီေဒသေတြကုိ သြားေရာက္ခဲ့တဲ့ ျမန္မာႏုိင္ငံသားေတြကုိ ျပည္ဝင္ခြင့္ေပးထားၿပီး က်န္ရွိေနေသးတဲ့ ေရာဂါျဖစ္ပြားရာေဒသက လာသူေတြကိုေတာ့ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတ္မွတ္ထားတဲ့ေနရာေတြမွာ သူတုိ႔ကိုသီးျခားထားရွိၿပီး ၁၄ ရက္တာ Quarantine လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

ေရာဂါျဖစ္ပြားမႈအမ်ားဆံုး ႏိုင္ငံ ၇ ႏိုင္ငံက ဝင္လာတဲ့ ခရီးသြားဧည့္သည္ေတြကို စီစစ္ၿပီးေတာ့ ၁၄ ရက္ သီးျခားထား အသြားအလာကန္႔သတ္မႈကိုလည္း မတ္လ ၁၅ ရက္ေန႔ကတည္းက စတင္ေဆာင္ရြက္ေနသလို၊ ေရာဂါပ်ံႏွ႔ံမႈအေနအထားအရ ေနာက္ထပ္ ႏိုင္ငံအေရအတြက္ တိုးျမွင့္သြားမယ္လို႔လည္းသိရပါတယ္။ ၁၄ ရက္ၾကာ သီးျခားခဲြေစာင့္ၾကည့္မယ့္ ႏိုင္ငံ ၇ ႏိုင္ငံကေတာ့ ေတာင္ကိုရီယား၊ တရုတ္၊ အီတလီ၊ အီရန္၊ ျပင္သစ္၊ စပိန္ နဲ႔ ဂ်ာမဏီ ႏိုင္ငံတို႔ျဖစ္ၿပီးေတာ့ သံတမန္ေတြဆိုရင္ေတာ့ ကိုယ္ေနထိုင္တဲ့ေနရာမွာပဲ သီးျခားခဲြေနထိုင္ရမွာျဖစ္ပါတယ္။

“Diplomat ေတြက်ေတာ့ သူတို႔ေတြနဲ႔ Contact လုပ္လို႔လည္းရတယ္။ Quarantine လုပ္မယ္ဆုိရင္ စည္းမ်ဥ္းစည္းကမ္းေတြကုိ ေသခ်ာလိုက္နာ ေဆာင္ရြက္မယ္ဆုိတာ ယံုၾကည္ရတယ္။ အဲဒါမ်ိဳးဆုိရင္ေတာ့ က်မတို႔က Home Quarantine လုပ္မယ္။ သာမန္လူဆုိရင္ေတာ့ ေဆးရံု Quarantine သို႔မဟုတ္ Facilities Base Quarantine ။ တခ်ိဳ႕ကုိဆို Active Surveillance လုပ္မယ္။ Active Surveillance ဆိုတာ သူတို႔တည္းခိုေနထုိင္ေနတဲ့ လိပ္စာေတြယူထားမယ္။ သူတုိ႔ရဲ႕သက္ဆုိင္ရာ ၿမိဳ႕နယ္က်န္းမာေရး ဦးစီးမွဴးကေနၿပီးေတာ့ သူတုိ႔ရဲ႕အေျခအေနေတြကို ဖုန္းဆက္ေမးျမန္းတဲ့ စနစ္လည္းရွိတယ္။”

ျမန္မာႏုိင္ငံကုိ လာမယ့္သူေတြ အေနနဲ႔ ေလယာဥ္ေပၚမတက္ခင္မွာ အပူခ်ိန္ျမင့္တာ ေခ်ာင္းဆိုးတာနဲ႔ အသက္ရွဴမဝတဲ့ လကၡဏာေတြမရွိေၾကာင္း သက္ဆိုင္ရာႏုိင္ငံေတြက အသိအမွတ္ျပဳထားတဲ့ က်န္းမာေရးအဖြဲ႕အစည္းေတြရဲ႕ ေဆးေထာက္ခံစာ ျပသဖုိ႔လိုတယ္လို႔လည္း အစိုးရညႊန္ၾကားခ်က္မွာ ပါရိွပါတယ္။

ဒီရက္ပိုင္းအတြင္းမွာ ကန္႔သတ္ႏုိင္ငံေတြကေန ဝင္ေရာက္လာသူတခ်ိဳ႕ကို ေနအိမ္ေတြကေနျပန္ေခၚၿပီး သီးျခားထားေစာင့္ၾကည့္တာေတြ လုပ္ခဲ့ပါတယ္။ မေန႔က ညႊန္ၾကားခ်က္ေၾကာင့္ ရန္ကုန္နဲ႔ မႏၱေလးေလဆိပ္ကေန ဝင္ေရာက္လာသူတခ်ိဳ႕က ၁၄ ရက္တာ သီးျခားထားေစာင့္ၾကည့္တာကို မခံလိုတာေၾကာင့္ သူတို႔ရဲ႕လာရင္းႏုိင္ငံေတြကုိ ျပန္လွည့္သြားတာေတြလည္း ရွိခဲ့ပါတယ္။

ျမန္မာျပည္တြင္းမွာ COVID- 19 ဓာတ္ခြဲအတည္ျပဳလူနာ မရွိေသးေပမယ့္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ျပည္သူေတြအေနနဲ႔ လူစုလူေဝးနဲ႔ ပြဲလမ္းသဘင္ေတြကို ေရွာင္ၾကဥ္ၾကဖို႔အပါအဝင္ ေရာဂါကာကြယ္ေရး က်န္းမာေရးအသိေပး ႏႈိးေဆာ္ခ်က္ေတြကုိ လုိက္နာေဆာင္ရြက္ၾကဖို႔ တုိက္တြန္းထားပါတယ္။

Coronavirus အႏၲရာယ္ ကာကြယ္ရန္နည္းလမ္းမ်ား
Coronavirus အႏၲရာယ္ ကာကြယ္ရန္နည္းလမ္းမ်ား

ဒီေရာဂါပုိး ကာကြယ္ႏို္င္ဖုိ႔အတြက္ လက္ကိုဆပ္ျပာနဲ႔ စနစ္တက် မၾကာခဏေဆးေပးဖုိ႔၊ ေခ်ာင္းဆုိးႏွာေခ်ရင္ ပါးစပ္အုပ္ဖုိ႔၊ တကုိယ္ေရသန္႔ရွင္းေရးကို အေလးထားၿပီး အာဟာရျပည့္ဝေအာင္ စားေသာက္ေနထုိင္ဖို႔နဲ႔ ေနမေကာင္းျဖစ္သူေတြနဲ႔ အနီးကပ္ေနထုိင္တာ ေရွာင္ၾကဥ္ဖို႔ကုိ ႏႈိးေဆာ္ထားပါတယ္။

တရုတ္ႏုိင္ငံ၊ ဟူေပျပည္နယ္၊ ဝူဟန္ၿမိဳ႕ကေန စတင္ျဖစ္ပြားခဲ့တဲ့ COVID-19 ကိုရိုနာေရာဂါပိုးဟာ အျခားႏို္င္ငံေပါင္း ၁၅၇ ႏုိင္ငံကုိ ကူးစက္ခဲ့ၿပီး ဒီကေန႔ မတ္လ ၁၆ရက္စာရင္းအရ လူေပါင္း ၁၇၀,၀၀၀ ေက်ာ္ ကူးစက္ခံေနရတာပါ။ ေသဆံုးသူကေတာ့ ၆,၆၀၀ ေက်ာ္ရွိၿပီး တရုတ္ႏုိင္ငံမွာ အမ်ားဆံုးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံဝင်လာတဲ့ ခရီးသွားတွေအတွက် COVID ကြိုတင်ကာကွယ်ရေး ထုတ်ပြန်

COVID-19 ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးသွားတွေအပေါ် ရောဂါကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်ပြီး ဆေးရုံမှာ သီးခြားခွဲထား စောင့်ကြည့်မှု Hospital Quarantine လုပ်ဆောင်ဖို့အတွက်လည်း နေရာနှစ်နေရာကို ထပ်မံတိုးချဲ့လုပ်ဆောင်နေပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ မရှိသေးပေမဲ့လည်း ဒီရောဂါစောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းတွေကို တိုးချဲ့ဆောင်ရွက်နေသလို ပြည်တွင်းကို ဝင်ရောက်လာမယ့် ခရီးသွားတွေအပေါ်ကိုလည်း ကျန်းမာရေးကန့်သတ်ချက်တွေ လုပ်ဆောင်လိုက်တာပါ။

Hospital Quarantine လုပ်ဆောင်ဖို့လိုသူတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ဆေးရုံနှစ်ခုမှာ ၁၄ ရက်တာ သီးခြားထားရှိ စောင့်ကြည့်နေပြီး နောက်ထပ်နေရာနှစ်နေရာမှာ သီးခြားထားနိုင်ဖို့အတွက် ပြင်ဆင်နေပြီလို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“ကျမတို့ Quarantine လုပ်ဖို့အတွက် ဝေဘာဂီဆေးရုံမှာတော့ တချို့တွေကို Quarantine လုပ်တယ်။ ပြီးရင် တောင်ဥက္ကလာ အမျိုးသမီးနဲ့ ကလေးဆေးရုံမှာ လုပ်တယ်။ ပြီးရင် လှည်းကူးကွင်းဆင်း သင်တန်းကျောင်းမှာလုပ်ဖို့အတွက်လည်း ဒီနေ့ဆိုရင် တော်တော်ပြင်ဆင်ပြီးပြီ။ နောက် သိမ်ဖြူကွင်းမှာရှိတဲ့ ကျမတို့ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနပိုင် အဆောက်အအုံတွေမှာလည်း လုပ်ဖို့ရှိတယ်ပေါ့နော်။ ဒါဆိုဘယ်မှာလုပ်မလဲ ဘယ်သူတွေကို ဘယ်ပို့မလဲ ဒါကတော့ လူနာအနည်းအများပေါ် မူတည်တာပေါ့။”

COVID- 19 ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံကိုလာရောက်မယ့် ခရီးသွားတွေအပေါ် ရောဂါကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်တစောင်ကို မတ်လ ၁၅ ရက် ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ရောဂါဖြစ်ပွားနှုန်းတက်နေတဲ့ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်နဲ့ တောင်ကိုရီးယားက ဒယ်ဂူးနဲ့ ဂျောင်ဘွတ်ပြည်နယ်တွေကို ၁၄ ရက်အတွင်း ခရီးသွားလာခဲ့တဲ့ နိုင်ငံခြားသားတွေကို မြန်မာပြည်ထဲ ဝင်ရောက်ခွင့် မပြုတော့ကြောင်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ အဲဒီဒေသတွေကို သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပေးထားပြီး ကျန်ရှိနေသေးတဲ့ ရောဂါဖြစ်ပွားရာဒေသက လာသူတွေကိုတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့နေရာတွေမှာ သူတို့ကိုသီးခြားထားရှိပြီး ၁၄ ရက်တာ Quarantine လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံ ၇ နိုင်ငံက ဝင်လာတဲ့ ခရီးသွားဧည့်သည်တွေကို စီစစ်ပြီးတော့ ၁၄ ရက် သီးခြားထား အသွားအလာကန့်သတ်မှုကိုလည်း မတ်လ ၁၅ ရက်နေ့ကတည်းက စတင်ဆောင်ရွက်နေသလို၊ ရောဂါပျံနှံ့မှုအနေအထားအရ နောက်ထပ် နိုင်ငံအရေအတွက် တိုးမြှင့်သွားမယ်လို့လည်းသိရပါတယ်။ ၁၄ ရက်ကြာ သီးခြားခွဲစောင့်ကြည့်မယ့် နိုင်ငံ ၇ နိုင်ငံကတော့ တောင်ကိုရီယား၊ တရုတ်၊ အီတလီ၊ အီရန်၊ ပြင်သစ်၊ စပိန် နဲ့ ဂျာမဏီ နိုင်ငံတို့ဖြစ်ပြီးတော့ သံတမန်တွေဆိုရင်တော့ ကိုယ်နေထိုင်တဲ့နေရာမှာပဲ သီးခြားခွဲနေထိုင်ရမှာဖြစ်ပါတယ်။

“Diplomat တွေကျတော့ သူတို့တွေနဲ့ Contact လုပ်လို့လည်းရတယ်။ Quarantine လုပ်မယ်ဆိုရင် စည်းမျဉ်းစည်းကမ်းတွေကို သေချာလိုက်နာ ဆောင်ရွက်မယ်ဆိုတာ ယုံကြည်ရတယ်။ အဲဒါမျိုးဆိုရင်တော့ ကျမတို့က Home Quarantine လုပ်မယ်။ သာမန်လူဆိုရင်တော့ ဆေးရုံ Quarantine သို့မဟုတ် Facilities Base Quarantine ။ တချို့ကိုဆို Active Surveillance လုပ်မယ်။ Active Surveillance ဆိုတာ သူတို့တည်းခိုနေထိုင်နေတဲ့ လိပ်စာတွေယူထားမယ်။ သူတို့ရဲ့သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေး ဦးစီးမှူးကနေပြီးတော့ သူတို့ရဲ့အခြေအနေတွေကို ဖုန်းဆက်မေးမြန်းတဲ့ စနစ်လည်းရှိတယ်။”

မြန်မာနိုင်ငံကို လာမယ့်သူတွေ အနေနဲ့ လေယာဉ်ပေါ်မတက်ခင်မှာ အပူချိန်မြင့်တာ ချောင်းဆိုးတာနဲ့ အသက်ရှူမဝတဲ့ လက္ခဏာတွေမရှိကြောင်း သက်ဆိုင်ရာနိုင်ငံတွေက အသိအမှတ်ပြုထားတဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ ဆေးထောက်ခံစာ ပြသဖို့လိုတယ်လို့လည်း အစိုးရညွှန်ကြားချက်မှာ ပါရှိပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ ကန့်သတ်နိုင်ငံတွေကနေ ဝင်ရောက်လာသူတချို့ကို နေအိမ်တွေကနေပြန်ခေါ်ပြီး သီးခြားထားစောင့်ကြည့်တာတွေ လုပ်ခဲ့ပါတယ်။ မနေ့က ညွှန်ကြားချက်ကြောင့် ရန်ကုန်နဲ့ မန္တလေးလေဆိပ်ကနေ ဝင်ရောက်လာသူတချို့က ၁၄ ရက်တာ သီးခြားထားစောင့်ကြည့်တာကို မခံလိုတာကြောင့် သူတို့ရဲ့လာရင်းနိုင်ငံတွေကို ပြန်လှည့်သွားတာတွေလည်း ရှိခဲ့ပါတယ်။

မြန်မာပြည်တွင်းမှာ COVID- 19 ဓာတ်ခွဲအတည်ပြုလူနာ မရှိသေးပေမယ့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြည်သူတွေအနေနဲ့ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကို ရှောင်ကြဉ်ကြဖို့အပါအဝင် ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပေး နှိုးဆော်ချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒီရောဂါပိုး ကာကွယ်နိုင်ဖို့အတွက် လက်ကိုဆပ်ပြာနဲ့ စနစ်တကျ မကြာခဏဆေးပေးဖို့၊ ချောင်းဆိုးနှာချေရင် ပါးစပ်အုပ်ဖို့၊ တကိုယ်ရေသန့်ရှင်းရေးကို အလေးထားပြီး အာဟာရပြည့်ဝအောင် စားသောက်နေထိုင်ဖို့နဲ့ နေမကောင်းဖြစ်သူတွေနဲ့ အနီးကပ်နေထိုင်တာ ရှောင်ကြဉ်ဖို့ကို နှိုးဆော်ထားပါတယ်။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၁၅၇ နိုင်ငံကို ကူးစက်ခဲ့ပြီး ဒီကနေ့ မတ်လ ၁၆ရက်စာရင်းအရ လူပေါင်း ၁၇၀,၀၀၀ ကျော် ကူးစက်ခံနေရတာပါ။ သေဆုံးသူကတော့ ၆,၆၀၀ ကျော်ရှိပြီး တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG