(Zawgyi/Unicode)
အေရွ႕ေတာင္အာရွတုိက္တြင္း Coronavirus အရွိန္ျမင့္ ကူးစက္ ပ်ံ႔ ႏွံ႔ေနေပမယ့္ ဒီဗုိင္းရပ္စ္ပုိး စတင္ေတြ႔ရွိတဲ့ တရုတ္ႏုိင္ငံနဲ႔ ရွည္လ်ားတဲ့ နယ္နိမိတ္ျခင္း ထိစပ္မႈေတြ ရွိေနတဲ့ ျမန္မာနဲ႔ လာအုိႏုိင္ငံတုိ႔မွာေတာ့ အခုခ်ိန္ထိ ဗုိင္းရပ္စ္ပုိး ကူးစက္သူ တေယာက္မွမရွိေသးဘူးလုိ႔ ေျပာဆုိေနတဲ့အေပၚ စုိးရိမ္မႈေတြ ရွိေနတဲ့အေၾကာင္း The Straits Times သတင္းမွာ ေဖာ္ျပထားပါတယ္။
အခုခ်ိန္ထိ ဗုိင္းရပ္စ္ပုိး ကူးစက္တယ္လုိ႔ သံသယရွိသူေတြအားလုံးမွာ ေရာဂါပုိး ကူးစက္ေနျခင္း မရွိတာကုိ ေတြ႔ရတယ္လုိ႔ ႏွစ္ႏုိင္ငံစလုံးက ေျပာေနၾကတာပါ။ ဒါေပမယ့္ ႏွစ္ႏုိင္ငံေပါင္း လူဦးေရ သန္း ၆၀ ေလာက္ရွိတဲ့ ဒီတုိင္းျပည္ေတြမွာ Coronavirus ရွိမရွိ ဓါတ္ခြဲ စမ္းသပ္မႈေတြ ၃၀၀ ေလာက္ဘဲ ျပဳလုပ္ႏုိင္ခဲ့တယ္လုိ႔ ဆုိပါတယ္။
ျမန္မာႏုိ္င္ငံမွာ Coronavirus ရွိတယ္ဆုိတဲ့ သံသယနဲ႔ သီးျခား ေစာင့္ၾကည့္ခံရသူ အနည္းဆုံး ၈ ဦးေလာက္ ေသဆုံးသြားခဲ့ၿပီး ျဖစ္တာေၾကာင့္ အစုိးရက ေရာဂါပုိးကူးစက္သူမရွိေၾကာင့္ စိတ္သက္သာရာရဖုိ႔ ေျပာဆုိေနမႈေတြဟာလည္း ထိေရာက္မႈမရွိဘူးလုိ႔ ဆုိပါတယ္။ ဒါေၾကာင့္လည္း မၾကာေသးခင္ ရက္ပုိင္းအတြင္းက ရန္ကုန္နဲ႔ မႏၱေလး စတဲ့ ၿမိဳ႕ႀကီးေတြမွာ စုိးရိမ္စိတ္နဲ႔ ေစ်းေတြ အလုအယက္ ၀ယ္ယူမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။
အိမ္နီးႏုိင္ငံေတြအပါအ၀င္ တကမၻာလုံးအတုိင္းအတာနဲ႔ Covid-19 ကူးစက္ ပ်ံ ႔ႏွံ႔ေနတာေၾကာင့္ ျမန္မာနဲ႔ လာအုိ ႏွစ္ႏုိင္ငံစလုံးကလည္း စာသင္ေက်ာင္းေတြ ပိတ္ပစ္တာ၊ ေဆးရုံေတြအေနနဲ႔ အသင့္အေနအထားနဲ႔ ရွိေနေစတာေတြကုိ လုပ္ေဆာင္ခဲ့တယ္လုိ႔ ဆုိပါတယ္။
.................
မြန်မာနဲ့ လာအိုတို့က COVID-19 မရှိဟု ပြောသည့်အပေါ် စိုးရိမ်မှုတွေရှိ
(Unicode)
အရှေ့တောင်အာရှတိုက်တွင်း Coronavirus အရှိန်မြင့် ကူးစက် ပျံ့ နှံ့နေပေမယ့် ဒီဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိတဲ့ တရုတ်နိုင်ငံနဲ့ ရှည်လျားတဲ့ နယ်နိမိတ်ခြင်း ထိစပ်မှုတွေ ရှိနေတဲ့ မြန်မာနဲ့ လာအိုနိုင်ငံတို့မှာတော့ အခုချိန်ထိ ဗိုင်းရပ်စ်ပိုး ကူးစက်သူ တယောက်မှမရှိသေးဘူးလို့ ပြောဆိုနေတဲ့အပေါ် စိုးရိမ်မှုတွေ ရှိနေတဲ့အကြောင်း The Straits Times သတင်းမှာ ဖော်ပြထားပါတယ်။
အခုချိန်ထိ ဗိုင်းရပ်စ်ပိုး ကူးစက်တယ်လို့ သံသယရှိသူတွေအားလုံးမှာ ရောဂါပိုး ကူးစက်နေခြင်း မရှိတာကို တွေ့ရတယ်လို့ နှစ်နိုင်ငံစလုံးက ပြောနေကြတာပါ။ ဒါပေမယ့် နှစ်နိုင်ငံပေါင်း လူဦးရေ သန်း ၆၀ လောက်ရှိတဲ့ ဒီတိုင်းပြည်တွေမှာ Coronavirus ရှိမရှိ ဓါတ်ခွဲ စမ်းသပ်မှုတွေ ၃၀၀ လောက်ဘဲ ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ Coronavirus ရှိတယ်ဆိုတဲ့ သံသယနဲ့ သီးခြား စောင့်ကြည့်ခံရသူ အနည်းဆုံး ၈ ဦးလောက် သေဆုံးသွားခဲ့ပြီး ဖြစ်တာကြောင့် အစိုးရက ရောဂါပိုးကူးစက်သူမရှိကြောင့် စိတ်သက်သာရာရဖို့ ပြောဆိုနေမှုတွေဟာလည်း ထိရောက်မှုမရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း မကြာသေးခင် ရက်ပိုင်းအတွင်းက ရန်ကုန်နဲ့ မန္တလေး စတဲ့ မြို့ကြီးတွေမှာ စိုးရိမ်စိတ်နဲ့ ဈေးတွေ အလုအယက် ဝယ်ယူမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အိမ်နီးနိုင်ငံတွေအပါအဝင် တကမ္ဘာလုံးအတိုင်းအတာနဲ့ Covid-19 ကူးစက် ပျံ့နှံ့နေတာကြောင့် မြန်မာနဲ့ လာအို နှစ်နိုင်ငံစလုံးကလည်း စာသင်ကျောင်းတွေ ပိတ်ပစ်တာ၊ ဆေးရုံတွေအနေနဲ့ အသင့်အနေအထားနဲ့ ရှိနေစေတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။