သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ေစာင့္ၾကည့္လူနာေတြထဲ ေသဆံုးသူ ၈ ဦး ရွိၿပီ


မႏၱေလး ေဆးရံု (မွတ္တမ္းဓာတ္ပံု - ေဖေဖာ္၀ါရီ ၀၂၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံတြင္းမွာ COVID-19 သံသယနဲ႔ ေစာင့္ၾကည့္ခံရတဲ့ စာရင္းထဲက ေသဆံုးခဲ့သူဟာ ၈ ဦး ရွိသြားပါၿပီ။ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ထဲက ေသဆံုးသူ တဦးကိုေတာ့ ေသဆံုးၿပီးမွ ေရာဂါပိုးရိွႏုိင္တယ္ဆိုတဲ့ သံသယနဲ႔ ဓာတ္ခဲြစမ္းသပ္မႈ လုပ္ခဲ့ပါတယ္။ ျမန္မာႏုိင္ငံတြင္းမွာ ကိုရုိနာေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ မေတြ႕ရွိေသးေပမဲ့ ေရာဂါကာကြယ္ေရးအတြက္ က်န္းမာေရးဌာနတာဝန္ရွိသူေတြက အထူးၾကပ္မတ္ေဆာင္ရြက္ေနတယ္လုိ႔ ဆုိပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကို ဗီြအိုေအသတင္းေထာက္ စုစုက ေျပာျပသြားမွာပါ။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ မေန႔ညက ထုတ္ျပန္ခ်က္ထဲမွာ ႀကိဳ႕ပင္ေကာက္ၿမိဳ႕က ပုဂၢလိကေဆးရံုတခုမွာ တက္ေရာက္ကုသေနတဲ့ အသက္ ၇၁ ႏွစ္အရြယ္ အမ်ိဳးသမီးဟာ နာတာရွည္အဆုတ္ပြေရာဂါအခံနဲ႔ လတ္တေလာအသက္ရွဴလမ္းေၾကာင္းဆုိင္ရာ ပိုးဝင္တာေတြေၾကာင့္ ေသဆံုးခဲ့တယ္လို႔ ေဖာ္ျပခ်က္အရ သိရပါတယ္။

❍ ေထာင္ေတြထဲ အက်ဥ္းသားမ်ားလြန္းတာေၾကာင့္ COVID-19 အႏၲရာယ္ စိုးရိမ္ဖြယ္ရွိတဲ့အေၾကာင္းလည္း ဖတ္ႏိုင္ပါၿပီ။

အဲဒီအမ်ိဳးသမီးကို COVID-19 သံသယရွိသူအျဖစ္ သတ္မွတ္ထားတာ မရွိေပမဲ့ သူေသဆံုးခ်ိန္မွာေတာ့ ဓာတ္ခြဲနမူနာကို ရယူၿပီး ကိုရုိနာေရာဂါပိုးရွိ၊ မရွိဆိုတာကို သိရွိႏို္င္ဖုိ႔အတြက္ စစ္ေဆးေဆာင္ရြက္ေနပါတယ္။ ဒီလူနာကို သံသယနဲ႔ ေစာင့္ၾကည့္လူနာအျဖစ္ မသတ္မွတ္ေပမဲ့လည္း အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါနဲ႔ ေသဆံုးခဲ့တာျဖစ္လုိ႔ အခုလိုဓာတ္ခြဲနမူနာေပးပို႔ စစ္ေဆးတာျဖစ္တယ္လို႔ ဗဟုိကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာနက ညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက အခုလိုရွင္းျပပါတယ္။

“ေသဆံုးတဲ့လူနာက ေရာဂါျဖစ္ပြားလ်က္ရွိတဲ့ ႏုိင္ငံကို ခရီးသြားခဲ့တဲ့ ရာဇဝင္လည္းမရွိဘူး။ ေရာဂါျဖစ္သူနဲ႔လည္း နီးစပ္ထိေတြ႕တာမ်ိဳး မရွိဘူး။ ဒါေပမဲ့ အဲဒီေသဆံုးလူနာဆီက နမူနာရယူၿပီးေတာ့ ပို႔တယ္ဆုိတာ သူကေစာင့္ၾကည့္လူနာထဲေတာ့ မပါဘူး။ ဒါေပမဲ့ အသက္ရွဴလမ္းေၾကာင္းနဲ႔ ဆုိင္တဲ့ေရာဂါဆုိတာ ဘတ္တီးရီးယားေၾကာင့္လည္း ျဖစ္ႏုိင္တယ္၊ ဗုိင္းရပ္စ္ေၾကာင့္လည္း ျဖစ္ႏုိင္တယ္။ တနည္းအားျဖင့္ဆိုရင္ က်မတို႔အေနနဲ႔ ဒါက သံသယလူနာ၊ ေစာင့္ၾကည့္လူနာထဲမွာ မပါေပမဲ့ သူ႔ဆီကနမူနာကို က်မတုိ႔ ရယူၿပီးေတာ့ ေပးပို႔စစ္ေဆးျခင္းအားျဖင့္ အကယ္၍ သူက Negative ျဖစ္တယ္ဆိုရင္ ဒါကိုရွင္းရွင္းလင္းလင္း ျပည္သူေတြ သိရွိသြားမယ္ေပါ့ေနာ္။ တကယ္လို႔သာ သူဟာ Positive ျဖစ္ေနမယ္ဆုိရင္ သူ႔ရဲ႕မိသားစုဝင္ေတြ၊ သူတက္ခဲ့တဲ့ေဆးရံုကလူေတြကို က်မတုိ႔အေနနဲ႔ လိုအပ္္တာေတြ ဆက္လုပ္ဖို႔ ရည္ရြယ္ပါတယ္၊ ဒါေၾကာင့္ပါ။”

COVID-19 သံသယနဲ႔ ေစာင့္ၾကည့္လူနာေတြ ေသဆံုးလာတာဟာ အခုလ ၅ ရက္ေန႔ကေန မေန႔က ထုတ္ျပန္ခ်ိန္အထိဆို ၈ ဦး ရွိခဲ့ၿပီး သူတို႔အားလံုးဟာ နဂုိေရာဂါအခံရွိသူေတြျဖစ္တယ္လို႔လည္း ေဖာ္ျပထားၿပီးျဖစ္ပါတယ္။ ကိုယ္တိုင္က က်န္းမာေရးေကာင္းမြန္ေနေပမယ့္လည္း အခုလိုအခ်ိန္မွာ လူထူထပ္တဲ့ေနရာကို မသြားသင့္ေၾကာင္း ေဒါက္တာခင္ခင္ႀကီးက ေျပာထားပါတယ္။

“က်မတို႔ ႏိုင္ငံအေနနဲ႔လည္း လိုအပ္တဲ့ကိစၥရပ္ေတြကုိ အထူးအေလးေပးၿပီး ေဆာင္ရြက္ေနပါတယ္။ လက္ရွိမွာလည္း နယ္စပ္ဝင္ေပါက္ ထြက္ေပါက္ေတြက ဝင္လာသူေတြကုိ ေသခ်ာစစ္ေဆးေနသလို ေလဆိပ္ကေန ဝင္လာသူေတြကုိလည္း ၾကပ္ၾကပ္မတ္မတ္ ေဆာင္ရြက္ေနပါတယ္။ ဒါေၾကာင့္မုိ႔ ျပည္သူေတြကိုေျပာခ်င္တာကေတာ့ မိမိက ကုိယ္ခံအားေကာင္းတယ္၊ အသက္ကငယ္တယ္၊ ေရာဂါကိုလည္း ခံႏုိင္ရည္ရွိတယ္။ အဲဒါေၾကာင့္ ဒီေရာဂါကူးစက္မႈကို အျပင္းအထန္မခံစားရဘဲ သာမန္လကၡဏာရွိေပမယ့္လို႔ ကိုယ္ကေနတဆင့္ အိမ္မွာရွိတဲ့မိဘေတြ၊ အဖုိးအဖြားေတြကို ကူးစက္တဲ့အခါ သူတုိ႔ေတြမွာ ဆိုးဆုိးရြားရြားခံစားႏုိင္တဲ့အတြက္ လူအုပ္စုေတြကုိေရွာင္ဖို႔ လူအုပ္စုထဲမသြားဖုိ႔အတြက္ ျပည္သူေတြကုိ အထူးပန္ၾကားလိုပါတယ္။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ေသဆံုးသူ စာရင္းေတြအရ ရွမ္းျပည္ေတာင္ပိုင္းက အသက္ ၃၄ ႏွစ္အရြယ္ အမ်ိဳးသား၊ ရခိုင္ျပည္နယ္က အသက္ ၄၀ အရြယ္ အမ်ိဳးသား၊ မႏၱေလးက အသက္ ၆၈ ႏွစ္အရြယ္ အမ်ိဳးသမီးနဲ႔ ၂၂ ႏွစ္အရြယ္ အမ်ိဳးသမီးအပါအဝင္၊ မေကြးတုိင္းက အသက္ ၉လအရြယ္ ကေလးငယ္နဲ႔ ရန္ကုန္က အသက္ ၄၀ အရြယ္အမ်ိဳးသားတုိ႔မွာ ကိုရိုနာေရာဂါပိုး မရွိေၾကာင္း အတည္ျပဳထားၿပီးျဖစ္ပါတယ္။

က်န္ရွိေနေသးတဲ့ ရွမ္းျပည္အေရွ႕ပုိင္းက အသက္ ၃၀ အရြယ္ အမ်ိဳးသားနဲ႔ ပဲခူးတိုင္းက အသက္ ၇၄ ႏွစ္အရြယ္ အမ်ိဳးသား အပါအဝင္ ၇၁ ႏွစ္အရြယ္ အမ်ိဳးသမီး၊ သူတို႔ သံုးဦးရဲ႕ ဓာတ္ခြဲနမူနာကိုေတာ့ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာနကို ေပးပို႔ထားၿပီး ေရာဂါရွိ မရွိဆုိတာ ဒီကေန႔ညမွာ ထုတ္ျပန္ႏုိင္မယ္လို႔ က်န္းမာေရးဌာန တာဝန္ရွိသူကေျပာထားပါတယ္။

Coronavirus အႏၲရာယ္ ကာကြယ္ရန္နည္းလမ္းမ်ား
Coronavirus အႏၲရာယ္ ကာကြယ္ရန္နည္းလမ္းမ်ား

ျပည္သူလူထုအေနနဲ႔ လူထူထပ္တဲ့ေနရာေတြ မသြားဖို႔၊ လက္နဲ႔ မ်က္ႏွာနဲ႔ ႏွာေခါင္း၊ ပါးစပ္တုိ႔ကို မထိဖုိ႔၊ ေခ်ာင္းဆုိးႏွာေခ်ရင္ အုပ္စိုးဖို႔အပါအဝင္၊ လက္ကိုဆပ္ျပာနဲ႔ နည္းစနစ္တက် ေသခ်ာေဆးေၾကာေပးဖို႔နဲ႔ ကိုယ္ခံအားေကာင္းေအာင္ ေနထုိင္ဖုိ႔ကို သတိေပးထားပါတယ္။

COVID-19 ကိုရိုနာေရာဂါပုိးဟာ ႏုိင္ငံေပါင္း ၁၈၁ ႏုိင္ငံကုိ ကူးစက္ခဲ့ၿပီး ဒီကေန႔စာရင္းေတြအရ လူေပါင္း ၂၄၀,၀၀၀ ေက်ာ္ကို ကူးစက္ခဲ့တာပါ။ စုစုေပါင္းေသဆံုးသူကေတာ့ ၁၀,၀၀၀ ေက်ာ္အထိ ရွိသြားပါၿပီ။

ျမန္မာနုိင္ငံတြင္းမွာေတာ့ အခုအခ်ိန္အထိ ကိုရိုနာေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ မေတြ႕ရွိေသးေပမဲ့လို႔ အခ်ိန္မေရြး အစုလိုက္အျပံဳလိုက္ ကူးစက္လာႏုိင္တာေၾကာင့္ ျပည္သူလူထုအေနနဲ႔လည္း ဒီေရာဂါႀကိဳတင္ကာကြယ္ေရးအတြက္ တာဝန္ရွိသူေတြကညႊန္ၾကားထားတဲ့ အခ်က္ေတြကို ပါဝင္လုိက္နာၾကဖို႔ လိုေနတယ္လုိ႔ က်န္းမာေရးဌာနတာဝန္ရွိသူေတြက သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ COVID-19 စောင့်ကြည့်လူနာတွေထဲ သေဆုံးသူ ၈ ဦး ရှိပြီ

မြန်မာနိုင်ငံတွင်းမှာ COVID-19 သံသယနဲ့ စောင့်ကြည့်ခံရတဲ့ စာရင်းထဲက သေဆုံးခဲ့သူဟာ ၈ ဦး ရှိသွားပါပြီ။ ကြို့ပင်ကောက်မြို့နယ်ထဲက သေဆုံးသူ တဦးကိုတော့ သေဆုံးပြီးမှ ရောဂါပိုးရှိနိုင်တယ်ဆိုတဲ့ သံသယနဲ့ ဓာတ်ခွဲစမ်းသပ်မှု လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ကိုရိုနာရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးပေမဲ့ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဌာနတာဝန်ရှိသူတွေက အထူးကြပ်မတ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက ပြောပြသွားမှာပါ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ညက ထုတ်ပြန်ချက်ထဲမှာ ကြို့ပင်ကောက်မြို့က ပုဂ္ဂလိကဆေးရုံတခုမှာ တက်ရောက်ကုသနေတဲ့ အသက် ၇၁ နှစ်အရွယ် အမျိုးသမီးဟာ နာတာရှည်အဆုတ်ပွရောဂါအခံနဲ့ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်တာတွေကြောင့် သေဆုံးခဲ့တယ်လို့ ဖော်ပြချက်အရ သိရပါတယ်။

❍ ထောင်တွေထဲ အကျဉ်းသားများလွန်းတာကြောင့် COVID-19 အန္တရာယ် စိုးရိမ်ဖွယ်ရှိတဲ့အကြောင်းလည်း ဖတ်နိုင်ပါပြီ။

အဲဒီအမျိုးသမီးကို COVID-19 သံသယရှိသူအဖြစ် သတ်မှတ်ထားတာ မရှိပေမဲ့ သူသေဆုံးချိန်မှာတော့ ဓာတ်ခွဲနမူနာကို ရယူပြီး ကိုရိုနာရောဂါပိုးရှိ၊ မရှိဆိုတာကို သိရှိနိုင်ဖို့အတွက် စစ်ဆေးဆောင်ရွက်နေပါတယ်။ ဒီလူနာကို သံသယနဲ့ စောင့်ကြည့်လူနာအဖြစ် မသတ်မှတ်ပေမဲ့လည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ သေဆုံးခဲ့တာဖြစ်လို့ အခုလိုဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးတာဖြစ်တယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက အခုလိုရှင်းပြပါတယ်။

“သေဆုံးတဲ့လူနာက ရောဂါဖြစ်ပွားလျက်ရှိတဲ့ နိုင်ငံကို ခရီးသွားခဲ့တဲ့ ရာဇဝင်လည်းမရှိဘူး။ ရောဂါဖြစ်သူနဲ့လည်း နီးစပ်ထိတွေ့တာမျိုး မရှိဘူး။ ဒါပေမဲ့ အဲဒီသေဆုံးလူနာဆီက နမူနာရယူပြီးတော့ ပို့တယ်ဆိုတာ သူကစောင့်ကြည့်လူနာထဲတော့ မပါဘူး။ ဒါပေမဲ့ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ရောဂါဆိုတာ ဘတ်တီးရီးယားကြောင့်လည်း ဖြစ်နိုင်တယ်၊ ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်နိုင်တယ်။ တနည်းအားဖြင့်ဆိုရင် ကျမတို့အနေနဲ့ ဒါက သံသယလူနာ၊ စောင့်ကြည့်လူနာထဲမှာ မပါပေမဲ့ သူ့ဆီကနမူနာကို ကျမတို့ ရယူပြီးတော့ ပေးပို့စစ်ဆေးခြင်းအားဖြင့် အကယ်၍ သူက Negative ဖြစ်တယ်ဆိုရင် ဒါကိုရှင်းရှင်းလင်းလင်း ပြည်သူတွေ သိရှိသွားမယ်ပေါ့နော်။ တကယ်လို့သာ သူဟာ Positive ဖြစ်နေမယ်ဆိုရင် သူ့ရဲ့မိသားစုဝင်တွေ၊ သူတက်ခဲ့တဲ့ဆေးရုံကလူတွေကို ကျမတို့အနေနဲ့ လိုအပ်တာတွေ ဆက်လုပ်ဖို့ ရည်ရွယ်ပါတယ်၊ ဒါကြောင့်ပါ။”

COVID-19 သံသယနဲ့ စောင့်ကြည့်လူနာတွေ သေဆုံးလာတာဟာ အခုလ ၅ ရက်နေ့ကနေ မနေ့က ထုတ်ပြန်ချိန်အထိဆို ၈ ဦး ရှိခဲ့ပြီး သူတို့အားလုံးဟာ နဂိုရောဂါအခံရှိသူတွေဖြစ်တယ်လို့လည်း ဖော်ပြထားပြီးဖြစ်ပါတယ်။ ကိုယ်တိုင်က ကျန်းမာရေးကောင်းမွန်နေပေမယ့်လည်း အခုလိုအချိန်မှာ လူထူထပ်တဲ့နေရာကို မသွားသင့်ကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောထားပါတယ်။

“ကျမတို့ နိုင်ငံအနေနဲ့လည်း လိုအပ်တဲ့ကိစ္စရပ်တွေကို အထူးအလေးပေးပြီး ဆောင်ရွက်နေပါတယ်။ လက်ရှိမှာလည်း နယ်စပ်ဝင်ပေါက် ထွက်ပေါက်တွေက ဝင်လာသူတွေကို သေချာစစ်ဆေးနေသလို လေဆိပ်ကနေ ဝင်လာသူတွေကိုလည်း ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေကိုပြောချင်တာကတော့ မိမိက ကိုယ်ခံအားကောင်းတယ်၊ အသက်ကငယ်တယ်၊ ရောဂါကိုလည်း ခံနိုင်ရည်ရှိတယ်။ အဲဒါကြောင့် ဒီရောဂါကူးစက်မှုကို အပြင်းအထန်မခံစားရဘဲ သာမန်လက္ခဏာရှိပေမယ့်လို့ ကိုယ်ကနေတဆင့် အိမ်မှာရှိတဲ့မိဘတွေ၊ အဖိုးအဖွားတွေကို ကူးစက်တဲ့အခါ သူတို့တွေမှာ ဆိုးဆိုးရွားရွားခံစားနိုင်တဲ့အတွက် လူအုပ်စုတွေကိုရှောင်ဖို့ လူအုပ်စုထဲမသွားဖို့အတွက် ပြည်သူတွေကို အထူးပန်ကြားလိုပါတယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သေဆုံးသူ စာရင်းတွေအရ ရှမ်းပြည်တောင်ပိုင်းက အသက် ၃၄ နှစ်အရွယ် အမျိုးသား၊ ရခိုင်ပြည်နယ်က အသက် ၄၀ အရွယ် အမျိုးသား၊ မန္တလေးက အသက် ၆၈ နှစ်အရွယ် အမျိုးသမီးနဲ့ ၂၂ နှစ်အရွယ် အမျိုးသမီးအပါအဝင်၊ မကွေးတိုင်းက အသက် ၉လအရွယ် ကလေးငယ်နဲ့ ရန်ကုန်က အသက် ၄၀ အရွယ်အမျိုးသားတို့မှာ ကိုရိုနာရောဂါပိုး မရှိကြောင်း အတည်ပြုထားပြီးဖြစ်ပါတယ်။

ကျန်ရှိနေသေးတဲ့ ရှမ်းပြည်အရှေ့ပိုင်းက အသက် ၃၀ အရွယ် အမျိုးသားနဲ့ ပဲခူးတိုင်းက အသက် ၇၄ နှစ်အရွယ် အမျိုးသား အပါအဝင် ၇၁ နှစ်အရွယ် အမျိုးသမီး၊ သူတို့ သုံးဦးရဲ့ ဓာတ်ခွဲနမူနာကိုတော့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနကို ပေးပို့ထားပြီး ရောဂါရှိ မရှိဆိုတာ ဒီကနေ့ညမှာ ထုတ်ပြန်နိုင်မယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူကပြောထားပါတယ်။

ပြည်သူလူထုအနေနဲ့ လူထူထပ်တဲ့နေရာတွေ မသွားဖို့၊ လက်နဲ့ မျက်နှာနဲ့ နှာခေါင်း၊ ပါးစပ်တို့ကို မထိဖို့၊ ချောင်းဆိုးနှာချေရင် အုပ်စိုးဖို့အပါအဝင်၊ လက်ကိုဆပ်ပြာနဲ့ နည်းစနစ်တကျ သေချာဆေးကြောပေးဖို့နဲ့ ကိုယ်ခံအားကောင်းအောင် နေထိုင်ဖို့ကို သတိပေးထားပါတယ်။

COVID-19 ကိုရိုနာရောဂါပိုးဟာ နိုင်ငံပေါင်း ၁၈၁ နိုင်ငံကို ကူးစက်ခဲ့ပြီး ဒီကနေ့စာရင်းတွေအရ လူပေါင်း ၂၄၀,၀၀၀ ကျော်ကို ကူးစက်ခဲ့တာပါ။ စုစုပေါင်းသေဆုံးသူကတော့ ၁၀,၀၀၀ ကျော်အထိ ရှိသွားပါပြီ။

မြန်မာနိုင်ငံတွင်းမှာတော့ အခုအချိန်အထိ ကိုရိုနာရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးပေမဲ့လို့ အချိန်မရွေး အစုလိုက်အပြုံလိုက် ကူးစက်လာနိုင်တာကြောင့် ပြည်သူလူထုအနေနဲ့လည်း ဒီရောဂါကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူတွေကညွှန်ကြားထားတဲ့ အချက်တွေကို ပါဝင်လိုက်နာကြဖို့ လိုနေတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူတွေက သတိပေးထားပါတယ်။

XS
SM
MD
LG