သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သီးသန္႔ထား ေစာင့္ၾကည့္မႈ WHO သတ္မွတ္ခ်က္နဲ႔အညီ ျမန္မာလုပ္ေဆာင္ေန


ေစာင့္ၾကည့္လူနာမ်ား ထားရွိမည့္ ေတာင္ဥကၠလာပ အမ်ဳိးသမီးႏွင့္ ကေလးေဆးရုံတြင္ ျပင္ဆင္ထားမႈမ်ား ၾကည့္႐ႈေနသည့္ က်န္းမာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြး။ (မတ္ ၂၁၊ ၂၀၂၀၊ ဓာတ္ပုံ - က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန)

(Zawgyi / Unicode)

ကမာၻ႔ကပ္ေရာဂါ COVID-19 ကူးစက္ျပန္႔ပြားမႈ အႏၱရာယ္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားေနတဲ့ ႏုိင္ငံေတြက ျပန္လာသူေတြ အပါအဝင္ ကူးစက္သူေတြနဲ႔ ထိေတြ႔ခဲ့သူေတြကို ေဆး႐ံုေတြ ေနအိမ္ေတြမွာ သီးသန္႔ထား Quarantine ေစာင့္ၾကည့္စစ္ေဆးမႈေတြကို ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ရဲ႕ သတ္မွတ္ခ်က္နဲ႔အညီ ေဆာင္ရြက္ေနပါတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန ဗဟိုကူးစက္မႈတိုက္ဖ်က္ေရးဌာန တာဝန္ရွိသူက ေျပာဆိုလိုက္ပါတယ္။ အခုဆိုရင္ အမ်ားျပည္သူ သြားလာလႈပ္ရွားတဲ့ ေနရာေတြမွာ ပိုးသတ္ေဆးဖ်န္းတာ၊ လူတဦးခ်င္းစီျခား အကြာအေဝးသတ္မွတ္တာ အပါအဝင္ လက္ေဆးႏုိင္တဲ့ေနရာေတြ ဖန္တီးေပးထားတာေတြကိုလည္း ႀကိဳတင္ကာကြယ္ က်န္းမာေရး ပညာေပးေနတယ္လို႔ ဦးေဆာင္လႈပ္ရွားေနတဲ့ ဆရာဝန္ေတြက ေျပာပါတယ္။ အျပည့္အစုံကို မဆုမြန္က ဆက္သြယ္ေမးျမန္းၿပီး တင္ျပေပးထားပါတယ္။

ကမာၻ႔လံုးဆိုင္ရာ အေရးေပၚ က်န္းမာေရးအေျခအေန ကမာၻ႔ကပ္ေရာဂါ COVID-19 ကို႐ိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ အေမရိကန္ျပည္ေထာင္စု အပါအဝင္ ကမာၻတဝွမ္း ႏုိင္ငံအမ်ားစု ကူးစက္ျပန္႔ပြားသူေပါင္း သံုးသိန္းေက်ာ္နဲ႔ ေသဆံုးသူေပါင္းက တေသာင္းသံုးေထာင္နီးပါးအထိ ရွိသြားၿပီျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွာေတာ့ ကူးစက္ခံရသူ တရားဝင္စာရင္း မရွိေသးေပမယ့္လို႔ ကမာၻ႔ကပ္ေရာဂါ COVID-19 ကူးစက္ျပန္႔ပြားမႈအႏၱရာယ္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားေနတဲ့ ႏုိင္ငံေတြက ျပန္လာသူေတြ အပါအဝင္ ကူးစက္သူေတြနဲ႔ ထိေတြ႔ခဲ့သူေတြ အပါအဝင္ ေစာင့္ၾကည့္သူေတြကို ေဆး႐ံုေတြ ေနအိမ္ေတြမွာ သီးသန္႔ထား Quarantine ေစာင့္ၾကည့္စစ္ေဆးမႈေတြ လုပ္ေဆာင္ေနပါတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေၾကညာထားပါတယ္။

coronavirus covid-19 myanmar update infograph
coronavirus covid-19 myanmar update infograph

အေမရိကန္ျပည္ေထာင္စု အပါအဝင္ ႏုိင္ငံေပါင္း ၁၆ ႏိုင္ငံက ေရာက္လာတဲ့ နိုင္ငံျခားသားနဲ႔ ျမန္မာႏုိင္ငံသား အပါအဝင္ ၁၄ ရက္အထိ ေနအိမ္ေတြမွာေရာ ေဆး႐ံုေတြမွာပါ သီးသန္႔ Quarantine လုပ္ၿပီး ေစာင့္ၾကည့္သူေပါင္း ၁၀၀ ေက်ာ္အထိ ရွိသြားၿပီျဖစ္ပါတယ္။ ကန္႔သတ္မႈေတြ ေစာင့္ၾကည့္မႈေတြ သီးသန္႔ခြဲထားၿပီး စစ္ေဆးမႈေတြကို က်န္းမာေရးဝန္ႀကီးဌာနအေနနဲ႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ရဲ႕ သတ္မွတ္ခ်က္နဲ႔အညီ ေဆာင္ရြက္ေနပါတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန ဗဟိုကူးစက္မႈ တိုက္ဖ်က္ေရးဌာန ဒုညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“ေစာင့္ၾကည့္ေနတဲ့ အေနအထားကေတာ့ ဘယ္ႏိုင္ငံေတြကို ေစာင့္ၾကည့္မလဲဆိုတာ မတ္လ ၂၀ ရက္ေန႔ကတည္းက ၁၆ ႏုိင္ငံဆိုၿပီးေတာ့ ႏုိင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားတယ္။ အဲဒီႏိုင္ငံက လာတဲ့သူေတြကို က်မတို႔က ပိုၿပီးေတာ့ အေလးအနက္ထား ေစာင့္ၾကည့္ပါတယ္။ ျမန္မာႏုိင္ငံသားျဖစ္ပါေစ ႏုိင္ငံျခားသားျဖစ္ပါေစ လာတဲ့သူေတြကို Quarantine ၁၄ ရက္ သူတို႔ကို ေရာဂါနဲ႔ပတ္သက္ၿပီး ေစာင့္ၾကည့္ပါတယ္။ ၁၄ ရက္ ေစာင့္ၾကည့္ၿပီးခ်ိန္မွာေတာ့ လကၡဏာေပၚမူတည္ၿပီး သံသယလူနာ ေစာင့္ၾကည့္လူနာ သတ္မွတ္ၿပီး ကုသမွာေပါ့။ အခု က်မတို႔ Quarantine ထားၿပီး ေစာင့္ၾကည့္တဲ့ကိစၥကေတာ့ က်မတို႔ က်န္းမာေရးဝန္ႀကီးဌာန တခုတည္းက လုပ္တာမဟုတ္ပါဘူး။ ႏုိင္ငံေတာ္အစိုးရကေန သက္ဆိုင္ရာ တုိင္းေဒသႀကီး ျပည္နယ္ အစိုးရေတြကေန ကာကြယ္ကုသေရး ကိစၥေတြကို စနစ္တက် စီမံေဆာင္ရြက္ပါတယ္။ ဘယ္ေနရာမွာ ထားမလဲ။ ဘယ္ေလာက္အထိ ထားမယ္ဆုိတာကအစ။”

ရန္ကုန္မွာေတာ့ ေဝဘာဂီေဆး႐ံု၊ ေတာင္ဥကၠလာပ အမ်ိဳးသမီးနဲ႔ ကေလးေဆး႐ံု၊ လွည္းကူးမွာရွိတဲ့ လွ်ပ္စစ္သင္တန္းေက်ာင္း၊ လိုအပ္ရင္ သိမ္ျဖဴကြင္းနဲ႔ ေမွာ္ဘီက ဘုန္းႀကီးေက်ာင္းတိုက္မွာပါ ထားရွိႏိုင္ဖို႔ ျပင္ဆင္ေနၿပီး မႏၱေလးတုိင္း ကန္ေတာ္နဒီေဆး႐ံု အပါအဝင္ ေစာင့္ၾကည့္လူနာေတြကို ျပည္နယ္နဲ႔ တုိင္း ေဆး႐ံုေဆးခန္းေတြမွာ ထားရွိဖို႔ ျပင္ဆင္ထားတဲ့အေၾကာင္း ေဒါက္တာခင္ခင္ႀကီးက ေျပာသြားတာျဖစ္ပါတယ္။

ဒါေပမယ့္ အခုလို ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားေနတဲ့ ႏုိင္ငံေတြက ျပန္လာသူေတြ အပါအဝင္ ကူးစက္သူေတြနဲ႔ ထိေတြ႔ခဲ့သူေတြ ေစာင့္ၾကည့္သူေတြကို ထားရွိတဲ့ ေဆး႐ံု သီးျခားခြဲထားတဲ့ အေဆာက္အဦ ေနထိုင္မႈေတြ ပံုစံေတြနဲ႔ ပတ္သက္လို႔ ကာယကံရွင္ေတြ မိသားစုေတြနဲ႔ ျပည္သူေတြဘက္က စိုးရိမ္မႈေတြလည္း ရွိေနတာပါ။ ဒီအေပၚ လူထုကို က်န္းမာေရးပညာေပးေနတဲ့ အေထြေထြေရာဂါကုဆရာဝန္ႀကီး ေဒါက္တာေက်ာ္စြာဦးက အခုလိုသံုးသပ္ပါတယ္။

“လက္ရွိ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရယ္၊ အကုန္ ႏွီးႏြယ္ေနတဲ့ ဌာနဆုိင္ရာေတြ ေပါင္းစပ္ၿပီးေတာ့ အေကာင္းဆုံးေတာ့ က်ေနာ္တုိ႔ ျပင္ဆင္ထားၾကတယ္။ ကမၻာ့က်န္းမာေရးအဖြဲ႔ (WHO) ရဲ႕ Guideline အတုိင္းပဲ က်ေနာ္တုိ႔က သြားေနတယ္၊ ကာကြယ္တယ္၊ ထိန္းခ်ဳပ္တယ္၊ ကုသေနတယ္ ဆုိတဲ့ အပိုင္းေတြ အကုန္လုံးက သြားေနၾကတယ္။ ၿပီးေတာ့ သတ္မွတ္ထားတဲ့ စံခ်ိန္စံညႊန္းနဲ႔ သြားတာေပါ့။ သုိ႔ေသာ္လည္း ကုိယ္ေတြျပန္လာတဲ့ တုိင္းျပည္ရဲ႕ စံခ်ိန္စံညႊန္းက ကုတင္ေတြ၊ Facility ေတြ၊ အသုံးအေဆာင္ပစၥည္းေတြ၊ ေနတာထုိင္တာေတြနဲ႔ေတာ့ တူခ်င္မွလည္း တူမယ္။ ဟိုတယ္တလုံးလိုေတာ့ ေနခ်င္မွလည္း ေနရမယ္။ မ်ဳိးစုံေတာ့ ေျပာျပတာေပါ့။

“သုိ႔ေသာ္လည္း က်ေနာ္တုိ႔က ကုိယ့္တုိင္းျပည္ရဲ႕ အေနအထားနဲ႔ တတ္ႏုိင္သေလာက္ေတာ့ တာဝန္ရွိသူေတြက ေဆာင္ရြက္ေနၾကတယ္။ က်ေနာ္ ေျပာေနၾကလိုပဲ ကိစၥရပ္တုိင္းကေတာ့ အားသာခ်က္ အားနည္းခ်က္ေတြကေတာ့ အၿမဲတမ္းရွိတာပဲ။ အားလုံးကေတာ့ ျပည့္စုံတဲ့ဟာ မရွိၾကပါဘူး။ စီမံခန္႔ခြဲမႈအပုိင္းကလည္း အားသာတာေတြ အားနည္းတာေတြ ရွိတယ္။ သုိ႔ေသာ္လည္း ဒီမွာ ကုိယ့္တုိင္းျပည္အတြက္ ဘယ္ေလာက္မ်ား အေကာင္းဆုံးပါဝင္ၿပီး ေနၾကမလဲေပါ့။”

အခုဆိုရင္ေတာ့ အမ်ားျပည္သူ သြားလာတဲ့ေနရာေတြ၊ ေစ်းေတြ၊ အမ်ားျပည္သူသံုး ယာဥ္ေတြမွာ ပိုးသတ္ေဆးဖ်န္းတာ၊ လက္ေဆးကန္ေတြ ျပဳလုပ္ေပးတာနဲ႔ လူတဦးနဲ႔တဦးၾကား အကြာအေဝး သတ္မွတ္ခ်က္ေတြ ထားရွိတာေတြကိုလည္း စတင္လုပ္ေဆာင္ေနၾကၿပီ ျဖစ္ပါတယ္။ တတ္ႏုိင္ရင္ေတာ့ ျပည္သူေတြအေနနဲ႔ ကူးစက္ျပန္႔ပြားမႈကို ကာကြယ္တဲ့အေနနဲ႔ လူထူထပ္တဲ့ေနရာေတြ မသြားဖို႔နဲ႔ ေနအိမ္ေတြမွာ ေနၾကဖို႔ ေဒါက္တာေက်ာ္စြာဦးကလည္း တုိက္တြန္းပါတယ္။

“အထူးသျဖင့္ေတာ့ လူထူထပ္တဲ့ေနရာေတြမွာ က်ေနာ္တုိ႔ကို ဝုိင္းကူေပးေနတဲ့ Hand Sanitizer တို႔ ေဆးတုိ႔ လိုက္ေဝတာပဲျဖစ္ျဖစ္၊ လုိက္ေဆးခုိင္းတာ ပညာေပးတာပဲျဖစ္ျဖစ္ ဒါတခုေကာင္းသလို ျပည္သူလူထု တဦးခ်င္းဆီကေန ကိစၥႀကီးငယ္ မရွိဘူးဆုိရင္ တတ္ႏုိင္သေလာက္ အိမ္မွာပဲေနၿပီးေတာ့ မိမိတဦးခ်င္းဆီကေနၿပီးေတာ့ ကာကြယ္ဖို႔၊ မိမိတဦးခ်င္းအသိနဲ႔ လိုက္နာေပးရင္ေတာ့ ပုိေကာင္းတာေပါ့။”

အခုလက္ရွိမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈကို ႀကိဳတင္ကာကြယ္ ထိန္းခ်ဳပ္တဲ့အေနနဲ႔ ျမန္မာႏုိင္ငံကို လာေရာက္မယ့္ ခရီးသြားေတြအေပၚ ထပ္တိုးကန္႔သတ္ခ်က္ေတြ ထုတ္ျပန္ထားၿပီး ျမန္မာႏိုင္ငံ အစိုးရဘက္က ႏိုင္ငံအားလံုးအတြက္ ဆုိက္ေရာက္ဗီဇာနဲ႔ အီလက္ထေရာနစ္ဗီဇာ ထုတ္ေပးျခင္းကို မတ္လ ၂၀ ရက္ေန႔ကစတင္ၿပီး ဧၿပီလ ၃၀ ရက္ေန႔အထိ ယာယီရပ္ဆိုင္းလိုက္ေၾကာင္းကိုလည္း ႏုိင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------------

(Unicode)

သီးသန့်ထား စောင့်ကြည့်မှု WHO သတ်မှတ်ချက်နဲ့အညီ မြန်မာလုပ်ဆောင်နေ

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်ပြန့်ပွားမှု အန္တရာယ် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေတဲ့ နိုင်ငံတွေက ပြန်လာသူတွေ အပါအဝင် ကူးစက်သူတွေနဲ့ ထိတွေ့ခဲ့သူတွေကို ဆေးရုံတွေ နေအိမ်တွေမှာ သီးသန့်ထား Quarantine စောင့်ကြည့်စစ်ဆေးမှုတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ သတ်မှတ်ချက်နဲ့အညီ ဆောင်ရွက်နေပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်မှုတိုက်ဖျက်ရေးဌာန တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။ အခုဆိုရင် အများပြည်သူ သွားလာလှုပ်ရှားတဲ့ နေရာတွေမှာ ပိုးသတ်ဆေးဖျန်းတာ၊ လူတဦးချင်းစီခြား အကွာအဝေးသတ်မှတ်တာ အပါအဝင် လက်ဆေးနိုင်တဲ့နေရာတွေ ဖန်တီးပေးထားတာတွေကိုလည်း ကြိုတင်ကာကွယ် ကျန်းမာရေး ပညာပေးနေတယ်လို့ ဦးဆောင်လှုပ်ရှားနေတဲ့ ဆရာဝန်တွေက ပြောပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ကမ္ဘာ့လုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေးအခြေအနေ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာတဝှမ်း နိုင်ငံအများစု ကူးစက်ပြန့်ပွားသူပေါင်း သုံးသိန်းကျော်နဲ့ သေဆုံးသူပေါင်းက တသောင်းသုံးထောင်နီးပါးအထိ ရှိသွားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကူးစက်ခံရသူ တရားဝင်စာရင်း မရှိသေးပေမယ့်လို့ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်ပြန့်ပွားမှုအန္တရာယ် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေတဲ့ နိုင်ငံတွေက ပြန်လာသူတွေ အပါအဝင် ကူးစက်သူတွေနဲ့ ထိတွေ့ခဲ့သူတွေ အပါအဝင် စောင့်ကြည့်သူတွေကို ဆေးရုံတွေ နေအိမ်တွေမှာ သီးသန့်ထား Quarantine စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံက ရောက်လာတဲ့ နိုင်ငံခြားသားနဲ့ မြန်မာနိုင်ငံသား အပါအဝင် ၁၄ ရက်အထိ နေအိမ်တွေမှာရော ဆေးရုံတွေမှာပါ သီးသန့် Quarantine လုပ်ပြီး စောင့်ကြည့်သူပေါင်း ၁၀၀ ကျော်အထိ ရှိသွားပြီဖြစ်ပါတယ်။ ကန့်သတ်မှုတွေ စောင့်ကြည့်မှုတွေ သီးသန့်ခွဲထားပြီး စစ်ဆေးမှုတွေကို ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ သတ်မှတ်ချက်နဲ့အညီ ဆောင်ရွက်နေပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်မှု တိုက်ဖျက်ရေးဌာန ဒုညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“စောင့်ကြည့်နေတဲ့ အနေအထားကတော့ ဘယ်နိုင်ငံတွေကို စောင့်ကြည့်မလဲဆိုတာ မတ်လ ၂၀ ရက်နေ့ကတည်းက ၁၆ နိုင်ငံဆိုပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတယ်။ အဲဒီနိုင်ငံက လာတဲ့သူတွေကို ကျမတို့က ပိုပြီးတော့ အလေးအနက်ထား စောင့်ကြည့်ပါတယ်။ မြန်မာနိုင်ငံသားဖြစ်ပါစေ နိုင်ငံခြားသားဖြစ်ပါစေ လာတဲ့သူတွေကို Quarantine ၁၄ ရက် သူတို့ကို ရောဂါနဲ့ပတ်သက်ပြီး စောင့်ကြည့်ပါတယ်။ ၁၄ ရက် စောင့်ကြည့်ပြီးချိန်မှာတော့ လက္ခဏာပေါ်မူတည်ပြီး သံသယလူနာ စောင့်ကြည့်လူနာ သတ်မှတ်ပြီး ကုသမှာပေါ့။ အခု ကျမတို့ Quarantine ထားပြီး စောင့်ကြည့်တဲ့ကိစ္စကတော့ ကျမတို့ ကျန်းမာရေးဝန်ကြီးဌာန တခုတည်းက လုပ်တာမဟုတ်ပါဘူး။ နိုင်ငံတော်အစိုးရကနေ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် အစိုးရတွေကနေ ကာကွယ်ကုသရေး ကိစ္စတွေကို စနစ်တကျ စီမံဆောင်ရွက်ပါတယ်။ ဘယ်နေရာမှာ ထားမလဲ။ ဘယ်လောက်အထိ ထားမယ်ဆိုတာကအစ။”

ရန်ကုန်မှာတော့ ဝေဘာဂီဆေးရုံ၊ တောင်ဥက္ကလာပ အမျိုးသမီးနဲ့ ကလေးဆေးရုံ၊ လှည်းကူးမှာရှိတဲ့ လျှပ်စစ်သင်တန်းကျောင်း၊ လိုအပ်ရင် သိမ်ဖြူကွင်းနဲ့ မှော်ဘီက ဘုန်းကြီးကျောင်းတိုက်မှာပါ ထားရှိနိုင်ဖို့ ပြင်ဆင်နေပြီး မန္တလေးတိုင်း ကန်တော်နဒီဆေးရုံ အပါအဝင် စောင့်ကြည့်လူနာတွေကို ပြည်နယ်နဲ့ တိုင်း ဆေးရုံဆေးခန်းတွေမှာ ထားရှိဖို့ ပြင်ဆင်ထားတဲ့အကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောသွားတာဖြစ်ပါတယ်။

ဒါပေမယ့် အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေတဲ့ နိုင်ငံတွေက ပြန်လာသူတွေ အပါအဝင် ကူးစက်သူတွေနဲ့ ထိတွေ့ခဲ့သူတွေ စောင့်ကြည့်သူတွေကို ထားရှိတဲ့ ဆေးရုံ သီးခြားခွဲထားတဲ့ အဆောက်အဦ နေထိုင်မှုတွေ ပုံစံတွေနဲ့ ပတ်သက်လို့ ကာယကံရှင်တွေ မိသားစုတွေနဲ့ ပြည်သူတွေဘက်က စိုးရိမ်မှုတွေလည်း ရှိနေတာပါ။ ဒီအပေါ် လူထုကို ကျန်းမာရေးပညာပေးနေတဲ့ အထွေထွေရောဂါကုဆရာဝန်ကြီး ဒေါက်တာကျော်စွာဦးက အခုလိုသုံးသပ်ပါတယ်။

“လက်ရှိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရယ်၊ အကုန် နှီးနွယ်နေတဲ့ ဌာနဆိုင်ရာတွေ ပေါင်းစပ်ပြီးတော့ အကောင်းဆုံးတော့ ကျနော်တို့ ပြင်ဆင်ထားကြတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ Guideline အတိုင်းပဲ ကျနော်တို့က သွားနေတယ်၊ ကာကွယ်တယ်၊ ထိန်းချုပ်တယ်၊ ကုသနေတယ် ဆိုတဲ့ အပိုင်းတွေ အကုန်လုံးက သွားနေကြတယ်။ ပြီးတော့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့ သွားတာပေါ့။ သို့သော်လည်း ကိုယ်တွေပြန်လာတဲ့ တိုင်းပြည်ရဲ့ စံချိန်စံညွှန်းက ကုတင်တွေ၊ Facility တွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ နေတာထိုင်တာတွေနဲ့တော့ တူချင်မှလည်း တူမယ်။ ဟိုတယ်တလုံးလိုတော့ နေချင်မှလည်း နေရမယ်။ မျိုးစုံတော့ ပြောပြတာပေါ့။

“သို့သော်လည်း ကျနော်တို့က ကိုယ့်တိုင်းပြည်ရဲ့ အနေအထားနဲ့ တတ်နိုင်သလောက်တော့ တာဝန်ရှိသူတွေက ဆောင်ရွက်နေကြတယ်။ ကျနော် ပြောနေကြလိုပဲ ကိစ္စရပ်တိုင်းကတော့ အားသာချက် အားနည်းချက်တွေကတော့ အမြဲတမ်းရှိတာပဲ။ အားလုံးကတော့ ပြည့်စုံတဲ့ဟာ မရှိကြပါဘူး။ စီမံခန့်ခွဲမှုအပိုင်းကလည်း အားသာတာတွေ အားနည်းတာတွေ ရှိတယ်။ သို့သော်လည်း ဒီမှာ ကိုယ့်တိုင်းပြည်အတွက် ဘယ်လောက်များ အကောင်းဆုံးပါဝင်ပြီး နေကြမလဲပေါ့။”

အခုဆိုရင်တော့ အများပြည်သူ သွားလာတဲ့နေရာတွေ၊ ဈေးတွေ၊ အများပြည်သူသုံး ယာဉ်တွေမှာ ပိုးသတ်ဆေးဖျန်းတာ၊ လက်ဆေးကန်တွေ ပြုလုပ်ပေးတာနဲ့ လူတဦးနဲ့တဦးကြား အကွာအဝေး သတ်မှတ်ချက်တွေ ထားရှိတာတွေကိုလည်း စတင်လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။ တတ်နိုင်ရင်တော့ ပြည်သူတွေအနေနဲ့ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တဲ့အနေနဲ့ လူထူထပ်တဲ့နေရာတွေ မသွားဖို့နဲ့ နေအိမ်တွေမှာ နေကြဖို့ ဒေါက်တာကျော်စွာဦးကလည်း တိုက်တွန်းပါတယ်။

“အထူးသဖြင့်တော့ လူထူထပ်တဲ့နေရာတွေမှာ ကျနော်တို့ကို ဝိုင်းကူပေးနေတဲ့ Hand Sanitizer တို့ ဆေးတို့ လိုက်ဝေတာပဲဖြစ်ဖြစ်၊ လိုက်ဆေးခိုင်းတာ ပညာပေးတာပဲဖြစ်ဖြစ် ဒါတခုကောင်းသလို ပြည်သူလူထု တဦးချင်းဆီကနေ ကိစ္စကြီးငယ် မရှိဘူးဆိုရင် တတ်နိုင်သလောက် အိမ်မှာပဲနေပြီးတော့ မိမိတဦးချင်းဆီကနေပြီးတော့ ကာကွယ်ဖို့၊ မိမိတဦးချင်းအသိနဲ့ လိုက်နာပေးရင်တော့ ပိုကောင်းတာပေါ့။”

အခုလက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ် ထိန်းချုပ်တဲ့အနေနဲ့ မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးသွားတွေအပေါ် ထပ်တိုးကန့်သတ်ချက်တွေ ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံ အစိုးရဘက်က နိုင်ငံအားလုံးအတွက် ဆိုက်ရောက်ဗီဇာနဲ့ အီလက်ထရောနစ်ဗီဇာ ထုတ်ပေးခြင်းကို မတ်လ ၂၀ ရက်နေ့ကစတင်ပြီး ဧပြီလ ၃၀ ရက်နေ့အထိ ယာယီရပ်ဆိုင်းလိုက်ကြောင်းကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG