သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး မြန်မာ အရှိန်မြှင့်လုပ်ဆောင်နေ


နှာခါင်းစည်း ဝတ်ထားတဲ့ အမျိုးသမီးတဦးကို ရန်ကုန်မြို့ တနေရာတွင် တွေ့ရစဉ် (သတင်းဓာတ်ပုံ - မတ် ၁၂၊ ၂၀၂၀)
နှာခါင်းစည်း ဝတ်ထားတဲ့ အမျိုးသမီးတဦးကို ရန်ကုန်မြို့ တနေရာတွင် တွေ့ရစဉ် (သတင်းဓာတ်ပုံ - မတ် ၁၂၊ ၂၀၂၀)

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ်က လူစုလူဝေးတွေကနေတဆင့် မြန်မြန်ဆန်ဆန် ကူးစက်နိုင်တာကြောင့် မြန်မာနိုင်ငံမှာ Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရုပ်ရှင်ရုံတွေနဲ့ မူကြိုကျောင်းတွေကို မတ်လ ၁၆ ရက်နေ့ကနေ ယာယီပတ်သိမ်း ထားဖို့ မြန်မာနိုင်ငံ စားသုံးသူများကာကွယ်ရေးအသင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ကနေ ဒီနေ့ ညနေမှာပဲ ညွှန်ကြားချက်ထုတ်ပြန်ပါတယ်။

COVID-19 ကကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားနိုင်တဲ့ ကမ္ဘာ့ကပ်ရောဂါဖြစ်တယ်လို့ မတ်လ ၁၁ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က သတ်မှတ် ကြေညာခဲ့ပြီးဖြစ်ပါတယ်။

ရုပ်ရှင်ရုံတွေပိတ်သိမ်းဖို့ကို မတ်လ ၁၅ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးက ဖုန်းဆက်ပြီး အစည်းဝေး‌ခေါ်တယ်လို့ ဦးဇာဂနာက ပြောပါတယ်။

“မနေ့က ညကတော့ ည ၁၀ ခွဲ ၁၁ နာရီလောက်မှာပြန်ကြားရေးက ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က ရုပ်ရှင်ရုံတွေ အကုန်လုံးကို ဖုန်းဆက်ပြီး ဒီနေ့မနက် ၁၀ နာရီမှာ အစည်းအဝေးခေါ်ပြီး‌တော့ ရုပ်ရှင်ရုံတွေ ပိတ်ဖို့ ပြောတယ်။ စာတော့ မထွက်သေးဘူး နှုတ်နဲ့ပဲ ပြောတာလို့ ပြောတယ်။"

ရုပ်ရှင်ရုံတွေအပြင် မူကြိုကျောင်းတွေကိုလည်း ဧပြီ ၃၀ အထိ ရပ်နားထားဖို့ စားသုံးသူများကာကွယ်ရေးအသင်းက ထုတ်ပြန်ထားသလို လိုက်နာမှု မရှိတဲ့ကျောင်းတွေကို ပညာရေးဝန်ကြီးဌာန။ အခြေခံပညာဦးစီးဌာနတို့နဲ့ ပူးပေါင်းပြီး ထိထိရောက်‌ရောက် အရေးယူသွားမယ်လို့လည်း အဲ့ဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အစိုးရညွန်ကြားချက်အတိုင်း ဆောင်ရွက်မှုတွေရှိသလို အရပ်ဘက်အဖွဲ့အစည်းတွေမှာဆိုလည်း ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးအစီအမံတွေ စတင် ပြင်ဆင်လာကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နှင့် အခြားရောဂါများ ကွာခြားပုံ
ကိုရိုနာဗိုင်းရပ်စ်နှင့် အခြားရောဂါများ ကွာခြားပုံ

လုပ်ငန်းခွင်တွေမှာ Covid-19 ရောဂါကာကွယ်ဖို့အတွက် အိမ်ကနေ အလုပ်လုပ်တာမျိုးတွေကို ဒီတပတ်ကနေ စပြီး လုပ်နေပြီလို့ မြန်မာအမျိုးသမီးများအဖွဲ့ချူပ် (WLB) ရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး ၁ နန်းမိုးမိုးက ပြောပါတယ်။

“ကျမတို့ရုံးမှာက လောလောဆယ် ပြီးခဲ့တဲ့ တပတ်သောကြာနေ့ကနေ နောက်ဆုံးထားပြီးတော့ ဒီတပတ် တနင်္လာကနေ ‌နောက်တပတ် သောကြာထိက ဝန်ထမ်းတွေကို ရုံးမှာမဟုတ်ဘဲနဲ့ အိမ်မှာပဲ အလုပ်လုပ်ဖို့ ဆိုပြီးတော့ ကျမတို့ အဲ့လို Covid-19 ကို ကာကွယ်ဖို့ လုပ်ထားတယ်။ ကျမတို့ရဲ့ တချိုု့ ဝန်ထမ်းတွေက အဝေးကနေ ဘတ်စ်ကားတွေ အဝေးကြီးစီးလာရတဲ့ သူတွေ ရှိတယ်။ Taxi နဲ့လည်း တချိုု့က အဝေးကြီးစီးလာရတဲ့ သူတွေဖြစ်‌ေတော့ ဝန်ထမ်းတွေရဲ့ Safety ကို ဦးစားပေးတဲ့ အနေနဲ့ အိမ်မှာပဲ အလုပ်လုပ်ဖို့ ဆိုတဲ့ ဟာမျိုး အစီအစဉ်လေးတွေ ကျမတို့ ချထားတာမျိုးရှိတယ်။ ပြီးတော့ Covid-19 နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဆိုလိုရှိရင်လည်း ဒီရုံးမှာရှိတဲ့ တယောက်ကနေမှ ပုံမှန် ဝန်ထမ်းတွေကို အသိပေးတာမျိုးတွေ လုပ်ဖို့ ဆိုတဲ့ အစီအစဉ် ကျမတို့ ဆွဲဖို့ ရှိတယ်။ လောလောဆယ်တော့ တပတ်ပေါ့ သောကြာနေ့ထိကို ကျမတို့ အိမ်မှာပဲလုပ်မယ်။ ဒါပေမဲ့စနေ၊ တနင်္ဂနွေကျရင် ကျမတို့ အခြေအနေပြန်ကြည့်မယ်။ အိမ်မှာပဲ ဆက်ပြီး လုပ်ဖို့ ဖြစ်ရင် ဖြစ်မယ်။ တကယ်လို့ အခြေအနေတခုခု ပြောင်းလဲသွားတယ်ဆိုလို့ရှိရင်လည်း ရုံးတက်ဖို့ ကိစ္စကို အဲ့ဒီကျမှာပြန်ဆုံးဖြတ်မယ်ပေါ့။ “

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်အ‌ရ တပ်မတော်နေ့ အခမ်းအနားအပါအဝင် အထိမ်းအမှတ် ပွဲလမ်းသဘင်တွေနဲ့ သင်္ကြန် ပွဲတော်တွေကို ဧပြီ ၃၀ ရက်နေ့အထိ ပိတ်သိမ်းထားပါတယ်။

ဒီကနေ့ မတ်လ ၁၆ ရက်နေ့ စာရင်းအရ တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူစုစုပေါင်းက ၁၇၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူစုစုပေါင်း ၆,၆၀၀ ကျော်ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံမှာတော့ Covid-19 ဖြစ်ပွားသူ စုစုပေါင်း ၈၀,၀၀၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး အီတလီက ၂၄,၀၀၀ ကျော်နှင့် အီရန်က ၁၄,၀၀၀ ကျော်ရှိပြီး ဒီက‌နေ့ တရက်ထဲမှာပဲ အီရန်မှာ ရောဂါပိုးရှိသူအသစ် ၁,၀၀၀ ကျော် တွေ့ရှိခဲ့ပြီး တရက်တည်းမှာပဲ သေဆုံးသူ ၁၀၀ ကျော်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]



COVID-19 ကကမ်ဘာအနှံ့ ကူးစကျပွန့ျပှားနိုငျတဲ့ ကမ်ဘာ့ကပျရောဂါဖွဈတယျလို့ မတျလ ၁၁ ရကျနေ့မှာ ကမ်ဘာ့ကနြျးမာရေး အဖှဲ့ WHO က သတျမှတျ ကွညောခဲ့ပွီးဖွဈပါတယျ။










XS
SM
MD
LG