သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သင်္ကြန်ပွဲ ဖျက်သင့်သလား ...


ရန်ကုန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သည့် ကောလာဟလသတင်း ထွက်ပြီးသည့်နောက် ကုန်တိုက်တခုတွင် အလုအယက် ဈေးဝယ်နေကြသူများ။ မတ် ၁၂၊ ၂၀၂၀
ရန်ကုန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သည့် ကောလာဟလသတင်း ထွက်ပြီးသည့်နောက် ကုန်တိုက်တခုတွင် အလုအယက် ဈေးဝယ်နေကြသူများ။ မတ် ၁၂၊ ၂၀၂၀

(Zawgyi/Unicode)
ကမ္ဘာ့နိုင်ငံအများအပြားမှာ ပျံ့နှံ့ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဘောလုံးပွဲတွေအပါအဝင် လူစု လူဝေး ပွဲလမ်းသဘင် အခမ်းအနားတွေကို ရွှေ့ဆိုင်းပယ်ဖျက်ထား ကြပါတယ်။
မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ထားတယ်လို့ စစ်ဆေးတွေ့ရှိသူ တဦးမှမရှိသေးပေမယ့် ဒီအန္တရာယ်ကနေ လုံးဝ လွတ်ကင်းပြီလို့ ပြောနိုင်တာမဟုတ်ပါဘူး။ ဒါကြောင့် သိပ်မကြာခင်ကာလမှာ ကျရောက်တော့မယ် သင်္ကြန်ရေကစားပွဲတွေကို ပုံမှန်အတိုင်း လုပ်သင့်ပါသလား၊ ဒါမှမဟုတ် ပယ်ဖျက်သင့်ပါသလား ... စနေည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

ပင်တိုင်ဆွေးနွေးသူတွေအဖြစ် လူထုကျန်းမာရေးဆိုင်ရာ ရုပ်သံအစီအစဉ်တွေ ရိုက်ကူးထုတ်လုပ်တင်ဆက်နေသူ ဒေါက်တာသန့်ဇော်နဲ့ သတင်းစာဆရာ ကိုစိုင်းထွန်းအောင်လွင်တို့နဲ့အတူ သောတရှင်တွေ တိုက်ရိုက်ပါဝင်ဆွေးနွေးထားပါတယ်။

--------------------------------


တိုက်ရိုက် လင့်ခ်
XS
SM
MD
LG