(Zawgyi/Unicode)
ဖွဲ့စည်းပုံပြင်ရေးကြိုးပမ်းချက် မျှော်လင့်ဖွယ်ရှိမရှိ
(တိုက်ရိုက်လေလှိုင်း)
(Zawgyi/Unicode)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ မူကြမ်းတရပ် ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းထားပြီး၊ အခု ရက်ပိုင်းအတွင်း အပြီးသတ်ဆွေးနွေးကြမှာဖြစ်ပါတယ်။ အာဏာရ NLD ပါတီအနေနဲ့ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ရေးကြိုးပမ်းချက် ဘယ်အထိ ခရီးပေါက်နေပြီလဲ၊ အခု တကြိမ်ပြင်ဆင်ချက်မူကြမ်းကတော့ အများပြည်သူ မျှော်လင့်သလိုအထိ ဖြစ်လာနိုင်ပါ့မလား. အခု အင်္ဂါနေ့ ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
ပြည်ထောင်စုရှေ့နေများနဲ့ ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဌ ရှေ့နေကြီးဦးကြီးမြင့်နဲ့ ၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းတို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။