သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေးမူဝါဒမှာ လူနည်းစုသွေးခွဲဆက်ဆံမှုရှိလား(တိုက်ရိုက်လေလှိုင်း)


Bangladesh Myanmar
Bangladesh Myanmar

မြန်မာ့နိုင်ငံရေးမူဝါဒမှာ လူနည်းစုသွေးခွဲဆက်ဆံမှုရှိလား
(တိုက်ရိုက်လေလှိုင်း)

(zawgyi/Unicode)

မြန်မာနိုင်ငံမှာ လူနည်းစုတွေကို ခွဲခြားဆက်ဆံတဲ့ ဥပဒေနဲ့ မူဝါဒတွေဟာ နှစ်ပေါင်းများစွာကတည်းကရှိနေပြီး၊ မြန်မာ့လူ့အခွင့်အရေးတိုးတက်လာဖို့ဆိုရင် အဲဒီ ဥပဒေနဲ့မူဝါဒ ပြင်ဆင်ရေးတွေကို ဆောင်ရွက်ရမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက အခုကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ထောက်ပြခဲ့ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ ဒီလို မူဝါဒတွေ တကယ်ပဲ ရှိသေးရဲ့လား၊ လက်ရှိ ဒီမိုကရေစီအရပ်သားအစိုးရကရော ဒီမူဝါဒတွေကို ပြုပြင်ပြောင်းလဲဖို့ စိတ်ဆန္ဒရှိရဲ့လား.. စတာတွေကို လာမယ့် အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ သုံးသပ်ဆွေးနွေးထားပါတယ်။

ယနေ့ခေတ် နိုင်ငံရေးမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသက်ဇင်နဲ့ လူ့အခွင့်အရေးလှုပ်ရှားဦးဆောင်သူ မချယ်ရီဇာဟောင်းတို့က ပင်တိုင်ဆွေးနွေးထားကြပါတယ်။

တိုက်ရိုက် လင့်ခ်




(zawgyi/Unicode)



XS
SM
MD
LG