(Zawgyi/Unicode)
NLD ပြောခွင့်ရ တဦးထဲထားလိုက်တာ သတင်းရယူပိုင်ခွင့် ထိခိုက်နိုင်သလား …
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပါတီပြောခွင့်ရပုဂ္ဂိုလ်အဖြစ် တဦးထဲကိုပဲ တာဝန်ပေးလိုက်ပါတယ်။ အခုလို ပြောခွင့်ရတဦးပဲ ထားလိုက်တာကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိနေချိန်မှာ ပါတီရဲ့လုပ်ဆောင်ချက်တွေ၊ ရပ်တည်ချက် မူဝါဒ သဘောထားတွေနဲ့ပတ်သက်လို့ သိရှိနိုင်ခွင့်နဲ့ သတင်းရယူပိုင်ခွင့် ဘယ်လောက်ထိ ထိခိုက်သွားနိုင်တယ်လို့ ယူဆကြပါသလဲ …
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ရမယ့် လွတ်လပ်တဲ့ သတင်းမီဒီယာရဲ့အခန်းကဏ္ဍကို NLD ပါတီက အလေးမထားတဲ့ လုပ်ရပ်တခုအဖြစ်လို့ရော မြင်နိုင်ပါသလား … စသည်အားဖြင့် ဆွေးနွေးထားပါတယ်။
ပင်တိုင်ဆွေးနွေးသူတွေဖြစ်တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဘက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်၊ ပြည်တွင်းအခြေစိုက် မြန်မာ့အရေး လေ့လာသူ ဒေါက်တာရန်မျိုးသိန်းတို့နဲ့အတူ သောတရှင်တွေ တိုက်ရိုက်ပါဝင်ဆွေးနွေးထားကြပါတယ်။
----------------------------------------
(Unicode)