သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေစတနာရွင္မ်ား


သတင္းဓာတ္ပံု - လေရာင္

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ကူးစက္ခံရသူ ႏွစ္ဦး ေတြ႔ရိွေၾကာင္း ထုတ္ျပန္လိုက္ခ်ိန္္မွာ ကုန္တုိက္ေတြ၊ ေစ်းဆုိင္ေတြမွာ အလုအယက္နဲ႔ ေစ်း၀ယ္တာေတြ ျဖစ္လာတာေၾကာင့္ လူစုလူေ၀းနဲ႔ေစ်း၀ယ္တာမ်ိဳး ေရွာင္နိုင္ဖို႔နဲ႔ အိမ္ျပင္မထြက္ႏို္င္သူေတြကို ကူညီဖို႔ မႏၱေလးနဲ႔ မံုရြာက လူငယ္ေတြက အိ္မ္တိုင္ရာေရာက္ေစ်း၀ယ္ယူေပးတဲ့စနစ္ကို ကူညီေဆာင္ရြက္ေနပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ ကိုမိုးေဇာ္သတင္းေပးပို႔ထားပါတယ္။

ရန္ကုန္ၿမိဳ႕ ေစ်းဆိုင္တခုတြင္ ေစ်း၀ယ္ေနၾကေသာ လူတခ်ိဳ႕ (သတင္းဓာတ္ပံု - မတ္ ၂၄၊ ၂၀၂၀)
ရန္ကုန္ၿမိဳ႕ ေစ်းဆိုင္တခုတြင္ ေစ်း၀ယ္ေနၾကေသာ လူတခ်ိဳ႕ (သတင္းဓာတ္ပံု - မတ္ ၂၄၊ ၂၀၂၀)

လူေတြ အလုအယက္ေစ်း၀ယ္တာေတြ ျဖစ္ခဲ့တဲ့ေနာက္ မံုရြာၿမိဳ႕က Save Monywa အဖဲြ႔က အိမ္တိုင္ယာေရာက္ ေစ်း၀ယ္ပို႔ေဆာင္ေပးတာကို စတင္ခဲ့တာလို႔ အဖဲြ႔ကို ဦးေဆာင္သူတဦးျဖစ္တဲ့ ကိုေအာင္ေနမ်ိဳးက ေျပာပါတယ္။

☞တီးတိန္ Covid-19 လူနာအေျခအေနေကာင္းမြန္တဲ့ အေၾကာင္းကိုလည္းဖတ္ႏိုင္ပါၿပီ။

“အဓိကရည္ရြယ္ခ်က္ေတာ့ဗ် က်ေနာ္တုိ႔ ၿမိဳ႕ေပၚမွာဆုိရင္ မေန႔က အားကစားနဲ႔ က်န္းမာေရး၀န္ၾကီးဌာနက ျမန္မာႏိုင္ငံ ႏွစ္ေယာက္ ေတြ႔ရိွလိုက္တယ္ဆုိတဲ့ဟာနဲ႔ ဆက္စပ္ၿပီး ၿမိဳ႕က စိုးရိမ္ထိတ္လန္႔မႈေတြျဖစ္ ေစ်း၀ယ္ေတြ တအားထြက္ၾကတယ္။ အဲဒီမွာ ေစ်းေတြမွာ စတိုးဆိုင္ေတြမွာ လူေတြက တအားစုၿပံဳက်ေတာ့က် အဲဒီလူအုပ္ၾကီးကေန တခါ ေရာဂါကူးစက္တာေတြ ျဖစ္မွာစိုးလို႔ အဲဒါမ်ိဳးေတြ ေလ်ာ့နည္းသြားေအာင္လို႔ စိတ္မပူၾကနဲ႔ေပါ့။ တကယ္လုိ႔ လုိအပ္လာတယ္ဆုိ အိမ္ျပင္မထြက္ရဘူးဆုိရင္ေတာင္မွ က်ေနာ္တုိ႔အဖဲြ႔ကေနၿပီးေတာ့မွ အိမ္တုိင္ရာေရာက္ အခမဲ့ကူညီလုပ္ေပးပါမယ္ေပါ့။ အဲဒါမ်ိဳးနဲ႔ စလုပ္ခဲ့တာပါ။ အဓိကကေတာ့ ေရာဂါမျပန္႔ပြားေအာင္ေပါ့။"

(သတင္းဓာတ္ပံု - Aung Nay Myo (Save Monywa))
(သတင္းဓာတ္ပံု - Aung Nay Myo (Save Monywa))

ေလာေလာဆယ္ save monywa က လူမႈ၀န္ထမ္းေဆာင္ရြက္သူ ၁၀ ေယာက္ေလာက္နဲ႔ စတင္လုပ္ေဆာင္ေနသလို ဆန္၊ ဆီ၊ ဆား၊ ေဆးစတဲ့ အေျခခံစားေသာက္ကုန္ ၀ယ္ယူပို႔ေဆာင္တဲ့အခါမွာ ေရာဂါကူးစက္မႈ ကာကြယ္ဖို႔အတြက္ မ်က္ႏွာဖံုး Mask တပ္ဆင္တာ၊ လက္ေဆးရည္ Hand gel သံုးစဲြတာေတြကိုလည္း အထူးသတိထား ေဆာင္ရြက္ေနေၾကာင္း ေျပာပါတယ္။

မႏၱေလးက လူငယ္ေတြကလည္း Together Volunteer team ကို ဖဲြ႔စည္းၿပီး ဒီမနက္က စတင္ၿပီး ေဆာင္ရြက္ပါေနတယ္။

သူတို႔အဖဲြ႔ကေတာ့ WHO က ဒီလ ၁၁ ရက္ေန႔က ကမၻာ့ကပ္ေရာဂါအျဖစ္ စတင္ေၾကညာတည္းက လူငယ္ ေျခာက္ေယာက္ပူးေပါင္းၿပီး ဖဲြ႔စည္းဖို႔ တိုင္ပင္ခဲ့ၾကတာ ျဖစ္ပါတယ္။

လက္ရိွအခုလို ေဆာင္ ရြက္ျဖစ္ၾကတဲ့အေၾကာင္းကို အဖဲြ႔၀င္တစ္ဦးျဖစ္တဲ့ ကိုခ်မ္းေအးက အခုလို ေျပာပါတယ္။

“အဓိက ေက်ာေထာက္ေနာက္ခံမရိွတဲ့ သက္ၾကီးရြယ္အိုေတြ၊ မမာမက်န္းျဖစ္ေနတဲ့ အိမ္ေထာင္စုေတြက်ရင္ အျပင္ထြက္၀ယ္ဖို႔ ခက္ခဲမယ္ေပါ့ေနာ္။ ဒီလိုမ်ိဳး ေရာဂါၾကီးျဖစ္ေနတယ္ဆုိတဲ့ဟာမ်ိဳးမွာ သူတုိ႔ေတြအတြက္ လူၾကီးေတြအတြက္ က်ေနာ္တုိ႔ ျပန္ၿပီး ကူညီေပးသင့္တယ္ေပါ့။ ငါတုိ႔လုိ လူငယ္ေတြကလည္း ပွ်မ္းမွ်အားျဖင့္ ကိုယ္ခံအားေရာ၊ ဘာေရာပိုေကာင္းႏိုင္တယ္။ အဲေတာ့ ငါတုိ႔ေတြ ကူညီေပးမယ္။ လုပ္ၾကမလားတုိင္ပင္ရင္းနဲ႔ အဲလိုေလး လုပ္ျဖစ္သြားတာခင္ဗ်။ က်ေနာ္တုိ႔ အဲလုိမ်ိဳး ထြက္မလုပ္ဘူးဆုိရင္ သက္ၾကီးရြယ္အိုေတြ၊ နာမက်န္းျဖစ္ေနတဲ့ သူေတြ ဒုကၡေရာက္မယ္လို႔ ထင္လုိ႔ လုပ္ျဖစ္ၾကတာပါ။”

သူတို႔အဖဲြ႔ကေတာ့ တတ္ႏိုင္တဲ့ ေငြေၾကးအတိုင္းအတာအရ စိုက္ထုတ္၀ယ္ေပးေနေၾကာင္းနဲ႔ ဆုိင္ကယ္နဲ႔ သယ္ယူပို႔ေဆာင္ေပးေနရတာေၾကာင့္ ပစၥည္းမ်ားရင္ ႏွစ္ေခါက္၊ သံုးေခါက္ ျပန္၀ယ္ေပးေနေၾကာင္း ေျပာပါတယ္။

လက္ရိွ ကမၻာအႏွံမွာျဖစ္ပြားေနတဲ့ COVID-19 ေရာဂါ ကူးစက္တာေၾကာင့္ ေသဆံုးသူေတြဟာ အသက္အရြယ္ၾကီးသူ၊ ေရာဂါအခံရိွသူေတြ၊ ကိုယ္ခံအားနည္းသူေတြမွာ အျဖစ္မ်ားတာေၾကာင့္ အထူးသျဖင့္ သူတို႔ကို အျပင္မထြက္ဖုိ႔ တုိက္တြန္းတာေတြလည္း ရိွေနပါတယ္။

COVID-19 ေစတနာရွင္မ်ား
please wait

No media source currently available

0:00 0:02:57 0:00
တိုက္႐ိုက္ လင့္ခ္


[Unicode Version]

COVID-19 စေတနာရှင်များ

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ နှစ် ဦး တွေ့ရှိကြောင်း ထုတ်ပြန်လိုက်ချိန်မှာ ကုန်တိုက်တွေ၊ ဈေးဆိုင်တွေမှာ အလုအယက်နဲ့ ဈေးဝယ်တာတွေ ဖြစ်လာတာကြောင့် လူစုလူဝေးနဲ့ဈေးဝယ်တာမျိုး ရှောင်နိုင်ဖို့နဲ့ အိမ်ပြင်မထွက်နိုင်သူတွေကို ကူညီဖို့ မန္တလေးနဲ့ မုံရွာက လူငယ်တွေက အိမ်တိုင်ရာရောက်ဈေးဝယ်ယူပေးတဲ့စနစ်ကို ကူညီဆောင်ရွက်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုမိုးဇော်သတင်းပေးပို့ထားပါတယ်။

လူတွေ အလုအယက်ဈေးဝယ်တာတွေ ဖြစ်ခဲ့တဲ့နောက် မုံရွာမြို့က Save Monywa အဖွဲ့က အိမ်တိုင်ယာရောက် ဈေးဝယ်ပို့ဆောင်ပေးတာကို စတင်ခဲ့တာလို့ အဖွဲ့ကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုအောင်နေမျိုးက ပြောပါတယ်။

☞တီးတိန် Covid-19 လူနာအခြေအနေကောင်းမွန်တဲ့ အကြောင်းကိုလည်းဖတ်နိုင်ပါပြီ။

“အဓိကရည်ရွယ်ချက်တော့ဗျ ကျနော်တို့ မြို့ပေါ်မှာဆိုရင် မနေ့က အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ နှစ်ယောက် တွေ့ရှိလိုက်တယ်ဆိုတဲ့ဟာနဲ့ ဆက်စပ်ပြီး မြို့က စိုးရိမ်ထိတ်လန့်မှုတွေဖြစ် ဈေးဝယ်တွေ တအားထွက်ကြတယ်။ အဲဒီမှာ ဈေးတွေမှာ စတိုးဆိုင်တွေမှာ လူတွေက တအားစုပြုံကျတော့ကျ အဲဒီလူအုပ်ကြီးကနေ တခါ ရောဂါကူးစက်တာတွေ ဖြစ်မှာစိုးလို့ အဲဒါမျိုးတွေ လျော့နည်းသွားအောင်လို့ စိတ်မပူကြနဲ့ပေါ့။ တကယ်လို့ လိုအပ်လာတယ်ဆို အိမ်ပြင်မထွက်ရဘူးဆိုရင်တောင်မှ ကျနော်တို့အဖွဲ့ကနေပြီးတော့မှ အိမ်တိုင်ရာရောက် အခမဲ့ကူညီလုပ်ပေးပါမယ်ပေါ့။ အဲဒါမျိုးနဲ့ စလုပ်ခဲ့တာပါ။ အဓိကကတော့ ရောဂါမပြန့်ပွားအောင်ပေါ့။"

လောလောဆယ် save monywa က လူမှုဝန်ထမ်းဆောင်ရွက်သူ ၁၀ ေယာက်လောက်နဲ့ စတင်လုပ်ဆောင်နေသလို ဆန်၊ ဆီ၊ ဆား၊ ေဆးစတဲ့ အခြေခံစားသောက်ကုန် ဝယ်ယူပို့ဆောင်တဲ့အခါမှာ ရောဂါကူးစက်မှု ကာကွယ်ဖို့အတွက် မျက်နှာဖုံး Mask တပ်ဆင်တာ၊ လက်ဆေးရည် Hand gel သုံးစွဲတာတွေကိုလည်း အထူးသတိထား ဆောင်ရွက်နေကြောင်း ပြောပါတယ်။

မန္တလေးက လူငယ်တွေကလည်း Together Volunteer team ကို ဖွဲ့စည်းပြီး ဒီမနက်က စတင်ပြီး ဆောင်ရွက်ပါနေတယ်။

သူတို့အဖွဲ့ကတော့ WHO က ဒီလ ၁၁ ရက်နေ့က ကမ္ဘာ့ကပ်ရောဂါအဖြစ် စတင်ကြေညာတည်းက လူငယ် ခြောက်ယောက်ပူးပေါင်းပြီး ဖွဲ့စည်းဖို့ တိုင်ပင်ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိအခုလို ဆောင် ရွက်ဖြစ်ကြတဲ့အကြောင်းကို အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုချမ်းအေးက အခုလို ပြောပါတယ်။

“အဓိက ကျောထောက်နောက်ခံမရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ မမာမကျန်းဖြစ်နေတဲ့ အိမ်ထောင်စုတွေကျရင် အပြင်ထွက်ဝယ်ဖို့ ခက်ခဲမယ်ပေါ့နော်။ ဒီလိုမျိုး ရောဂါကြီးဖြစ်နေတယ်ဆိုတဲ့ဟာမျိုးမှာ သူတို့တွေအတွက် လူကြီးတွေအတွက် ကျနော်တို့ ပြန်ပြီး ကူညီပေးသင့်တယ်ပေါ့။ ငါတို့လို လူငယ်တွေကလည်း ပျှမ်းမျှအားဖြင့် ကိုယ်ခံအားရော၊ ဘာရောပိုကောင်းနိုင်တယ်။ အဲတော့ ငါတို့တွေ ကူညီပေးမယ်။ လုပ်ကြမလားတိုင်ပင်ရင်းနဲ့ အဲလိုလေး လုပ်ဖြစ်သွားတာခင်ဗျ။ ကျနော်တို့ အဲလိုမျိုး ထွက်မလုပ်ဘူးဆိုရင် သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်နေတဲ့ သူတွေ ဒုက္ခရောက်မယ်လို့ ထင်လို့ လုပ်ဖြစ်ကြတာပါ။”

သူတို့အဖွဲ့ကတော့ တတ်နိုင်တဲ့ ငွေကြေးအတိုင်းအတာအရ စိုက်ထုတ်ဝယ်ပေးနေကြောင်းနဲ့ ဆိုင်ကယ်နဲ့ သယ်ယူပို့ဆောင်ပေးနေရတာကြောင့် ပစ္စည်းများရင် နှစ်ခေါက်၊ သုံးခေါက် ပြန်ဝယ်ပေးနေကြောင်း ပြောပါတယ်။

လက်ရှိ ကမ္ဘာအနှံမှာဖြစ်ပွားနေတဲ့ COVID-19 ရောဂါ ကူးစက်တာကြောင့် သေဆုံးသူတွေဟာ အသက်အရွယ်ကြီးသူ၊ ရောဂါအခံရှိသူတွေ၊ ကိုယ်ခံအားနည်းသူတွေမှာ အဖြစ်များတာကြောင့် အထူးသဖြင့် သူတို့ကို အပြင်မထွက်ဖို့ တိုက်တွန်းတာတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG