သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေရာဂါ ထိထိေရာက္ေရာက္ ကိုင္တြယ္ပံု


People have their temperatures checked
COVID-19 ေရာဂါ ထိထိေရာက္ေရာက္ ကိုင္တြယ္ပုံ
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

COVID-19 (ေခၚ) ကို႐ိုနာဗိုင္းရပ္စ္ ကမာၻ႔ကပ္ေရာဂါႀကီး၊ ျမန္မာႏိုင္ငံမွာ စေတြ႔လာခ်ိန္မွာ၊ ဆိုးဆိုးဝါးဝါးအဆင့္အထိ မခံစားရေအာင္ ႏိုင္ငံတကာသင္ခန္းစာကိုယူ ျပတ္ျပတ္သားသား လုပ္သင့္ပါတယ္။

ဒီေရာဂါႀကီးကို အိမ္နီးခ်င္း တ႐ုတ္ကေန တိုက္႐ိုက္မရရိွဘဲ၊ အေဝးႏိုင္ငံမ်ားျဖစ္တဲ့ အေမရိကန္နဲ႔ ၿဗိတိန္တို႔ကို ပတ္ၿပီးမွ ျမန္မာႏိုင္ငံမွာ စေတြ႕ခ်ိန္ကေန၊ ရက္သတၱပတ္ (၁) ပတ္၊ (၂) ပတ္အတြင္း လုပ္ေဆာင္မူက အမ်ားျပည္သူ ေသေရးရွင္ေရးကို အဆုံးအျဖတ္ေပးႏိုင္တာေၾကာင့္၊ အဓိက အျမန္လုပ္ေဆာင္သင့္တာေတြကို ႏိုင္ငံတကာမွာ သင္ခန္းစာျပထားၿပီး ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ အခုအခ်ိန္မွာ စတင္ေတြ႔ရွိသူေတြနဲ႔ ထိေတြ႔ထားခဲ့သူနဲ႔ သြားလာခဲ့တဲ့ေနရာေတြကို အစိုးရအေနနဲ႔ အျမန္ရွာေဖြေဖာ္ထုတ္ထားၿပီး၊ လူေတြကို ခ်က္ခ်င္း လုံၿခဳံထိေရာက္စြာ သီးသန႔္ခြဲထားတာ (Quarantine) နဲ႔ ေနရာေတြကို ထိထိေရာက္ေရာက္ အဝင္အထြက္ပိတ္တာ (Lockdown) ေတြက အေရးပါပါတယ္။ တခ်ိန္ထဲမွာ အခုလို အိမ္မွာသီးသန႔္ခြဲေနသူေတြ အပါအဝင္ သီးသန႔္ခြဲထားသူေတြနဲ႔ အဝင္အထြက္ပိတ္ပင္တဲ့ (Lockdown) ေနရာေတြမွာ၊ ေရာဂါလကၡဏာ မျပေသးလွ်င္ေတာင္ ေဆးစစ္ေပးသင့္ပါတယ္။ သို႔မွသာ ဒီေရာဂါရဲ႕ ထူးျခားေၾကာက္စရာေကာင္းတဲ့ ေရာဂါလကၡဏာမျပဘဲ၊ အျခားသူေတြကို တဟုန္ထိုး ကူးစက္ႏိုင္ေျခကေန ကာကြယ္ႏိုင္မွာပါ။

အီတလီႏိုင္ငံမွာ အခုလိုစျဖစ္ခ်ိန္မွာ ထိေရာက္တဲ့ သီးသန႔္ခြဲထားမူေတြ၊ အဝင္အထြက္ပိတ္ပင္မူေတြနဲ႔ တစိုက္မတ္မတ္ က်ယ္က်ယ္ျပန႔္ျပန႔္ ေဆးစစ္မူေတြ မလုပ္ခဲ့ဘဲ၊ ေနာက္က်မွ အဝင္အထြက္ ပိတ္မိတာေၾကာင့္ လပိုင္းတြင္း ေရာဂါကူးစက္ခံရသူ တဟုန္ထိုး ေသာင္းဂဏန္းေတြနဲ႔ခ်ီ ေပါက္ကြဲထြက္သြားကာ၊ ေသဆုံးသူမ်ားက စျဖစ္ၿပီး အမ်ားဆုံးကူးစက္ခံရတဲ့ တ႐ုတ္ထက္ေတာင္ အမ်ားႀကီးပိုမ်ားသြားကာ ေထာင္ဂဏန္းေတြနဲ႔ခ်ီ ထိန္းမႏိုင္သိမ္းမရ ျဖစ္ေနပါတယ္။

ဒါေပမဲ့ အီတလီထက္ ေစာၿပီးေရာဂါစေတြ႕ခဲ့တဲ့ စကၤာပူႏိုင္ငံမွာေတာ့၊ အျမန္လိုက္ရွာ ေဆးစစ္မူေတြ က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္တာအျပင္၊ ပိုးေတြ႔ခဲ့သူေတြ ထိေတြ႔ခဲ့သူေတြနဲ႔ သြားခဲ့တဲ့ေနရာေတြကို အျမန္ေဖာ္ထုတ္ကာ၊ အိမ္တြင္းသီးသန႔္ခြဲထားမူ (Home Quarantine) ကို ရဲနဲ႔ပါေပါင္းၿပီး ထိထိေရာက္ေရာက္ လုပ္ႏိုင္ခဲ့တာေၾကာင့္၊ ေရာဂါကူးစက္ခံရသူ ရာဂဏန္းေတြသာရွိၿပီး၊ ေသဆုံးသူကလဲ အခုခ်ိန္ထိ (၂) ဦးပဲ ရွိပါေသးတယ္။ စကၤာပူမွာ အိမ္တြင္းသီးသန႔္ခြဲထားသူေတြကိုလည္း တရား႐ုံးက အေၾကာင္းၾကားစာပို႔ၿပီး ေစာင့္ၾကည့္ကာ၊ မလိုက္နာသူေတြကို ေထာင္ဒဏ္ ၊ေငြဒဏ္ခ်ျပတာအျပင္၊ ဆြဲေဆာင္တဲ့အေနနဲ႔ လိုက္နာသူေတြကိုလည္း စားဖို႔ေသာက္ဖို႔ တစ္ေန႔ကို စကၤာပူေဒၚလာ (၁၀၀) ကူညီေပးတာနဲ႔ ဒီေရာဂါဆိုင္ရာ အခမဲ့ကုသေပးတာေတြပါ လုပ္ေဆာင္ေပးခဲ့ပါတယ္။ တကယ္ေတာ့ အခုလိုလုပ္ေဆာင္ႏိုင္တာက အရင္ ၂၀၀၃ ခုႏွစ္က စကၤာပူမွာျဖစ္ခဲ့ၿပီး လူအေသအေပ်ာက္ရွိခဲ့တဲ့၊ SARS ျပန္းထန္အသက္႐ူလမ္းေၾကာင္းေရာဂါႀကီး (Severe Acute Respiratory Syndrome) အတြက္ အေရးေပၚက်န္းမာေရး ျပင္ဆင္မူစနစ္ရွိထားခဲ့တာေၾကာင့္ပါ။ ဒီစနစ္အရ ေဆးစစ္တာေတြ၊ ျပဳစုေစာင့္ေရွာက္ေပးတာေတြနဲ႔ ေဆး႐ုံလႊဲေပးတာေတြကိုလည္း၊ ပုဂၢလိကေဆးခန္းတစ္ေထာင္ခန႔္မွာ ခြဲၿပီး ျမန္ျမန္ဆန္ဆန္ လုပ္ေဆာင္ေပးႏိုင္ေအာင္ သင္တန္းေတြေပးထားၿပီး အသင့္ျဖစ္ေနခဲ့တာပါ။

အထက္ပါ ႏိုင္ငံတကာသင္ခန္းစာေတြေၾကာင့္ ျမန္မာႏိုင္ငံမွာလည္း လက္ရွိစိန္ေခၚခ်က္ျဖစ္တဲ့၊ အထူးသျဖင့္ ဒီေရာဂါပိုးကူးစက္သူ ရာခ်ီရွိထားၿပီး ဒီအထဲမွာ ျမန္မာေ႐ြ.ေျပာင္းအလုပ္သမား အနည္းငယ္ကူးစက္ခံရတာ ေတြ႔ရွိထားတဲ့ ထိုင္းႏိုင္ငံကေန၊ ျမန္မာအလုပ္သမား အေျမာက္အမ်ား နယ္စပ္ေတြကတဆင့္ ျပန္ဝင္လာေနခ်ိန္မွာ၊ ထိေရာက္တဲ့ အိမ္တြင္းသီးသန႔္ခြဲေနမူျဖစ္ေအာင္၊ အစိုးရက ၾကပ္ၾကပ္မတ္မတ္ လုပ္ေဆာင္ေပးသင့္ပါတယ္။ ဒါ့အျပင္ တရားမဝင္ နယ္စပ္ေပါက္ေတြကေန၊ လူမသိသူမသိ ျပန္လာႏိုင္သူေတြကိုလည္း၊ ရပ္ကြက္၊ေက်း႐ြာတြင္းမွာ အုပ္ခ်ဳပ္ေရးနဲ႔ ရဲေတြ၊ လူမူေရးေစတနာ့ဝန္ထမ္းေတြ ပူးေပါင္းၿပီး၊ အျမန္စုံစမ္းရွာေဖြကာ၊ ထိေရာက္တဲ့ အိမ္တြင္းသီးသန႔္ခြဲေနမူျဖစ္ေအာင္ ေစာင့္ၾကည့္ေပးတာနဲ႔ စားေရးေသာက္ေရး ကူညီေပးတာေတြ လုပ္ေဆာင္ေပးသင့္ပါတယ္။

ဒီေရာဂါစျဖစ္လွ်င္ ပထမဆုံးကူးစက္ခံရေလ့ရွိတဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္လည္း၊ စကၤာပူကဲ့သို႔ ထိေရာက္တဲ့ ကာကြယ္ေရးသင္တန္းေတြနဲ႔ အေထာက္အကူပစၥည္းေတြ ပံ့ပိုးေပးသင့္ပါတယ္။ အီတလီမွာေတာ့ အလာတူသင္တန္းေတြမရွိခဲ့ဘဲ၊ က်န္းမာေရးဝန္ထမ္း ကူးစက္ခံရမူက တ႐ုတ္ထက္ အမ်ားႀကီးမ်ားခဲ့ၿပီး၊ ေထာင္ဂဏန္းေတြနဲ႔ခ်ီရွိကာ၊ ေသဆုံးမူေတြလည္း ရွိေနပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံက ႐ုံးေတြ၊ လုပ္ငန္းေတြမွာ အသုတ္လိုက္လူခြဲ ဆင္းေစတာနဲ႔၊ အမ်ားျပည္သူသုံး လူၾကပ္တဲ့ ၿမိဳ ႔ကူးသေဘၤာေတြနဲ႔ ၿမိဳ ႔တြင္းဘတ္စကားေတြေပၚမွာ လူမၾကပ္ေအာင္နဲ႔ ကာကြယ္ေရးပစၥည္းေတြ သုံးႏိုင္ေအာင္ စည္းကမ္းထုတ္ စီစဥ္ေပးသင့္ပါတယ္။

ဒီေၾကာက္စရာေကာင္းတဲ့ ေရာဂါအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖုိ႔ ကိုဝင္းမင္း က ျမန္မာႏိုင္ငံဆရာဝန္မ်ားအသင္းရဲ႕ အေထြေထြေရာဂါကုဆရာဝန္မ်ားအဖြဲ႔က ေဒါက္တာျမင့္ဦး ကို ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

==Unicode===

COVID-19 (ခေါ်) ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြီး၊ မြန်မာနိုင်ငံမှာ စတွေ့လာချိန်မှာ၊ ဆိုးဆိုးဝါးဝါးအဆင့်အထိ မခံစားရအောင် နိုင်ငံတကာသင်ခန်းစာကိုယူ ပြတ်ပြတ်သားသား လုပ်သင့်ပါတယ်။

ဒီရောဂါကြီးကို အိမ်နီးချင်း တရုတ်ကနေ တိုက်ရိုက်မရရှိဘဲ၊ အဝေးနိုင်ငံများဖြစ်တဲ့ အမေရိကန်နဲ့ ဗြိတိန်တို့ကို ပတ်ပြီးမှ မြန်မာနိုင်ငံမှာ စတွေ့ချိန်ကနေ၊ ရက်သတ္တပတ် (၁) ပတ်၊ (၂) ပတ်အတွင်း လုပ်ဆောင်မူက အများပြည်သူ သေရေးရှင်ရေးကို အဆုံးအဖြတ်ပေးနိုင်တာကြောင့်၊ အဓိက အမြန်လုပ်ဆောင်သင့်တာတွေကို နိုင်ငံတကာမှာ သင်ခန်းစာပြထားပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အခုအချိန်မှာ စတင်တွေ့ရှိသူတွေနဲ့ ထိတွေ့ထားခဲ့သူနဲ့ သွားလာခဲ့တဲ့နေရာတွေကို အစိုးရအနေနဲ့ အမြန်ရှာဖွေဖော်ထုတ်ထားပြီး၊ လူတွေကို ချက်ချင်း လုံခြုံထိရောက်စွာ သီးသန့်ခွဲထားတာ (Quarantine) နဲ့ နေရာတွေကို ထိထိရောက်ရောက် အဝင်အထွက်ပိတ်တာ (Lockdown) တွေက အရေးပါပါတယ်။ တချိန်ထဲမှာ အခုလို အိမ်မှာသီးသန့်ခွဲနေသူတွေ အပါအဝင် သီးသန့်ခွဲထားသူတွေနဲ့ အဝင်အထွက်ပိတ်ပင်တဲ့ (Lockdown) နေရာတွေမှာ၊ ရောဂါလက္ခဏာ မပြသေးလျှင်တောင် ဆေးစစ်ပေးသင့်ပါတယ်။ သို့မှသာ ဒီရောဂါရဲ့ ထူးခြားကြောက်စရာကောင်းတဲ့ ရောဂါလက္ခဏာမပြဘဲ၊ အခြားသူတွေကို တဟုန်ထိုး ကူးစက်နိုင်ခြေကနေ ကာကွယ်နိုင်မှာပါ။

အီတလီနိုင်ငံမှာ အခုလိုစဖြစ်ချိန်မှာ ထိရောက်တဲ့ သီးသန့်ခွဲထားမူတွေ၊ အဝင်အထွက်ပိတ်ပင်မူတွေနဲ့ တစိုက်မတ်မတ် ကျယ်ကျယ်ပြန့်ပြန့် ဆေးစစ်မူတွေ မလုပ်ခဲ့ဘဲ၊ နောက်ကျမှ အဝင်အထွက် ပိတ်မိတာကြောင့် လပိုင်းတွင်း ရောဂါကူးစက်ခံရသူ တဟုန်ထိုး သောင်းဂဏန်းတွေနဲ့ချီ ပေါက်ကွဲထွက်သွားကာ၊ သေဆုံးသူများက စဖြစ်ပြီး အများဆုံးကူးစက်ခံရတဲ့ တရုတ်ထက်တောင် အများကြီးပိုများသွားကာ ထောင်ဂဏန်းတွေနဲ့ချီ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပါတယ်။

ဒါပေမဲ့ အီတလီထက် စောပြီးရောဂါစတွေ့ခဲ့တဲ့ စင်္ကာပူနိုင်ငံမှာတော့၊ အမြန်လိုက်ရှာ ဆေးစစ်မူတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်တာအပြင်၊ ပိုးတွေ့ခဲ့သူတွေ ထိတွေ့ခဲ့သူတွေနဲ့ သွားခဲ့တဲ့နေရာတွေကို အမြန်ဖော်ထုတ်ကာ၊ အိမ်တွင်းသီးသန့်ခွဲထားမူ (Home Quarantine) ကို ရဲနဲ့ပါပေါင်းပြီး ထိထိရောက်ရောက် လုပ်နိုင်ခဲ့တာကြောင့်၊ ရောဂါကူးစက်ခံရသူ ရာဂဏန်းတွေသာရှိပြီး၊ သေဆုံးသူကလဲ အခုချိန်ထိ (၂) ဦးပဲ ရှိပါသေးတယ်။ စင်္ကာပူမှာ အိမ်တွင်းသီးသန့်ခွဲထားသူတွေကိုလည်း တရားရုံးက အကြောင်းကြားစာပို့ပြီး စောင့်ကြည့်ကာ၊ မလိုက်နာသူတွေကို ထောင်ဒဏ် ၊ငွေဒဏ်ချပြတာအပြင်၊ ဆွဲဆောင်တဲ့အနေနဲ့ လိုက်နာသူတွေကိုလည်း စားဖို့သောက်ဖို့ တစ်နေ့ကို စင်္ကာပူဒေါ်လာ (၁၀၀) ကူညီပေးတာနဲ့ ဒီရောဂါဆိုင်ရာ အခမဲ့ကုသပေးတာတွေပါ လုပ်ဆောင်ပေးခဲ့ပါတယ်။ တကယ်တော့ အခုလိုလုပ်ဆောင်နိုင်တာက အရင် ၂၀၀၃ ခုနှစ်က စင်္ကာပူမှာဖြစ်ခဲ့ပြီး လူအသေအပျောက်ရှိခဲ့တဲ့၊ SARS ပြန်းထန်အသက်ရူလမ်းကြောင်းရောဂါကြီး (Severe Acute Respiratory Syndrome) အတွက် အရေးပေါ်ကျန်းမာရေး ပြင်ဆင်မူစနစ်ရှိထားခဲ့တာကြောင့်ပါ။ ဒီစနစ်အရ ဆေးစစ်တာတွေ၊ ပြုစုစောင့်ရှောက်ပေးတာတွေနဲ့ ဆေးရုံလွှဲပေးတာတွေကိုလည်း၊ ပုဂ္ဂလိကဆေးခန်းတစ်ထောင်ခန့်မှာ ခွဲပြီး မြန်မြန်ဆန်ဆန် လုပ်ဆောင်ပေးနိုင်အောင် သင်တန်းတွေပေးထားပြီး အသင့်ဖြစ်နေခဲ့တာပါ။

အထက်ပါ နိုင်ငံတကာသင်ခန်းစာတွေကြောင့် မြန်မာနိုင်ငံမှာလည်း လက်ရှိစိန်ခေါ်ချက်ဖြစ်တဲ့၊ အထူးသဖြင့် ဒီရောဂါပိုးကူးစက်သူ ရာချီရှိထားပြီး ဒီအထဲမှာ မြန်မာရွေ.ပြောင်းအလုပ်သမား အနည်းငယ်ကူးစက်ခံရတာ တွေ့ရှိထားတဲ့ ထိုင်းနိုင်ငံကနေ၊ မြန်မာအလုပ်သမား အမြောက်အများ နယ်စပ်တွေကတဆင့် ပြန်ဝင်လာနေချိန်မှာ၊ ထိရောက်တဲ့ အိမ်တွင်းသီးသန့်ခွဲနေမူဖြစ်အောင်၊ အစိုးရက ကြပ်ကြပ်မတ်မတ် လုပ်ဆောင်ပေးသင့်ပါတယ်။ ဒါ့အပြင် တရားမဝင် နယ်စပ်ပေါက်တွေကနေ၊ လူမသိသူမသိ ပြန်လာနိုင်သူတွေကိုလည်း၊ ရပ်ကွက်၊ကျေးရွာတွင်းမှာ အုပ်ချုပ်ရေးနဲ့ ရဲတွေ၊ လူမူရေးစေတနာ့ဝန်ထမ်းတွေ ပူးပေါင်းပြီး၊ အမြန်စုံစမ်းရှာဖွေကာ၊ ထိရောက်တဲ့ အိမ်တွင်းသီးသန့်ခွဲနေမူဖြစ်အောင် စောင့်ကြည့်ပေးတာနဲ့ စားရေးသောက်ရေး ကူညီပေးတာတွေ လုပ်ဆောင်ပေးသင့်ပါတယ်။

ဒီရောဂါစဖြစ်လျှင် ပထမဆုံးကူးစက်ခံရလေ့ရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း၊ စင်္ကာပူကဲ့သို့ ထိရောက်တဲ့ ကာကွယ်ရေးသင်တန်းတွေနဲ့ အထောက်အကူပစ္စည်းတွေ ပံ့ပိုးပေးသင့်ပါတယ်။ အီတလီမှာတော့ အလာတူသင်တန်းတွေမရှိခဲ့ဘဲ၊ ကျန်းမာရေးဝန်ထမ်း ကူးစက်ခံရမူက တရုတ်ထက် အများကြီးများခဲ့ပြီး၊ ထောင်ဂဏန်းတွေနဲ့ချီရှိကာ၊ သေဆုံးမူတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ရုံးတွေ၊ လုပ်ငန်းတွေမှာ အသုတ်လိုက်လူခွဲ ဆင်းစေတာနဲ့၊ အများပြည်သူသုံး လူကြပ်တဲ့ မြို့ကူးသင်္ဘောတွေနဲ့ မြို့တွင်းဘတ်စကားတွေပေါ်မှာ လူမကြပ်အောင်နဲ့ ကာကွယ်ရေးပစ္စည်းတွေ သုံးနိုင်အောင် စည်းကမ်းထုတ် စီစဉ်ပေးသင့်ပါတယ်။

ဒီကြောက်စရာကောင်းတဲ့ ရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG