သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကို႐ိုနာဗိုင္းရပ္စ္ ေနာက္ဆုံးေပၚကာကြယ္နည္းမ်ား


Coronavirus အႏၲရာယ္ ကာကြယ္ရန္နည္းလမ္းမ်ား
တိုက္႐ိုက္ လင့္ခ္

ကို႐ိုနာဗိုင္းရပ္စ္ အဆုပ္ေရာင္ေရာဂါ (COVID-19)၊ ကမာၻ႔ကပ္ေရာဂါႀကီးအျဖစ္ တဟုန္ထိုး ကူးစက္လာေနခ်ိန္မွာ၊ ျမန္မာႏိုင္ငံကို ကူးစက္ႏိုင္ေျခအတြက္လည္း၊ ကမာၻမွာ ေနာက္ဆုံးေတြ႕ရွိထားတဲ့ အေကာင္းဆုံး ကာကြယ္နည္းေတြကို ႀကိဳျပင္ထားသင့္ပါတယ္။ သို႔မွသာ ကူးလာခဲ့လွ်င္ေတာင္ အျခားႏိုင္ငံတခ်ဳိ ႔မွာလို ဆိုးဆိုးဝါးဝါး ဝုန္းကနဲ ထိန္းမႏိုင္သိမ္းမရ အမ်ားႀကီးကို မကူးစက္ႏိုင္မွာပါ။

အထိေရာက္ဆုံး ကာကြယ္နည္းျဖစ္တဲ့ လက္ေဆးရာမွာ၊ ေရ၊ဆပ္ျပာနဲ႔ ေဆးတာက လက္လူးေဆး (Hand Gel/ Hand Sanitizer) ထက္ပိုထိေရာက္ရျခင္းက၊ လက္မွာကပ္ေနတဲ့ ပိုးမႊားအားလုံးပါသြားၿပီး ပိုကင္းစင္သြားေစလို႔ပါ။ ေရ၊ဆပ္ျပာနဲ႔ ေဆးေၾကာရာမွာ လက္ေနရာအားလုံးႏွံ႔ေအာင္ စကၠန႔္ (၂၀) ၾကာအထိ ေရေဆးခ်တာေၾကာင့္၊ လက္ေနရာအားလုံးက ပိုးအမႈန္အမႊားေတြအကုန္ ကြာက်သြားပါတယ္။ ဒါေပမဲ့ အရက္ပ်ံေဆးပါတဲ့ လက္လူးေဆး (Hand Gel) ကေတာ့ ပြတ္တာသာျဖစ္တဲ့အတြက္၊ ပိုးတခ်ဳိ ႔ေသသြားႏိုင္ေပမယ့္ ပိုးအမႈန္အမႊားအားလံုး မေသသြားပါဘူး။

ေရ၊ ဆပ္ျပာနဲ႔ စကၠန႔္ (၂၀) ၾကာေဆးရာမွာ အေရးႀကီးတာက၊ ကေလးလက္ေဆးကဗ်ာမွာ ပါတဲ့အတိုင္း (လက္ဖဝါး၊ လက္ဖမိုး၊ လက္ဆစ္ခ်ိဳး၊ လက္ၾကား၊ လက္မ မက်န္ေစရ။ ကုတ္ပါ၊ ျခစ္ပါ၊ လကၡဏာ၊ လက္ေကာက္ဝတ္မွာ၊ အဆုံးသတ္ပါ။) လက္ဖဝါးတစ္ဖက္ကိုျဖန႔္ၿပီး ေနာက္လက္ဖဝါးတစ္ဖက္နဲ႔ ကုတ္ျခစ္ရာမွာ လကၡဏာအစင္းေၾကာင္းေတြကို လက္ေခ်ာင္းေတြနဲ႔ အေသအခ်ာထိဖို႔ လိုပါတယ္၊ ဒါ့အျပင္ လက္ေခ်ာင္းၾကား၊ လက္သည္းၾကားေတြလည္း မက်န္ဖို႔ အေရးႀကီးပါတယ္။ အလားတူ လက္ဖမိုးဖက္ကိုလည္း ေနာက္လက္တစ္ဖက္နဲ႔ အလားတူ ႏွံ႔ေအာင္ ပြတ္တိုက္ေဆးေၾကာၿပီး၊ လက္သီးပါဆုပ္ကာ ပတ္ပတ္လည္ ပြတ္တိုက္ေဆးေၾကာသင့္ပါတယ္။ ဒါ့အျပင္ လက္မအပါအဝင္ လက္တစ္ေခ်ာင္းခ်င္းကိုလည္း ပတ္ပတ္လည္ပြတ္တိုက္ေဆးေၾကာသင့္ပါတယ္။ ေနာက္ဆုံးမွာ လက္ေကာက္ဝတ္အထိ အလားတူ ေဆးေၾကာေပးသင့္ပါတယ္။

အခုလို လက္ေနရာအႏွံ႔ ပြတ္တိုက္ေဆးေၾကာေနစဥ္မွာ ေရဘုံဘိုင္ကို ဖြင့္ခ်ထားရပါမယ္။ ေက်းလက္ေဒသမွာလည္း ေနာက္တစ္ဦးက ဆက္တိုက္ေရေလာင္းေပးထားရပါမယ္။ ဒါေပမဲ့ ေရဇလုံထဲ လက္စိမ္ေဆးတာမ်ိဳး မျဖစ္သင့္ပါ၊ ဒီေရထဲမွာပဲ ပိုးဆက္ရွိေနႏိုင္လို႔ပါ။ လက္ေဆးၿပီးလွ်င္လည္း ဘုံဘိုင္ေခါင္းကို လက္ဖ်ားနဲ႔မပိတ္ဘဲ၊ တံေတာင္ဆစ္နဲ႔ ပိတ္တာ၊ တစ္ခါသုံး တစ္႐ူးစကၠဴအသစ္ခံၿပီး ပိတ္တာမ်ိဳး လုပ္သင့္ပါတယ္။ အျခားသူသုံးၿပီးသား တစ္႐ူးစကၠဴအေဟာင္းကို မသုံးသင့္သလို၊ မိမိသုံးၿပီးသား တစ္ရႈးစကၠဴကိုလည္း အမႈိက္ပုံးထဲ တန္းထည့္သင့္ပါတယ္။ သန႔္ရွင္းေရးအလုပ္သမားေတြအေနနဲ႔လည္း လက္အိပ္သုံးၿပီး တစ္ရႈးစကၠဴနဲ႔ အမႈိက္ေတြကို သိမ္းဆည္းသင့္ပါတယ္။ လက္ေဆးၿပီး စိုေနခ်ိန္မွာလည္း တစ္ခါသုံးတစ္႐ူးစကၠဴအသစ္နဲ႔ သုတ္တာ (သို႔မဟုတ္) ေလထဲ အေျခာက္ခံတာမ်ိဳး လုပ္ေပးသင့္ၿပီး၊ သဘက္ (သိုမဟုတ္) လက္သုတ္ပဝါခ်ိတ္ၿပီး အားလုံးမွ် လက္သုတ္တာမ်ိဳး လုံးဝ မလုပ္သင့္ပါဘူး။ ဒီ သဘက္နဲ႔ လက္သုတ္ပဝါကို တျခားသူေတြ သုံးထားၿပီး ပိုးေတြရွိေနႏိုင္လို႔ပါ။

လက္လူးေဆး (Hand Gel) ကိုေတာ့ ေရ၊ဆပ္ျပာနဲ႔ မေဆးႏိုင္တဲ့ လမ္းသြားခ်ိန္မ်ိဳးမွာသာ သုံးသင့္ပါတယ္။ ဥပမာ၊ ဘတ္စကားစီးသြားခ်ိန္မွာ သုံးသင့္ပါတယ္။ ဒီလက္လူးေဆးသုံးရာမွာလည္း အရက္ပ်ံ (Alcohol) ၇၀% ပါတာ ျဖစ္ဖို႔ အေရးႀကီးပါတယ္။

ခပ္ခြာခြာေန လူမူဆက္ဆံေရး (Social Distancing) ကို အခုေနာက္ပိုင္းမွာ ႏိုင္ငံတကာက စတင္က်င့္သုံးလာေနပါတယ္။ အေၾကာင္းက တစ္ဦးနဲ႔တစ္ဦး ပူးကပ္ေနတာေၾကာင့္၊ ႏွာေစး၊ ေခ်ာင္းဆိုးတာကေန (၆) ေပအတြင္း တိုက္႐ိုက္ကူးႏိုင္တာအျပင္၊ တစ္ဦးရဲ႕ ေခ်ာင္းဆိုး၊ႏွာေခ်ရည္ေတြကို ေနာက္တစ္ဦးရဲ႕ လက္ကတဆင့္ ကူးစက္ႏိုင္ေျခမ်ားလြန္းလို႔ပါ။ ႏွာေစး၊ ေခ်ာင္းဆိုးေနတာအတြက္ (၆) ေပအကြာ ခြာေနသင့္ၿပီး၊ သာမန္လက္ကတဆင့္ (သို႔မဟုတ္) အဝတ္အစားနဲ႔ အျခားၾကားခံပစၥည္းေတြကတဆင့္ ထိေတြ႕ကူးစက္မိႏိုင္တာေတြအတြက္ အနည္းဆုံး (၃) ေပအကြာ (လက္တစ္ကမ္းအကြာခန႔္) ခြာ ေနသင့္ပါတယ္။ ဒါေၾကာင့္ လက္ဆြဲႏႈတ္ဆက္တာလည္း အခုအခ်ိန္မွာ ရပ္ဆိုင္းထားသင့္ပါတယ္။ လက္ဆြဲႏႈတ္ဆက္တာေၾကာင့္ မိမိလက္ထဲက ပိုးေတြကို အျခားသူလက္ထဲ ထည့္ေပးလိုက္သလို၊ အျခားသူလက္ထဲက ပိုးေတြကိုလည္း မိမိလက္နဲ႔ ယူလိုက္ၿပီးသား ျဖစ္ႏိုင္လို႔ပါ။ အခုလို တစ္ဦးနဲ႔တစ္ဦး အနီးကပ္ထိေတြ႕မူနည္းေအာင္လုပ္ရာမွာ လူစုလူေဝးနဲ႔ လူမူေရးစုဆုံပြဲေတြ မလုပ္တာ၊ မသြားတာလည္း ပါဝင္ပါတယ္။ အေၾကာင္းက လူေတြစုၿပီး ပူးကပ္ေနတဲ့ ဗလီေတြ၊ ႐ုပ္ရွင္႐ုံမ်ိဳးေတြကေန တျခားႏိုင္ငံတခ်ဳိ ႔မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မူ ျပင္းျပင္းထန္ထန္ ျဖစ္ခဲ့လို႔ပါ။

အခုေခတ္မွာ တစ္ဦးနဲ႔တစ္ဦး ပူးကပ္ၿပီး လက္ကိုင္ဖုန္း ျပတာ၊ ဖတ္တာ၊ အတူတူဖုန္းပြတ္တာေတြ ရွိလာတာေၾကာင့္၊ ဒါမ်ိဳးေတြကိုလည္း ဆက္မလုပ္သင့္ေတာ့ပါဘူး။ လက္ကိုင္ဖုန္းကို လက္နဲ႔ထိေတြ႕တာမ်ားတာေၾကာင့္ အရက္ပ်ံနဲ႔ ပိုးသန႔္စင္ေပးႏိုင္ေပမယ့္၊ လက္ကိုင္ဖုန္းအျပင္၊ အမ်ားတကာလက္နဲ႔ ထိထားတဲ့ တံခါးလက္ကိုင္ေတြ၊ ဘတ္စကားလက္ကိုင္တန္းေတြ၊ ေလွကားလက္ကိုင္တန္းေတြ၊ ပိုက္ဆံေတြကို ပိုးသန႔္စင္ပစ္မယ့္အစား၊ ပိုအဓိကက်တဲ့ မိမိလက္ကို ေဆးေၾကာသန႔္စင္တာက ပိုအေရးပါပါတယ္။ တကယ္ေတာ့ တျခားသူေတြ ကိုင္ထားတာကို မိမိလက္နဲ႔ထိေတြ႕ၿပီးလွ်င္ေတာင္၊ မိမိမ်က္ႏွာကို လက္နဲ႔ျပန္မထိမိေသးလွ်င္ ဒီပိုးကူးဖို႔ ခက္ေနပါေသးတယ္။ ဒါေၾကာင့္ တျခားသူေတြကိုင္ထားတာကို မိမိကိုင္မိၿပီးလွ်င္၊ မ်က္ႏွာကို ခ်က္ခ်င္း ျပန္မကိုင္မိေအာင္ ႀကိဳးစားၿပီး၊ မ်က္ႏွာမျဖစ္မေန ကိုင္ခ်င္လာခ်ိန္မွာလည္း၊ လက္ကို ေရ၊ဆပ္ျပာ (သို႔မဟုတ္) လက္လူးေဆး (Hand Gel) နဲ႔ အရင္ ေဆးလိုက္သင့္ပါတယ္။ ဒါေတြေၾကာင့္ ေနာက္ဆုံးမွာေတာ့ တျခားသူေတြဆီကတဆင့္သာ ကူးစက္ႏိုင္တဲ့ ဒီေရာဂါကေန ကာကြယ္ဖို႔၊ မိမိအိမ္သူအိမ္သားအားလုံး အိမ္အျပင္မထြက္ဘဲ ေနႏိုင္လွ်င္ေတာ့၊ ကူးစက္ခံရစရာအေၾကာင္း မရွိေတာ့ပါဘူး။

ဒီေရာဂါအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္း က ျမန္မာႏိုင္ငံဆရာဝန္မ်ားအသင္းရဲ႕ အေထြေထြေရာဂါကုဆရာဝန္မ်ားအဖြဲ႕က ေဒါက္တာျမင့္ဦး ကို ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

===Unicode===

ကိုရိုနာဗိုင်းရပ်စ် အဆုပ်ရောင်ရောဂါ (COVID-19)၊ ကမ္ဘာ့ကပ်ရောဂါကြီးအဖြစ် တဟုန်ထိုး ကူးစက်လာနေချိန်မှာ၊ မြန်မာနိုင်ငံကို ကူးစက်နိုင်ခြေအတွက်လည်း၊ ကမ္ဘာမှာ နောက်ဆုံးတွေ့ရှိထားတဲ့ အကောင်းဆုံး ကာကွယ်နည်းတွေကို ကြိုပြင်ထားသင့်ပါတယ်။ သို့မှသာ ကူးလာခဲ့လျှင်တောင် အခြားနိုင်ငံတချို့မှာလို ဆိုးဆိုးဝါးဝါး ဝုန်းကနဲ ထိန်းမနိုင်သိမ်းမရ အများကြီးကို မကူးစက်နိုင်မှာပါ။

အထိရောက်ဆုံး ကာကွယ်နည်းဖြစ်တဲ့ လက်ဆေးရာမှာ၊ ရေ၊ဆပ်ပြာနဲ့ ဆေးတာက လက်လူးဆေး (Hand Gel/ Hand Sanitizer) ထက်ပိုထိရောက်ရခြင်းက၊ လက်မှာကပ်နေတဲ့ ပိုးမွှားအားလုံးပါသွားပြီး ပိုကင်းစင်သွားစေလို့ပါ။ ရေ၊ဆပ်ပြာနဲ့ ဆေးကြောရာမှာ လက်နေရာအားလုံးနှံ့အောင် စက္ကန့် (၂၀) ကြာအထိ ရေဆေးချတာကြောင့်၊ လက်နေရာအားလုံးက ပိုးအမှုန်အမွှားတွေအကုန် ကွာကျသွားပါတယ်။ ဒါပေမဲ့ အရက်ပျံဆေးပါတဲ့ လက်လူးဆေး (Hand Gel) ကတော့ ပွတ်တာသာဖြစ်တဲ့အတွက်၊ ပိုးတချို့သေသွားနိုင်ပေမယ့် ပိုးအမှုန်အမွှားအားလုံး မသေသွားပါဘူး။

ရေ၊ ဆပ်ပြာနဲ့ စက္ကန့် (၂၀) ကြာဆေးရာမှာ အရေးကြီးတာက၊ ကလေးလက်ဆေးကဗျာမှာ ပါတဲ့အတိုင်း (လက်ဖဝါး၊ လက်ဖမိုး၊ လက်ဆစ်ချိုး၊ လက်ကြား၊ လက်မ မကျန်စေရ။ ကုတ်ပါ၊ ခြစ်ပါ၊ လက္ခဏာ၊ လက်ကောက်ဝတ်မှာ၊ အဆုံးသတ်ပါ။) လက်ဖဝါးတစ်ဖက်ကိုဖြန့်ပြီး နောက်လက်ဖဝါးတစ်ဖက်နဲ့ ကုတ်ခြစ်ရာမှာ လက္ခဏာအစင်းကြောင်းတွေကို လက်ချောင်းတွေနဲ့ အသေအချာထိဖို့ လိုပါတယ်၊ ဒါ့အပြင် လက်ချောင်းကြား၊ လက်သည်းကြားတွေလည်း မကျန်ဖို့ အရေးကြီးပါတယ်။ အလားတူ လက်ဖမိုးဖက်ကိုလည်း နောက်လက်တစ်ဖက်နဲ့ အလားတူ နှံ့အောင် ပွတ်တိုက်ဆေးကြောပြီး၊ လက်သီးပါဆုပ်ကာ ပတ်ပတ်လည် ပွတ်တိုက်ဆေးကြောသင့်ပါတယ်။ ဒါ့အပြင် လက်မအပါအဝင် လက်တစ်ချောင်းချင်းကိုလည်း ပတ်ပတ်လည်ပွတ်တိုက်ဆေးကြောသင့်ပါတယ်။ နောက်ဆုံးမှာ လက်ကောက်ဝတ်အထိ အလားတူ ဆေးကြောပေးသင့်ပါတယ်။

အခုလို လက်နေရာအနှံ့ ပွတ်တိုက်ဆေးကြောနေစဉ်မှာ ရေဘုံဘိုင်ကို ဖွင့်ချထားရပါမယ်။ ကျေးလက်ဒေသမှာလည်း နောက်တစ်ဦးက ဆက်တိုက်ရေလောင်းပေးထားရပါမယ်။ ဒါပေမဲ့ ရေဇလုံထဲ လက်စိမ်ဆေးတာမျိုး မဖြစ်သင့်ပါ၊ ဒီရေထဲမှာပဲ ပိုးဆက်ရှိနေနိုင်လို့ပါ။ လက်ဆေးပြီးလျှင်လည်း ဘုံဘိုင်ခေါင်းကို လက်ဖျားနဲ့မပိတ်ဘဲ၊ တံတောင်ဆစ်နဲ့ ပိတ်တာ၊ တစ်ခါသုံး တစ်ရူးစက္ကူအသစ်ခံပြီး ပိတ်တာမျိုး လုပ်သင့်ပါတယ်။ အခြားသူသုံးပြီးသား တစ်ရူးစက္ကူအဟောင်းကို မသုံးသင့်သလို၊ မိမိသုံးပြီးသား တစ်ရှုးစက္ကူကိုလည်း အမှိုက်ပုံးထဲ တန်းထည့်သင့်ပါတယ်။ သန့်ရှင်းရေးအလုပ်သမားတွေအနေနဲ့လည်း လက်အိပ်သုံးပြီး တစ်ရှုးစက္ကူနဲ့ အမှိုက်တွေကို သိမ်းဆည်းသင့်ပါတယ်။ လက်ဆေးပြီး စိုနေချိန်မှာလည်း တစ်ခါသုံးတစ်ရူးစက္ကူအသစ်နဲ့ သုတ်တာ (သို့မဟုတ်) လေထဲ အခြောက်ခံတာမျိုး လုပ်ပေးသင့်ပြီး၊ သဘက် (သိုမဟုတ်) လက်သုတ်ပဝါချိတ်ပြီး အားလုံးမျှ လက်သုတ်တာမျိုး လုံးဝ မလုပ်သင့်ပါဘူး။ ဒီ သဘက်နဲ့ လက်သုတ်ပဝါကို တခြားသူတွေ သုံးထားပြီး ပိုးတွေရှိနေနိုင်လို့ပါ။

လက်လူးဆေး (Hand Gel) ကိုတော့ ရေ၊ဆပ်ပြာနဲ့ မဆေးနိုင်တဲ့ လမ်းသွားချိန်မျိုးမှာသာ သုံးသင့်ပါတယ်။ ဥပမာ၊ ဘတ်စကားစီးသွားချိန်မှာ သုံးသင့်ပါတယ်။ ဒီလက်လူးဆေးသုံးရာမှာလည်း အရက်ပျံ (Alcohol) ၇၀% ပါတာ ဖြစ်ဖို့ အရေးကြီးပါတယ်။

ခပ်ခွာခွာနေ လူမူဆက်ဆံရေး (Social Distancing) ကို အခုနောက်ပိုင်းမှာ နိုင်ငံတကာက စတင်ကျင့်သုံးလာနေပါတယ်။ အကြောင်းက တစ်ဦးနဲ့တစ်ဦး ပူးကပ်နေတာကြောင့်၊ နှာစေး၊ ချောင်းဆိုးတာကနေ (၆) ပေအတွင်း တိုက်ရိုက်ကူးနိုင်တာအပြင်၊ တစ်ဦးရဲ့ ချောင်းဆိုး၊နှာချေရည်တွေကို နောက်တစ်ဦးရဲ့ လက်ကတဆင့် ကူးစက်နိုင်ခြေများလွန်းလို့ပါ။ နှာစေး၊ ချောင်းဆိုးနေတာအတွက် (၆) ပေအကွာ ခွာနေသင့်ပြီး၊ သာမန်လက်ကတဆင့် (သို့မဟုတ်) အဝတ်အစားနဲ့ အခြားကြားခံပစ္စည်းတွေကတဆင့် ထိတွေ့ကူးစက်မိနိုင်တာတွေအတွက် အနည်းဆုံး (၃) ပေအကွာ (လက်တစ်ကမ်းအကွာခန့်) ခွာ နေသင့်ပါတယ်။ ဒါကြောင့် လက်ဆွဲနှုတ်ဆက်တာလည်း အခုအချိန်မှာ ရပ်ဆိုင်းထားသင့်ပါတယ်။ လက်ဆွဲနှုတ်ဆက်တာကြောင့် မိမိလက်ထဲက ပိုးတွေကို အခြားသူလက်ထဲ ထည့်ပေးလိုက်သလို၊ အခြားသူလက်ထဲက ပိုးတွေကိုလည်း မိမိလက်နဲ့ ယူလိုက်ပြီးသား ဖြစ်နိုင်လို့ပါ။ အခုလို တစ်ဦးနဲ့တစ်ဦး အနီးကပ်ထိတွေ့မူနည်းအောင်လုပ်ရာမှာ လူစုလူဝေးနဲ့ လူမူရေးစုဆုံပွဲတွေ မလုပ်တာ၊ မသွားတာလည်း ပါဝင်ပါတယ်။ အကြောင်းက လူတွေစုပြီး ပူးကပ်နေတဲ့ ဗလီတွေ၊ ရုပ်ရှင်ရုံမျိုးတွေကနေ တခြားနိုင်ငံတချို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မူ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့လို့ပါ။

အခုခေတ်မှာ တစ်ဦးနဲ့တစ်ဦး ပူးကပ်ပြီး လက်ကိုင်ဖုန်း ပြတာ၊ ဖတ်တာ၊ အတူတူဖုန်းပွတ်တာတွေ ရှိလာတာကြောင့်၊ ဒါမျိုးတွေကိုလည်း ဆက်မလုပ်သင့်တော့ပါဘူး။ လက်ကိုင်ဖုန်းကို လက်နဲ့ထိတွေ့တာများတာကြောင့် အရက်ပျံနဲ့ ပိုးသန့်စင်ပေးနိုင်ပေမယ့်၊ လက်ကိုင်ဖုန်းအပြင်၊ အများတကာလက်နဲ့ ထိထားတဲ့ တံခါးလက်ကိုင်တွေ၊ ဘတ်စကားလက်ကိုင်တန်းတွေ၊ လှေကားလက်ကိုင်တန်းတွေ၊ ပိုက်ဆံတွေကို ပိုးသန့်စင်ပစ်မယ့်အစား၊ ပိုအဓိကကျတဲ့ မိမိလက်ကို ဆေးကြောသန့်စင်တာက ပိုအရေးပါပါတယ်။ တကယ်တော့ တခြားသူတွေ ကိုင်ထားတာကို မိမိလက်နဲ့ထိတွေ့ပြီးလျှင်တောင်၊ မိမိမျက်နှာကို လက်နဲ့ပြန်မထိမိသေးလျှင် ဒီပိုးကူးဖို့ ခက်နေပါသေးတယ်။ ဒါကြောင့် တခြားသူတွေကိုင်ထားတာကို မိမိကိုင်မိပြီးလျှင်၊ မျက်နှာကို ချက်ချင်း ပြန်မကိုင်မိအောင် ကြိုးစားပြီး၊ မျက်နှာမဖြစ်မနေ ကိုင်ချင်လာချိန်မှာလည်း၊ လက်ကို ရေ၊ဆပ်ပြာ (သို့မဟုတ်) လက်လူးဆေး (Hand Gel) နဲ့ အရင် ဆေးလိုက်သင့်ပါတယ်။ ဒါတွေကြောင့် နောက်ဆုံးမှာတော့ တခြားသူတွေဆီကတဆင့်သာ ကူးစက်နိုင်တဲ့ ဒီရောဂါကနေ ကာကွယ်ဖို့၊ မိမိအိမ်သူအိမ်သားအားလုံး အိမ်အပြင်မထွက်ဘဲ နေနိုင်လျှင်တော့၊ ကူးစက်ခံရစရာအကြောင်း မရှိတော့ပါဘူး။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG