(Zawgyi/Unicode)
ဒီသီတင္းပတ္ေတြအတြင္း အေမရိကန္ေတြရဲ့ လူေနမႈဘဝ ပံုမွန္အတိုင္း ျပန္ျဖစ္လာေစခ်င္တယ္လို႔ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ေျပာေနေပမဲ့ အေမရိကန္ျပည္ေထာင္စုဟာ မၾကာခင္မွာပဲ ကိုရိုနာဗုိင္းရပ္စ္ ကမာၻ႔ကပ္ေရာဂါ ျဖစ္ပြားတဲ့ အခ်က္အခ်ာ ေနရာတခု ျဖစ္လာႏုိင္တယ္လို႔ WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီးက ေျပာၾကားလုိက္ပါတယ္။
အဂၤါေန႔မွာ ေရာဂါျဖစ္ေနတယ္လို႔ အတည္ျပဳႏိုင္တဲ့ လူနာအားလံုးရဲ့ ၈၅ ရာခိုင္ႏႈန္းဟာ ဥေရာပနဲ႔ အေမရိကန္ ႏိုင္ငံေတြက ျဖစ္ၿပီး အဲဒီထဲမွာ အေမရိကန္က ၄၀ ရာခိုင္ႏႈန္း ျဖစ္ေနတာ ေတြ႔ရတာသလို အေမရိကန္ႏိုင္ငံမွာ ျဖစ္ပြားသူဦးေရ တျဖည္းျဖည္း တိုးလာေနတယ္လို႔ WHO ေျပာခြင့္ရ Margaret Harris က ေျပာပါတယ္။ ဒါေပမဲ့လည္း ဒါဟာ အေမရိကန္ႏုိင္ငံမွာ ဒီေရာဂါ ျဖစ္မျဖစ္ စမ္းသပ္မႈေတြ ပိုလုပ္လာႏိုင္တာေၾကာင့္ေတာ့ ျဖစ္ႏုိင္တယ္လုိ႔လည္း ေျပာပါတယ္။
အဂၤါေန႔ညပိုင္းအထိ ဆိုရင္ အေမရိကန္ႏိုင္ငံမွာ ဒီေရာဂါျဖစ္ပြားသူ ၄၆,၅၀၀ ရွိေနၿပီး ေသဆံုးသူက ၆၀၀ ရွိေနတာပါ။
ဒီလိုျဖစ္ပြားေနတဲ့ အတြက္ အေမရိကန္ျပည္ေထာင္စုမွာ ကန္႔သတ္ပိတ္ပင္မႈေတြ ခ်ထား ခ်ိန္မွာပဲ အိႏၵိယဝန္ႀကီးခ်ဳပ္ နရိန္ဒရာမိုဒီ ကလည္း အဂၤါေန႔ကစၿပီး သူ႔ႏိုင္ငံသား သန္းေပါင္း ၁,၃၀၀ ကို သီတင္း ၃ ပတ္ၾကာ အသြားအလာ လံုးဝမလုပ္ဖို႔ ကန္႔သတ္လိုက္ပါတယ္။
အီတလီမွာေတာ့ အခုခ်ိန္အထိ ဒီေရာဂါေၾကာင့္ ေသဆံုးရသူေပါင္းက ၆,၀၀၀ ရွိေနၿပီး အခုထိ အေျခေနဆိုးေနေသးေပမဲ့ တရုတ္ႏုိင္ငံမွာေတာ့ အေျခေနက သိပ္ကို တိုးတက္လာေနတာပါ။
[Unicode Version]
အမေရိကန်မှာ COVID-19 ရောဂါပိုဆိုးလာနိုင်ခြေ ရှိ
ဒီသီတင်းပတ်တွေအတွင်း အမေရိကန်တွေရဲ့ လူနေမှုဘဝ ပုံမှန်အတိုင်း ပြန်ဖြစ်လာစေချင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောနေပေမဲ့ အမေရိကန်ပြည်ထောင်စုဟာ မကြာခင်မှာပဲ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားတဲ့ အချက်အချာ နေရာတခု ဖြစ်လာနိုင်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။
အင်္ဂါနေ့မှာ ရောဂါဖြစ်နေတယ်လို့ အတည်ပြုနိုင်တဲ့ လူနာအားလုံးရဲ့ ၈၅ ရာခိုင်နှုန်းဟာ ဥရောပနဲ့ အမေရိကန် နိုင်ငံတွေက ဖြစ်ပြီး အဲဒီထဲမှာ အမေရိကန်က ၄၀ ရာခိုင်နှုန်း ဖြစ်နေတာ တွေ့ရတာသလို အမေရိကန်နိုင်ငံမှာ ဖြစ်ပွားသူဦးရေ တဖြည်းဖြည်း တိုးလာနေတယ်လို့ WHO ပြောခွင့်ရ Margaret Harris က ပြောပါတယ်။ ဒါပေမဲ့လည်း ဒါဟာ အမေရိကန်နိုင်ငံမှာ ဒီရောဂါ ဖြစ်မဖြစ် စမ်းသပ်မှုတွေ ပိုလုပ်လာနိုင်တာကြောင့်တော့ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။
အင်္ဂါနေ့ညပိုင်းအထိ ဆိုရင် အမေရိကန်နိုင်ငံမှာ ဒီရောဂါဖြစ်ပွားသူ ၄၆,၅၀၀ ရှိနေပြီး သေဆုံးသူက ၆၀၀ ရှိနေတာပါ။
ဒီလိုဖြစ်ပွားနေတဲ့ အတွက် အမေရိကန်ပြည်ထောင်စုမှာ ကန့်သတ်ပိတ်ပင်မှုတွေ ချထား ချိန်မှာပဲ အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာမိုဒီ ကလည်း အင်္ဂါနေ့ကစပြီး သူ့နိုင်ငံသား သန်းပေါင်း ၁,၃၀၀ ကို သီတင်း ၃ ပတ်ကြာ အသွားအလာ လုံးဝမလုပ်ဖို့ ကန့်သတ်လိုက်ပါတယ်။
အီတလီမှာတော့ အခုချိန်အထိ ဒီရောဂါကြောင့် သေဆုံးရသူပေါင်းက ၆,၀၀၀ ရှိနေပြီး အခုထိ အခြေနေဆိုးနေသေးပေမဲ့ တရုတ်နိုင်ငံမှာတော့ အခြေနေက သိပ်ကို တိုးတက်လာနေတာပါ။