သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္ပမွာ ပိတ္မိေနတဲ့ ႏုိင္ငံသားေတြကုိ ကန္ အစုိးရကူညီမည္


(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ျပန္႔ႏွံမႈကို တားဆီးဖို႔ ေလေၾကာင္းခရီးသြားလာမႈတြကို ပိတ္ပင္လိုက္တာ ဒါမွမဟုတ္ နယ္စပ္ဂိတ္ေတြကို ပိတ္ပစ္ခဲ့တဲ့ ႏိုင္ငံေတြကေန ေနရပ္ရင္း အေမရိကန္ျပည္ေထာင္စုကို ျပန္လာဖို႔ အခက္အခဲႀကံဳေနတဲ့ နိုင္ငံသားတြကို အကူအညီေတြေပးဖို႔ တတ္ႏိုင္တဲ့ နည္းလမ္းမွန္သမွ်ကို စဥ္းစားေနေၾကာင္း တနလၤာေန႔က အေမရိကန္တာ၀န္ရွိသူေတြက ေျပာပါတယ္။

COVID-19 ဟာ ကမၻာ့ကပ္ေရာဂါျဖစ္လာခ်ိန္မွာ ျပင္ပႏိုင္ငံေတြမွာ ေရာက္ရွိေနတဲ့ ေသာင္းနဲ႔ခ်ီတဲ့ အေမရိကန္ႏိုင္ငံသားေတြလည္း ေနရပ္ျပန္လာလို႔မရပဲ ေသာင္တင္ေနၾကပါတယ္။ လက္ရွိ အေမရိကန္ႏိုင္ငံသား ၁၃,၅၀၀ ေက်ာ္ဟာ သူတို႔ေရာက္ရွိေနတဲ့ ႏိုင္ငံေတြကေန အေမရိကန္ကို ျပန္လာဖို႔ အကူအညီေတာင္းခံထားတယ္လို႔ အေမရိကန္ႏို္င္ငံျခားေရးဌာန အရာရွိတဦးက ေျပာပါတယ္။

ႏိုင္ငံသားေတြအေနနဲ႔ အတတ္ႏိုင္ဆံုး သာမန္ခရီးသည္ေလေၾကာင္းလိုင္းေတြကေန ဦးစားေပးျပန္လာၾကဖို႔ တိုက္တြန္းထားတယ္လို႔ အဲဒီအရာရွိကေျပာပါတယ္။ ဒါေပမယ္လို႔ ေနာက္ဆံုးလိုအပ္မယ္ဆိုရင္ ေမွ်ာ္လင့္မထားတဲ့ အေရးေပၚအေျခအေနအတြက္ အထူးရန္ပံုေငြကို လႊတ္ေတာ္ရဲ႕ ခြင့္ျပဳခ်က္နဲ႕ ခ်မွတ္ၿပီး စစ္သံုးေလယာဥ္ေတြ၊ ကိုယ္ပိုင္ေလယာဥ္ေတြ ကိုအသံုးျပဳၿပီး ႏိုင္ငံသားေတြကို ျပန္ေခၚဖို႔ စဥ္းစားထားတယ္လို႔ ဆိုပါတယ္။

ျပည္ပမွာ ပိတ္မိေနတဲ့ ႏိုင္ငံသားေတြကို ကယ္ထုတ္ေရးအတြက္ အေမရိကန္စစ္တပ္အေနနဲ႔ အၿမဲပဲ အဆင္သင့္ရွိေနေၾကာင္း ကန္ကာကြယ္ေရး၀န္ႀကီး Mark Esper ကလည္း မေန႔က အျခား သတင္းစာရွင္းလင္းပဲြတခုမွာ ေျပာသြားပါတယ္။

အေမရိကန္ႏိုင္ငံသားေတြအေနနဲ႔ ကိုယ္ေရာက္ရွိေနတဲ့ ႏိုင္ငံေတြက အနီးဆံုး အေမရိကန္သံရံုးေတြ ဒါမွမဟုတ္ ေကာင္စစ္၀န္ရံုးေတြသြားၿပီး Smart Traveler Enrollment (STEP) ဆိုတဲ့ အစီအစဥ္မွာ အမည္စာရင္းေပးသြင္းၾကဖို႔၊ ေနာက္ဆံုးသတင္းအခ်က္အလက္ေတြကို ေမးျမန္းစံုစမ္းၾကဖို႔လည္း အေမရိကန္ႏိုင္ငံျခားေရးဌာနက ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

................

ပြည်ပမှာပိတ်မိနေတဲ့ နိုင်ငံသားတွေကို ကန် အစိုးရကူညီမည်

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံမှုကို တားဆီးဖို့ လေကြောင်းခရီးသွားလာမှုတွကို ပိတ်ပင်လိုက်တာ ဒါမှမဟုတ် နယ်စပ်ဂိတ်တွေကို ပိတ်ပစ်ခဲ့တဲ့ နိုင်ငံတွေကနေ နေရပ်ရင်း အမေရိကန်ပြည်ထောင်စုကို ပြန်လာဖို့ အခက်အခဲကြုံနေတဲ့ နိုင်ငံသားတွကို အကူအညီတွေပေးဖို့ တတ်နိုင်တဲ့ နည်းလမ်းမှန်သမျှကို စဉ်းစားနေကြောင်း တနင်္လာနေ့က အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

COVID-19 ဟာ ကမ္ဘာ့ကပ်ရောဂါဖြစ်လာချိန်မှာ ပြင်ပနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ သောင်းနဲ့ချီတဲ့ အမေရိကန်နိုင်ငံသားတွေလည်း နေရပ်ပြန်လာလို့မရပဲ သောင်တင်နေကြပါတယ်။ လက်ရှိ အမေရိကန်နိုင်ငံသား ၁၃,၅၀၀ ကျော်ဟာ သူတို့ရောက်ရှိနေတဲ့ နိုင်ငံတွေကနေ အမေရိကန်ကို ပြန်လာဖို့ အကူအညီတောင်းခံထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတဦးက ပြောပါတယ်။

နိုင်ငံသားတွေအနေနဲ့ အတတ်နိုင်ဆုံး သာမန်ခရီးသည်လေကြောင်းလိုင်းတွေကနေ ဦးစားပေးပြန်လာကြဖို့ တိုက်တွန်းထားတယ်လို့ အဲဒီအရာရှိကပြောပါတယ်။ ဒါပေမယ်လို့ နောက်ဆုံးလိုအပ်မယ်ဆိုရင် မျှော်လင့်မထားတဲ့ အရေးပေါ်အခြေအနေအတွက် အထူးရန်ပုံငွေကို လွှတ်တော်ရဲ့ ခွင့်ပြုချက်နဲ့ ချမှတ်ပြီး စစ်သုံးလေယာဉ်တွေ၊ ကိုယ်ပိုင်လေယာဉ်တွေ ကိုအသုံးပြုပြီး နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။

ပြည်ပမှာ ပိတ်မိနေတဲ့ နိုင်ငံသားတွေကို ကယ်ထုတ်ရေးအတွက် အမေရိကန်စစ်တပ်အနေနဲ့ အမြဲပဲ အဆင်သင့်ရှိနေကြောင်း ကန်ကာကွယ်ရေးဝန်ကြီး Mark Esper ကလည်း မနေ့က အခြား သတင်းစာရှင်းလင်းပွဲတခုမှာ ပြောသွားပါတယ်။

အမေရိကန်နိုင်ငံသားတွေအနေနဲ့ ကိုယ်ရောက်ရှိနေတဲ့ နိုင်ငံတွေက အနီးဆုံး အမေရိကန်သံရုံးတွေ ဒါမှမဟုတ် ကောင်စစ်ဝန်ရုံးတွေသွားပြီး Smart Traveler Enrollment (STEP) ဆိုတဲ့ အစီအစဉ်မှာ အမည်စာရင်းပေးသွင်းကြဖို့၊ နောက်ဆုံးသတင်းအချက်အလက်တွေကို မေးမြန်းစုံစမ်းကြဖို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG