သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ကာလ အခွန်ထမ်းပြည်သူတွေကို ငွေကြေးထောက်ပံ့ဖို့ အမေရိကန်အစိုးရ ပြင်ဆင်


သမ္မတ Trump ရုပ်သံမိန့်ခွန်း ပြောကြားနေသည်ကို နယူးယောက်အိတ်ချိန်းတွင် နားထောင်နေကြသူများ။ (မတ် ၁၇၊ ၂၀၂၀)
သမ္မတ Trump ရုပ်သံမိန့်ခွန်း ပြောကြားနေသည်ကို နယူးယောက်အိတ်ချိန်းတွင် နားထောင်နေကြသူများ။ (မတ် ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် လူတွေ ခရီးသွားလာမှု လုံးဝလျော့ကျသွားပြီး လေကြောင်းလိုင်းတွေ ထိခိုက်လာတာ၊ စားသောက်ဆိုင်တွေနဲ့ ဘားဆိုင်တွေ ဖျော်ဖြေရေးပွဲတွေပါ ရပ်နားထားရလို့ ဒီလုပ်ငန်းတွေနဲ့ ဆက်နွှယ်ပြီး လူတွေ အလုပ်လက်မဲ့ဖြစ်လာတာ၊ စီးပွားရေး ထိခိုက်ကျဆင်းလာတာတွေကြောင့် သမ္မတ Trump အစိုးရက ဒေါ်လာ ၁ ထရီလျံတန် စီးပွားရေး ကျားကန်ပေးမယ့် အစီအစဉ်ကို မကြာခင်မှာ စတင်ကျင့်သုံးဖို့ ရှိနေပါတယ်။ ဒီအကြောင်းကို လေ့လာထားတဲ့ လုံခြုံရေးဌာနဆိုင်ရာ အစိုးရဝန်ထမ်းတဦးဖြစ်တဲ့ ဗာဂျီးနီးယားပြည်နယ်က ဦးဇော်ဝင်းကို ဗွီအိုအေ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စတင်ရှင်းပြပါတယ်။

ဦးဇော်ဝင်း - “အခု အမေရိကန်လွှတ်တော်က ဆွေးနွေးနေတာကတော့ ကူညီထောက်ပံ့ဖို့ပေါ့၊ ၁ ထရီလျံတန်တဲ့ ကူညီထောက်ပံ့ပေးမယ့် Package ကို သူတို့ ဆွေးနွေးနေပါတယ်။ အဲဒါက အကြမ်းအားဖြင့် အလွှာတွေခွဲပြီးတော့ သူတို့ ဆွေးနွေးတယ်။ ပထမတလွှာကတော့ စီးပွားရေး အကြီးစားဖြစ်ကြတဲ့ လေကြောင်းဆိုင်ရာ လုပ်ငန်းတွေကို ကူညီမယ်။ ကူညီမယ်ဆိုတာက အခုဗိုင်းရပ်စ်ဖြစ်တော့ လူတွေက ကြောက်ပြီးတော့ သွားလာမှု နည်းသွားတာ အခုဆို လေယာဉ်ပျံသွားနှုန်းက အရမ်းနည်းသွားတယ်။ အဲဒီရဲ့ အကျိုးဆက်က လေကြောင်းတွေ ထိခိုက်တယ်။ အဲဒါကို ငွေချေးပြီးတော့ စီးပွားရေး ဆက်လည်ပတ်နိုင်အောင် လုပ်ပေးမယ်ဆိုတဲ့ သဘော။

“ဒုတိယအလွှာကတော့ အလတ်တန်းစားနဲ့ အငယ်တန်းစား စီးပွားရေးလုပ်ငန်းရှင်ပေါ့၊ ဆူရှီသမားပဲဖြစ်ဖြစ်၊ ကောဇောခင်းတဲ့လုပ်ငန်းလိုဟာမျိုး၊ အဲဒါမျိုးတွေကို သူက ငွေချေးပြီးတော့ စီးပွားရေးလုပ်ငန်းတွေ ဆက်ပြီးလည်ပတ်နိုင်အောင် သူတို့ကူညီမယ်။ နောက်ဆုံးအလွှာကတော့ အမေရိကန်မှာ နှစ်စဉ် အခွန်ဆောင်တဲ့လူတွေကို တိုက်ရိုက် Check ပို့ပေးပြီးတော့ ရော့ယူဆိုပြီးတော့၊ နံပါတ်အားဖြင့်တော့ နှစ်ခုထွက်နေတယ်၊ တချို့ကပြောတော့ လူတယောက်ကို တထောင်လို့ပြောတယ်၊ တချို့ကတော့ တထောင့်နှစ်ရာလို့ ပြောကြတယ်။”

ကိုဉာဏ်ဝင်းအောင် - ဒီလို နှစ်စဉ် အခွန်ဆောင်တဲ့လူတွေကို ပေးမယ်ဆိုတော့ တယောက်ကို ဘယ်လောက်ပေးမှာလဲ၊ ဝင်ငွေအလိုက် ကန့်သတ်မှာလား ဘယ်လိုရှိပါသလဲ။

ဦးဇော်ဝင်း - “ကျနော် ဖတ်သရွေ့ကတော့ နှစ်စဉ် လူတယောက်ချင်း တင်တယ်ဆိုပါဆို့၊ နှစ်စဉ် လစာဝင်ငွေ ၇၅၀၀၀ အောက်ဆိုရင် သေချာတယ် အပြည့်ရမယ်။ လင်မယားတင်တယ်ဆိုရင် တသိန်းခွဲအောက် ရတယ်ဆိုရင်တော့ သေချာတယ် လုံးဝ အပြည့်အဝရမယ်။ တထောင် သို့မဟုတ် တထောင့်နှစ်ရာလို့တော့ သတင်းမှာ ပြောနေကြတယ်။ ပြီးတော့ နှစ်စဉ်ဝင်ငွေ တသိန်းငါးသောင်း ကျော်သွားရင်တော့ တဖြည်းဖြည်း လှေခါးထစ်လို လျှော့သွားမယ်ဆိုတဲ့သဘော ရှိတယ်။”

ကိုဉာဏ်ဝင်းအောင် - အမေရိကန်မှာ အခွန်ဆောင်တဲ့သူတွေကို ပေးမယ်ဆိုတော့ ဒီနိုင်ငံသားတွေပဲ ရမှာလား၊ ဒါမှမဟုတ်ရင် နိုင်ငံသားမဟုတ်တဲ့ Green Card ကိုင်ထားသူတွေ (အမြဲတမ်းနေထိုင်ခွင့် ရထားသူတွေ) ပဲ ရမှာလား၊ ဒါမှမဟုတ် Social Security Number ခေါ်တဲ့ မှတ်ပုံတင်လို နံပါတ်မျိုး တခုခုရှိထားရင်ရော သမ္မတ Trump ရဲ့ ထောက်ပံ့တဲ့ အစီအစဉ်ကနေ ပိုက်ဆံရမှာလား။

ဦးဇော်ဝင်း - “သတင်းတွေရဲ့ ရေးချက်အရတော့ အခွန်ဆောင်ထားတဲ့ လူတိုင်းလို့တော့ ဆိုတာပဲ။ နိုင်ငံသားသော်လည်းကောင်း၊ Green Card Holder သော်လည်းကောင်း အဲဒါတွေ ခွဲခြားထားတာတော့ ကျနော် မဖတ်ရသေးဘူး။ သူ့ရဲ့ အဓိက ဇောင်းပေးပြီး စဉ်းစားတာ Tax ပေးတဲ့သူ၊ အခွန်ဆောင်တဲ့လူကိုပြောတာ။”

ကိုဉာဏ်ဝင်းအောင် - အဲဒီတော့ လူတဦးချင်းစီကို ငွေကြေးထောက်ပံ့မယ့် ဒီ ဒေါ်လာ ၁,၀၀၀ သို့မဟုတ် ၁,၂၀၀ က Check လက်မှတ်တွေက ဘယ်တော့စပေးမှာလဲ၊ ဘယ်လိုပေးသွားမှာပါလဲ။

ဦးဇော်ဝင်း - “ပထမရက်ကတော့ ဧပြီလ ၆ ရက်လို့တော့ သတင်းထွက်နေပါတယ်။ နောက် Check တခုကိုတော့ မေလဝက်လောက်လို့တော့ သတင်းကြားတယ်။”

ကိုဉာဏ်ဝင်းအောင် - ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပေါ့နော်၊ တချို့ပြည်နယ်တွေမှာဆိုရင် စက်ရုံအလုပ်ရုံတွေ ရပ်နားထားလိုက်တာ ရှိလာပါတယ်။ အလုပ်ရပ်နားလိုက်တဲ့ အတွက်ကြောင့်မို့ အဲဒီက နာရီစား နေ့စား အလုပ်သမားတွေက ဒီ အမေရိကန်နိုင်ငံမှာ Unemployment Benefit လို့ခေါ်တဲ့ အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားတဲ့ ကိစ္စတွေကရော အပြောင်းအလဲ ရှိလာနိုင်သလား၊ အရင်အတိုင်းပဲလားခင်ဗျ။

ဦးဇော်ဝင်း - “အဲဒါတော့ အစီအစဉ် မတူဘူးလို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်လက်မဲ့ဟာက နဂိုက ဘတ်ဂျက်ချပြီးသား။ အလုပ်လက်မဲ့လူတွေ ဘယ်လို စောင့်ရှောက်ရမလဲဆိုတာ၊ နောက် သက်ကြီးရွယ်အိုတွေ ဘယ်လိုစောင့်ရှောက်ရမယ်ဆိုတာ အဲဒါ နဂိုကတည်းက ဘတ်ဂျက်က ချပြီးသား။ အခုက အဓိကထားပြီးလုပ်တာ အလုပ်လုပ်နေတဲ့လူတွေ။ ပထမ အလုပ်သွားရမယ်၊ အခုလို မသွားရတော့ ထိခိုက်တယ် ဘာညာ အဲဒါတွေကို သက်သာချောင်ချိအောင် လုပ်မယ်ဆိုပြီးတော့ သူက ရည်ရွယ်ချက်ထားတာခြင်း မတူဘူးဗျ။”

ဦးဇော်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------------

(Unicode)














XS
SM
MD
LG