သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

COVID-19 ကာကြယ္တိုက္ဖ်က္ေရး အေမရိကန္ တႏိုင္ငံလံုးအႏွံ႔ အေရးေပၚေဆးကုသေရး စခန္းေတြ ဖြင့္လွစ္မည္


ကာလီဖုိးနီးယားရွိ ဓာတ္ခြဲခန္းတခုတြင္ COVID-19 ဗုိင္းရပ္စ္အတြက္ ေဆးဝါးစမ္းသပ္ေနသည့္ ပညာရွင္တဦး။ (မတ္ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ အေစာပိုင္း အေျခအေနမွာ တ႐ုတ္ဘက္က သတင္းအခ်က္အလက္နဲ႔ ပူးေပါင္းေဆာင္ရြက္မႈ မရွိတဲ့အေပၚမွာ စိတ္ပ်က္ရတယ္လု႔ိ အေမရိကန္သမၼတ Donald Trump က တနဂၤေႏြေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားပါတယ္။

တ႐ုတ္ဘက္က ဒီအေၾကာင္း အသိေပး ေျပာဆိုခဲ့ရမွာျဖစ္တယ္လို႔ သမၼတ Trump က ေျပာဆိုသြားတာပါ။

အေမရိကန္ျပည္ေထာင္စု အတြင္းမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူေပါင္း ၃၃,၀၀၀ ေက်ာ္သြားၿပီး ေသဆံုးသူက တနဂၤေႏြေန႔မွာ ၄၀၉ ဦးထိ ရွိသြားၿပီလို႔လည္း John Hopkins တကၠသိုလ္ရဲ႕ တနဂၤေႏြေန႔ စာရင္းေတြမွာ ေတြ႔ရပါတယ္။

ဒီအခ်ိန္မွာပဲ ႏုိင္ငံတ၀န္းက ဗိုင္းရပ္စ္ကူးစက္မႈ အမ်ားဆံုးျဖစ္ေနတဲ့ ေဒသေတြမွာ ကုတင္ ၄,၀၀၀ ဆန္႔ အေရးေပၚ ေဆးကုသေရးစခန္းေတြ ခ်ထားဖို႔လည္း တနဂၤေႏြေန႔မွာပဲ သမၼတက ညႊန္ၾကားထားပါတယ္။

နယူးေယာက္၊ ကာလီဖိုးနီးယားနဲ႔ ၀ါရွင္တန္ျပည္နယ္တို႔အတြင္းမွာ ေဆးကုသေရး စခန္းေတြကို FEMA အေရးေပၚအေျခအေန စီမံခန္႔ခြဲမႈဆိုင္ရာ ဌာနက ေဆာင္ရြက္ထားဖို႔ ညႊန္ၾကားထားေၾကာင္း သမၼတက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ကာလီဖိုးနီးယားက ေဆးကုသေရးစခန္း ၈ ခုမွာ ကုတင္ ၂,၀၀၀ ဆန္႔မွာျဖစ္ၿပီး နယူးေယာက္နဲ႔ ၀ါရွင္တန္တို႔က အေရးေပၚ ေဆးကုသေရးစခန္း တခုစီမွာေတာ့ ကုတင္ ၁,၀၀၀ ဆန္႔မယ္လို႔လည္း ေျပာပါတယ္။

ေၾကာက္မက္ဖြယ္ မျမင္ရတဲ့ရန္သူလို႔ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈကို သမၼတက ရည္ညႊန္းေျပာဆိုၿပီး ဒီအေျခအေနကို ထိန္းခ်ဳပ္ တိုက္ဖ်က္ႏုိင္ေရးအတြက္ ေန႔စဥ္ေန႔တိုင္း အစြမ္းကုန္ ေဆာင္ရြက္ေနတယ္ဆိုတာကို အေမရိကန္ ျပည္သူေတြကို အာမခံ ေျပာၾကားလိုပါတယ္လို႔လည္း သမၼတက ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

COVID-19 ကာကွယ်တိုက်ဖျက်ရေး အမေရိကန် တနိုင်ငံလုံးအနှံ့ အရေးပေါ်ဆေးကုသရေး စခန်းတွေ ဖွင့်လှစ်မည်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အစောပိုင်း အခြေအနေမှာ တရုတ်ဘက်က သတင်းအချက်အလက်နဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အပေါ်မှာ စိတ်ပျက်ရတယ်လု့ိ အမေရိကန်သမ္မတ Donald Trump က တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

တရုတ်ဘက်က ဒီအကြောင်း အသိပေး ပြောဆိုခဲ့ရမှာဖြစ်တယ်လို့ သမ္မတ Trump က ပြောဆိုသွားတာပါ။

အမေရိကန်ပြည်ထောင်စု အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၃၃,၀၀၀ ကျော်သွားပြီး သေဆုံးသူက တနင်္ဂနွေနေ့မှာ ၄၀၉ ဦးထိ ရှိသွားပြီလို့လည်း John Hopkins တက္ကသိုလ်ရဲ့ တနင်္ဂနွေနေ့ စာရင်းတွေမှာ တွေ့ရပါတယ်။

ဒီအချိန်မှာပဲ နိုင်ငံတဝန်းက ဗိုင်းရပ်စ်ကူးစက်မှု အများဆုံးဖြစ်နေတဲ့ ဒေသတွေမှာ ကုတင် ၄,၀၀၀ ဆန့် အရေးပေါ် ဆေးကုသရေးစခန်းတွေ ချထားဖို့လည်း တနင်္ဂနွေနေ့မှာပဲ သမ္မတက ညွှန်ကြားထားပါတယ်။

နယူးယောက်၊ ကာလီဖိုးနီးယားနဲ့ ဝါရှင်တန်ပြည်နယ်တို့အတွင်းမှာ ဆေးကုသရေး စခန်းတွေကို FEMA အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ဌာနက ဆောင်ရွက်ထားဖို့ ညွှန်ကြားထားကြောင်း သမ္မတက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကာလီဖိုးနီးယားက ဆေးကုသရေးစခန်း ၈ ခုမှာ ကုတင် ၂,၀၀၀ ဆန့်မှာဖြစ်ပြီး နယူးယောက်နဲ့ ဝါရှင်တန်တို့က အရေးပေါ် ဆေးကုသရေးစခန်း တခုစီမှာတော့ ကုတင် ၁,၀၀၀ ဆန့်မယ်လို့လည်း ပြောပါတယ်။

ကြောက်မက်ဖွယ် မမြင်ရတဲ့ရန်သူလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို သမ္မတက ရည်ညွှန်းပြောဆိုပြီး ဒီအခြေအနေကို ထိန်းချုပ် တိုက်ဖျက်နိုင်ရေးအတွက် နေ့စဉ်နေ့တိုင်း အစွမ်းကုန် ဆောင်ရွက်နေတယ်ဆိုတာကို အမေရိကန် ပြည်သူတွေကို အာမခံ ပြောကြားလိုပါတယ်လို့လည်း သမ္မတက ပြောဆိုခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG