(Zawgyi / Unicode)
ကို႐ုိနာဗိုင္းရပ္စ္ ရွိ မရွိ ၄၅ မိနစ္အတြင္း အေျဖသိႏုိင္မယ့္ စမ္းသပ္ကိရိယာေတြကို ထုတ္လုပ္ဖို႔ အေမရိကန္ႏုိင္ငံ၊ အစားအေသာက္နဲ႔ ေဆး၀ါးႀကီးၾကပ္ကြပ္ကဲေရးဌာန (FDA) က အေမရိကန္ ကုမၸဏီတခုကို ခြင့္ျပဳခ်က္ေပးလိုက္ၿပီ ျဖစ္ပါတယ္။
ကို႐ုိနာဗိုင္းရပ္စ္ ရွိ မရွိ အေျဖျမန္ျမန္ဆန္ဆန္သိရမယ့္ စမ္းသပ္ကိရိယာေတြ ထုတ္လုပ္တဲ့ ကာလီဖိုးနီးယားအေျခစိုက္ Cepheid ကုမၸဏီကို အခုလို အေရးေပၚခြင့္ျပဳခ်က္ ေပးလိုက္တာပါ။
ေလာေလာဆယ္ အသုံးျပဳေနတဲ့ စမ္းသပ္ကိရိယာေတြဟာ ဓာတ္ခြဲခန္းကို ေဆးစစ္နမူနာ ေပးပို႔ရတာေၾကာင့္ အေျဖသိရဖို႔ ရက္ခ်ီေစာင့္ရပါတယ္။
Cepheid ကုမၸဏီက ထုတ္လုပ္မယ့္ အဲဒီ စမ္းသပ္ကိရိယာေတြကို ကနဦးမွာ ေဆး႐ုံေတြနဲ႔ အေရးေပၚဌာနေတြမွာ အသုံးျပဳမွာ ျဖစ္ပါတယ္။ အဲဒီေနာက္ ေဆးခန္းေတြလို လူနာေတြကို ကုသမႈေပးတဲ့ ေနရာေတြမွာလည္း ရယူ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။
စမ္းသပ္ကိရိယာေတြကို မတ္လကုန္မွာ စတင္ေရာင္းခ်ဖို႔ ကုမၸဏီက စီစဥ္ေနပါတယ္။
တခ်ိန္တည္းမွာပဲ ကာလီဖိုးနီးယား၊ နယူးေယာက္နဲ႔ နယူးဂ်ာစီက သန္းေပါင္းမ်ားစြာရွိတဲ့ အေမရိကန္ျပည္သူေတြဟာ ျပည္နယ္နဲ႔ ေဒသဆိုင္ရာ အစိုးရေတြက ထုတ္ျပန္ခဲ့တဲ့ အမိန္႔ေတြေၾကာင့္ စေနေန႔မွာ အိမ္ျပင္မထြက္ၾကရပါဘူး။
စေနေန႔ ေႏွာင္းပိုင္းမွာေတာ့ အီလီႏိြဳက္ျပည္နယ္လည္း အလားတူ အိမ္ျပင္မထြက္ရ အမိန္႔ကို ထုတ္ျပန္ခဲ့သလို ေကာ္နက္တီကက္နဲ႔ ေအာ္ရီဂြန္ ျပည္နယ္ေတြလည္း အလားတူ ကန္႔သတ္ခ်က္ေတြ ခ်မွတ္ဖို႔ စဥ္းစားေနတယ္လို႔ ဆိုပါတယ္။
ဗိုင္းရပ္စ္ကူးစက္မႈ ၂၂၀၀၀ ေက်ာ္ ေတြ႔ရွိခဲ့ၿပီးတဲ့ေနာက္မွာေတာ့ လူဦးေရ စုစုေပါင္းရဲ႕ ၂၀ ရာခိုင္ႏႈန္းရွိတဲ့ အေမရိကန္ျပည္သူေတြဟာ ဒီသီတင္းပတ္ ၿပီးဆုံးခ်ိန္ အေရာက္မွာ အိမ္ျပင္မထြက္ရ အမိန္႔ေတြေအာက္ ေရာက္ရွိၾကေတာ့မွာ ျဖစ္ပါတယ္။
တျခားျပည္နယ္ေတြလည္း အခုလို အမိန္႔ေတြ ထုတ္ျပန္ၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ရတာေၾကာင့္ အိမ္ျပင္မထြက္ရ အမိန္႔ေအာက္မွာ ေနရမယ့္ အေမရိကန္ ျပည္သူေတြ ပိုမ်ားလာလိမ့္မယ္လို႔ ခန္႔မွန္းေနၾကပါတယ္။
-------------------------------
(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကို ၄၅ မိနစ်အတွင်း စမ်းသပ်နိုင်မယ့်စက် အစိုးရ ခွင့်ပြုချက်ပေး
ကိုရိုနာဗိုင်းရပ်စ် ရှိ မရှိ ၄၅ မိနစ်အတွင်း အဖြေသိနိုင်မယ့် စမ်းသပ်ကိရိယာတွေကို ထုတ်လုပ်ဖို့ အမေရိကန်နိုင်ငံ၊ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန (FDA) က အမေရိကန် ကုမ္ပဏီတခုကို ခွင့်ပြုချက်ပေးလိုက်ပြီ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ရှိ မရှိ အဖြေမြန်မြန်ဆန်ဆန်သိရမယ့် စမ်းသပ်ကိရိယာတွေ ထုတ်လုပ်တဲ့ ကာလီဖိုးနီးယားအခြေစိုက် Cepheid ကုမ္ပဏီကို အခုလို အရေးပေါ်ခွင့်ပြုချက် ပေးလိုက်တာပါ။
လောလောဆယ် အသုံးပြုနေတဲ့ စမ်းသပ်ကိရိယာတွေဟာ ဓာတ်ခွဲခန်းကို ဆေးစစ်နမူနာ ပေးပို့ရတာကြောင့် အဖြေသိရဖို့ ရက်ချီစောင့်ရပါတယ်။
Cepheid ကုမ္ပဏီက ထုတ်လုပ်မယ့် အဲဒီ စမ်းသပ်ကိရိယာတွေကို ကနဦးမှာ ဆေးရုံတွေနဲ့ အရေးပေါ်ဌာနတွေမှာ အသုံးပြုမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဆေးခန်းတွေလို လူနာတွေကို ကုသမှုပေးတဲ့ နေရာတွေမှာလည်း ရယူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
စမ်းသပ်ကိရိယာတွေကို မတ်လကုန်မှာ စတင်ရောင်းချဖို့ ကုမ္ပဏီက စီစဉ်နေပါတယ်။
တချိန်တည်းမှာပဲ ကာလီဖိုးနီးယား၊ နယူးယောက်နဲ့ နယူးဂျာစီက သန်းပေါင်းများစွာရှိတဲ့ အမေရိကန်ပြည်သူတွေဟာ ပြည်နယ်နဲ့ ဒေသဆိုင်ရာ အစိုးရတွေက ထုတ်ပြန်ခဲ့တဲ့ အမိန့်တွေကြောင့် စနေနေ့မှာ အိမ်ပြင်မထွက်ကြရပါဘူး။
စနေနေ့ နှောင်းပိုင်းမှာတော့ အီလီနွိုက်ပြည်နယ်လည်း အလားတူ အိမ်ပြင်မထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့သလို ကော်နက်တီကက်နဲ့ အော်ရီဂွန် ပြည်နယ်တွေလည်း အလားတူ ကန့်သတ်ချက်တွေ ချမှတ်ဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှု ၂၂၀၀၀ ကျော် တွေ့ရှိခဲ့ပြီးတဲ့နောက်မှာတော့ လူဦးရေ စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းရှိတဲ့ အမေရိကန်ပြည်သူတွေဟာ ဒီသီတင်းပတ် ပြီးဆုံးချိန် အရောက်မှာ အိမ်ပြင်မထွက်ရ အမိန့်တွေအောက် ရောက်ရှိကြတော့မှာ ဖြစ်ပါတယ်။
တခြားပြည်နယ်တွေလည်း အခုလို အမိန့်တွေ ထုတ်ပြန်ကြလိမ့်မယ်လို့ မျှော်လင့်ရတာကြောင့် အိမ်ပြင်မထွက်ရ အမိန့်အောက်မှာ နေရမယ့် အမေရိကန် ပြည်သူတွေ ပိုများလာလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။