သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Covid-19 ကုႏုိင္ဖုိ႔ ငွက္ဖ်ားေဆးနဲ႔ေရာၿပီး နယူးေယာက္မွာ စတင္စမ္းသပ္မည္


ကို႐ိုနာဗုိင္းရပ္စ္ နမူနာျဖင့္ ဓာတ္ခြဲစမ္းသပ္ေနသည့္ ပညာရွင္တဦး။ (မတ္ ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

ငွက္ဖ်ားေရာဂါေဆးကို ပဋိဇီ၀ေဆးနဲ႔ ေရာစပ္ၿပီး ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ ျဖစ္ပြားတဲ့ COVID-19 ေရာဂါ စမ္းသပ္ကုသတာကို အျမန္ဆုံး စတင္လုပ္ေဆာင္ေတာ့မယ္လို႔ နယူးေယာက္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Andrew Cuomo က ေၾကညာလိုက္ပါတယ္။ စေနေန႔က က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ အခုလို ေၾကညာလိုက္တာပါ။

ျပင္သစ္ႏုိင္ငံမွာ အဲဒီလို ေဆး ၂ မ်ိဳး ေပါင္းစပ္ၿပီး ေရာဂါကုသေပးခဲ့တုန္းက အလားအလာေကာင္းေတြ ေတြ႔ခဲ့ရပါတယ္။

နယူးေယာက္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Cuomo က "စိုးရိမ္ရတဲ့ အေျခအေနရွိတဲ့ လူနာေတြ အမ်ားအျပား ရွိေနသလို က်န္းမာေရး ၀န္ထမ္းေတြကလည္း အသည္းအသန္ ျဖစ္ေနတဲ့ လူနာေတြကို ဒီေဆးနဲ႔ကုသေပးဖို႔ ၀န္မေလးၾကဘူး" လို႔ ေျပာပါတယ္။

ဒီေဆးေတြ ရတာနဲ႔ တၿပိဳင္နက္ ေဆး႐ုံေတြနဲ႔ေရာ ဆရာ၀န္ေတြ၊ လူနာရွင္ေတြနဲ႔ပါ တိုင္ပင္ၿပီး အသုံးျပဳသြားမွာ ျဖစ္သလို အေျခအေန ဘယ္လိုရွိမလဲ ဆိုတာကိုလည္း ေစာင့္ၾကည့္သြားမယ္လို႔ Cuomo က ေျပာပါတယ္။

ျဖစ္ႏုိင္ေျခရွိတဲ့ ပဋိဇီ၀ ေဆးကုထုံးနဲ႔ ကာကြယ္ထိုးေဆးေတြ ေဖာ္စပ္ထုတ္လုပ္ႏုိင္ဖို႔အတြက္ နယူးေယာက္ျပည္နယ္အစိုးရ အေနနဲ႔ ေဆး၀ါးကုမၸဏီေတြနဲ႔အတူ လက္တြဲ အလုပ္လုပ္ေနတယ္လို႔လည္း ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Cuomo က ေျပာပါတယ္။

အေမရိကန္သမၼတ Donald Trump ကလည္း ဒီေဆး ၂ မ်ိဳး ေရာစပ္အသုံးျပဳတဲ့ အလားအလာနဲ႔ ပတ္သက္ၿပီး တကယ့္ အေျပာင္းအလဲႀကီးတခု ျဖစ္လာေစလိမ့္မယ္ဆိုၿပီး လူေတြကို ဆြဲေဆာင္ ေျပာဆိုထားဖူးပါတယ္။

နယူးေယာက္ျပည္နယ္ဟာ အေမရိကန္ႏုိင္ငံမွာ ကို႐ုိနာဗိုင္းရပ္စ္ေရာဂါ ကူးစက္မႈဒဏ္ အမ်ားဆုံးခံေနရတဲ့ ျပည္နယ္တခုျဖစ္ၿပီး စေနေန႔ အေစာပိုင္းအထိ ကူးစက္မႈ ၁ ေသာင္းေက်ာ္ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

Covid-19 ကုနိုင်ဖို့ ငှက်ဖျားဆေးနဲ့ရောပြီး နယူးယောက်မှာ စတင်စမ်းသပ်မည်

ငှက်ဖျားရောဂါဆေးကို ပဋိဇီဝဆေးနဲ့ ရောစပ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ COVID-19 ရောဂါ စမ်းသပ်ကုသတာကို အမြန်ဆုံး စတင်လုပ်ဆောင်တော့မယ်လို့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က ကြေညာလိုက်ပါတယ်။ စနေနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ကြေညာလိုက်တာပါ။

ပြင်သစ်နိုင်ငံမှာ အဲဒီလို ဆေး ၂ မျိုး ပေါင်းစပ်ပြီး ရောဂါကုသပေးခဲ့တုန်းက အလားအလာကောင်းတွေ တွေ့ခဲ့ရပါတယ်။

နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Cuomo က "စိုးရိမ်ရတဲ့ အခြေအနေရှိတဲ့ လူနာတွေ အများအပြား ရှိနေသလို ကျန်းမာရေး ဝန်ထမ်းတွေကလည်း အသည်းအသန် ဖြစ်နေတဲ့ လူနာတွေကို ဒီဆေးနဲ့ကုသပေးဖို့ ဝန်မလေးကြဘူး" လို့ ပြောပါတယ်။

ဒီဆေးတွေ ရတာနဲ့ တပြိုင်နက် ဆေးရုံတွေနဲ့ရော ဆရာဝန်တွေ၊ လူနာရှင်တွေနဲ့ပါ တိုင်ပင်ပြီး အသုံးပြုသွားမှာ ဖြစ်သလို အခြေအနေ ဘယ်လိုရှိမလဲ ဆိုတာကိုလည်း စောင့်ကြည့်သွားမယ်လို့ Cuomo က ပြောပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ ပဋိဇီ၀ ဆေးကုထုံးနဲ့ ကာကွယ်ထိုးဆေးတွေ ဖော်စပ်ထုတ်လုပ်နိုင်ဖို့အတွက် နယူးယောက်ပြည်နယ်အစိုးရ အနေနဲ့ ဆေးဝါးကုမ္ပဏီတွေနဲ့အတူ လက်တွဲ အလုပ်လုပ်နေတယ်လို့လည်း ပြည်နယ်အုပ်ချုပ်ရေးမှူး Cuomo က ပြောပါတယ်။

အမေရိကန်သမ္မတ Donald Trump ကလည်း ဒီဆေး ၂ မျိုး ရောစပ်အသုံးပြုတဲ့ အလားအလာနဲ့ ပတ်သက်ပြီး တကယ့် အပြောင်းအလဲကြီးတခု ဖြစ်လာစေလိမ့်မယ်ဆိုပြီး လူတွေကို ဆွဲဆောင် ပြောဆိုထားဖူးပါတယ်။

နယူးယောက်ပြည်နယ်ဟာ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုဒဏ် အများဆုံးခံနေရတဲ့ ပြည်နယ်တခုဖြစ်ပြီး စနေနေ့ အစောပိုင်းအထိ ကူးစက်မှု ၁ သောင်းကျော် ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG