သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ပျပန္မ်ား သီးျခားခြဲထားေရး ပုဂၢလိကပိုင္း ကူညီေပးေန


ဧရာဝတီဘဏ္သင္တန္းေက်ာင္း

(Zawgyi/Unicode)

ျပည္ပကေနျပန္လာတဲ့ ျမန္မာႏိုင္ငံသားေတြကို ၁၄ ရက္တာ သီးသန႔္ထားရွိဖို႔ အစိုးရဘက္က စီစဥ္ေဆာင္႐ြက္ေနရာမွာ ပုဂၢလိက တာဝန္သိ အလႉရွင္ေတြကလည္း အကူအညီေပးေနၾကပါတယ္။ ရန္ကုန္ၿမိဳ႕က သီးသန႔္ထားမယ့္ေနရာ ခုနစ္ခုထဲက တာေမြၿမိဳ႕နယ္ ေမတၱာၫႊန႔္ရပ္ကြက္ထဲက ဧရာဝတီဘဏ္ သင္တန္းေက်ာင္း သီးသန႔္ေနရာအေၾကာင္းေျပာျပခ်င္ပါတယ္။

☛ျပည္ပက ျပန္လာသူေတြကို ခြဲျခားဆက္ဆံတာ မလုပ္ဖို႔ က်န္းမာေရးဌာန တုိက္တြန္းတဲ့ သတင္းလည္း ဖတ္ႏိုင္ပါၿပီ။

ကမာၻ႔ႏိုင္ငံအသီးသီးက ဝင္ေရာက္လာသူေတြအေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ပိုး ထိန္းခ်ဳပ္ႏိုင္ဖို႔ ျမန္မာႏိုင္ငံကို စတင္ေရာက္ရွိခ်ိန္ကေန ၁၄ ရက္သီးသန႔္ သတ္မွတ္ထားတဲ့ (Facility Quarantine) ေနရာေတြမွာ ေစာင့္ၾကည့္သြားဖို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက မတ္လ ၂၅ ရက္ေန႔မွာ ထုတ္ျပန္ခဲ့တာပါ။

ေရာဂါလကၡဏာ မျပေသးရင္လည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ထားႏိုင္ေျခရွိႏိုင္တာမို႔ ျပည္ပကျပန္လာသူေတြကို ၫႊန္ၾကားခ်က္နဲ႔အညီ သီးသန႔္ ေစာင့္ၾကည့္ေနတယ္လို႔ ဧရာဝတီေဖာင္ေဒးရွင္းရဲ႕ ဆက္သြယ္ေရးအရာရွိ ကိုေအာင္မ်ိဳးေဇာ္က အခုလိုေျပာျပပါတယ္။

“ႏိုင္ငံ၊ ႏိုင္ငံတိုင္းမွာက ျပည္သူလူထုအေနနဲ႔ေကာ အစိုးရေတြအေနနဲ႔ေကာ ဒီေရာဂါႀကီးကို မျဖစ္ပြားေအာင္ထက္ မျပန႔္ပြားေအာင္ လုပ္ေဆာင္ေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔private sector အေနနဲ႔ေကာ တာဝန္သိျပည္သူလူထုတစ္ရပ္အေနနဲ႔ေကာ ႏိုင္ငံေတာ္ရဲ႕ၫႊန္ၾကားခ်က္နဲ႔အညီ လိုအပ္တဲ့ကူညီမႈေတြေပးဖို႔ဆိုတဲ့ ၫႊန္ၾကားခ်က္နဲ႔ အတူ ကြၽန္ေတာ္တို႔ လုပ္ရျခင္းျဖစ္ပါတယ္။”

ဧရာဝတီဘဏ္သင္တန္းေက်ာင္းေနရာမွာ လက္ရွိအခ်ိန္အထိ လူေပါင္း ၆၀ ေက်ာ္ သီးသန႔္ ထားရွိၿပီးေတာ့ စစ္ေဆးခ်က္ေတြအရ ကို႐ိုနာဗိုင္းရပ္စ္ပိုး မရွိေၾကာင္းလည္း ကိုေအာင္မ်ိဳးေဇာ္ကေျပာပါတယ္။

သီးသန႔္ထားရွိမယ့္သူေတြရဲ႕ အခ်က္အလက္ေတြကို စာ႐ြက္စာတမ္းနဲ႔ မလုပ္ဘဲ ထိေတြ႔မႈနည္းေစဖို႔နဲ႔ ထိေရာက္ျမန္ဆန္ေစဖို႔ နည္းပညာအကူအညီနဲ႔ ေဆာင္႐ြက္ေနတယ္လို႔ လက္ေထာက္မန္ေနဂ်ာ ကိုေနမ်ိဳးေဇာ္က ေျပာပါတယ္။

“သူတို႔ အင္ေဖာ္ေမးရွင္းေတြကို စာ႐ြက္နဲ႔ သိမ္းစရာမလိုဘဲ QR နဲ႔ ဖတ္ၿပီးေတာ့လုပ္လို႔အဆင္ေျပမွာျဖစ္တဲ့အတြက္ Microsoft က ေဖာင္ေလးသုံးၿပီးေတာ့ စတင္အသုံးျပဳခဲ့တာျဖစ္ပါတယ္။ ႏိုင္ငံျခားကျပန္လာတဲ့ Quarantine လုပ္မယ့္သူေတြ ဝင္လာတာနဲ႔ နာမည္ေတြ information ေတြ ေလဆိပ္ကဘယ္ကဆိုက္တာလဲ၊ Flight နံပါတ္ကဘာလဲ၊ အစားအေသာက္ဓာတ္မတည့္တာေတြဘာေတြရွိလဲ စသျဖင့္ အဲဒါေတြအကုန္လုံးကို က်ေနာ္တို႔က ေမးခြန္း ၁၇ ခုေလာက္ ယူတဲ့အခ်ိန္မွာ ဒီဘက္က တာဝန္က်ေနသူေတြအတြက္ ပိုၿပီးေတာ့ ထိေရာက္ပါတယ္”

ျပည္ပကျပန္လာသူေတြကို စနစ္တက်ထားရွိတာေၾကာင့္အနီးဝန္းက်င္က ရပ္ကြက္ေနျပည္သူေတြ မစိုးရိမ္ၾကဖို႔ကိုလည္း ဧရာဝတီေဖာင္ေဒးရွင္းတာဝန္ရွိသူေတြက ေျပာပါတယ္။ ဒါ့အျပင္ ေစ်းနဲ႔ လူစည္ကားရာေနရာေတြမွာလည္း ပိုးသတ္ေဆးဖ်န္းတာေတြ လုပ္ေနတယ္လို႔ ေမတၱာၫြန႔္လူမႈကူညီေရးအဖြဲ႕ အတြင္းေရးမႉး ကိုထိန္ဝင္းေနာင္ က ေျပာပါတယ္။

“ဒီ‌ေန႔ကစၿပီး ရပ္ကြက္အမ်ားျပည္သူ မထိတ္လန႔္ေအာင္နဲ႔ လူနာေတြက မေန႔ညကအေျဖထြက္ပါတယ္။ ၅၆ ဦးလုံးအကုန္လုံး Negative ပါ။ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြ စည္ပင္သာယာေရးအဖြဲ႕ေတြ က်ေနာ္တို႔ ေမတၱာၫႊန႔္လူမႈကူညီေရးအဖြဲ႔နဲ႔ ရပ္မိရပ္ဖေတြ အားလုံးစုေပါင္းၿပီးေတာ့ ဒီေန႔ ေန႔လည္ ၁၂ နာရီက စတင္ၿပီးေတာ့ ေမတၱာၫႊန႔္ေစ်းႀကီးကို ပိုးသတ္ေစ်းဖ်န္းပါမယ္။ ရွင္းလင္းေရးမ်ား ေဆာင္႐ြက္ပါမယ္။ ဘူတာမွာလည္း ဆက္လက္ေဆာင္႐ြက္ပါမယ္။ ပတ္ဝန္းက်င္က ကားဂိတ္ေတြ တရား႐ုံး အခ်ဳပ္ခန္းေတြ ႐ုံးစားပြဲေတြကိုလည္း ပိုးသတ္ေစ်းျဖန္းမွာပါ။”

ျပည္တြင္းျပန္လာသူေတြကို ဧရာဝတီဘဏ္သင္တန္းေက်ာင္းအျပင္ လွည္းကူးျပည္သူ႔က်န္းမာေရးသင္တန္းေက်ာင္း၊ ဓမၼဒူတအရွင္ေဆကိႏၵေက်ာင္းတိုက္၊ ေဘာလုံးအကယ္ဒမီေက်ာင္းစတဲ့ေနရာေတြမွာ ၁၄ ရက္တာ သီးသန႔္ထားရွိေနတာပါ။

ျမန္မာႏိုင္ငံသို႔ လာေရာက္ၾကမယ့္ ႏိုင္ငံျခားသား ခရီးသည္ေတြအေနနဲ႔လည္း ေလယာဥ္ေပၚမတက္ေရာက္ခင္ လြန္ခဲ့တဲ့ ၇၂ နာရီ မတိုင္မီက ရရွိထားတဲ့ COVID-19 ကင္းရွင္းေၾကာင္း ဓာတ္ခြဲခန္း ေဆးစစ္ခ်က္ အေထာက္အထားျပသဖို႔နဲ႔ စတင္ေရာက္ရွိခ်ိန္ကေန ၁၄ ရက္ သီးသန႔္သတ္မွတ္ထားတဲ့ ေနရာေတြမွာ ေစာင့္ၾကည့္သြားဖို႔လည္း သက္ဆိုင္ရာက ထုတ္ျပန္ထားပါတယ္။

ႏိုင္ငံအတြင္း ဗိုင္းရပ္စ္ ျပန႔္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ လူထုကိုယ္တိုင္ ထိန္းသိမ္းေဆာင္႐ြက္သင့္တာေတြကို အတိအက်လိုက္နာၾကဖို႔ အစိုးရက တိုက္တြန္းထားပါတယ္။ ဒါ့အျပင္ COVID-19 ေရာဂါတားဆီးႏိုင္ေရးအတြက္ က်န္းမာေရးဌာနေတြကို အလႉေငြပါဝင္လႉဒါန္းႏိုင္ဖို႔လည္း အစိုးရက ႏႈိးေဆာ္ထားပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်ပပြန်များ သီးခြားခွဲထားရေး ပုဂ္ဂလိကပိုင်း ကူညီပေးနေ

ပြည်ပကနေပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကို ၁၄ ရက်တာ သီးသန့်ထားရှိဖို့ အစိုးရဘက်က စီစဉ်ဆောင်ရွက်နေရာမှာ ပုဂ္ဂလိက တာဝန်သိ အလှူရှင်တွေကလည်း အကူအညီပေးနေကြပါတယ်။ ရန်ကုန်မြို့က သီးသန့်ထားမယ့်နေရာ ခုနစ်ခုထဲက တာမွေမြို့နယ် မေတ္တာညွှန့်ရပ်ကွက်ထဲက ဧရာဝတီဘဏ် သင်တန်းကျောင်း သီးသန့်နေရာအကြောင်းပြောပြချင်ပါတယ်။

☛ပြည်ပက ပြန်လာသူတွေကို ခွဲခြားဆက်ဆံတာ မလုပ်ဖို့ ကျန်းမာရေးဌာန တိုက်တွန်းတဲ့ သတင်းလည်း ဖတ်နိုင်ပါပြီ။

ကမ္ဘာ့နိုင်ငံအသီးသီးက ဝင်ရောက်လာသူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်နိုင်ဖို့ မြန်မာနိုင်ငံကို စတင်ရောက်ရှိချိန်ကနေ ၁၄ ရက်သီးသန့် သတ်မှတ်ထားတဲ့ (Facility Quarantine) နေရာတွေမှာ စောင့်ကြည့်သွားဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ရောဂါလက္ခဏာ မပြသေးရင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားနိုင်ခြေရှိနိုင်တာမို့ ပြည်ပကပြန်လာသူတွေကို ညွှန်ကြားချက်နဲ့အညီ သီးသန့် စောင့်ကြည့်နေတယ်လို့ ဧရာဝတီဖောင်ဒေးရှင်းရဲ့ ဆက်သွယ်ရေးအရာရှိ ကိုအောင်မျိုးဇော်က အခုလိုပြောပြပါတယ်။

“နိုင်ငံ၊ နိုင်ငံတိုင်းမှာက ပြည်သူလူထုအနေနဲ့ကော အစိုးရတွေအနေနဲ့ကော ဒီရောဂါကြီးကို မဖြစ်ပွားအောင်ထက် မပြန့်ပွားအောင် လုပ်ဆောင်နေတဲ့အချိန်မှာ ကျွန်တော်တို့private sector အနေနဲ့ကော တာဝန်သိပြည်သူလူထုတစ်ရပ်အနေနဲ့ကော နိုင်ငံတော်ရဲ့ညွှန်ကြားချက်နဲ့အညီ လိုအပ်တဲ့ကူညီမှုတွေပေးဖို့ဆိုတဲ့ ညွှန်ကြားချက်နဲ့ အတူ ကျွန်တော်တို့ လုပ်ရခြင်းဖြစ်ပါတယ်။”

ဧရာဝတီဘဏ်သင်တန်းကျောင်းနေရာမှာ လက်ရှိအချိန်အထိ လူပေါင်း ၆၀ ကျော် သီးသန့် ထားရှိပြီးတော့ စစ်ဆေးချက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ပိုး မရှိကြောင်းလည်း ကိုအောင်မျိုးဇော်ကပြောပါတယ်။

သီးသန့်ထားရှိမယ့်သူတွေရဲ့ အချက်အလက်တွေကို စာရွက်စာတမ်းနဲ့ မလုပ်ဘဲ ထိတွေ့မှုနည်းစေဖို့နဲ့ ထိရောက်မြန်ဆန်စေဖို့ နည်းပညာအကူအညီနဲ့ ဆောင်ရွက်နေတယ်လို့ လက်ထောက်မန်နေဂျာ ကိုနေမျိုးဇော်က ပြောပါတယ်။

“သူတို့ အင်ဖော်မေးရှင်းတွေကို စာရွက်နဲ့ သိမ်းစရာမလိုဘဲ QR နဲ့ ဖတ်ပြီးတော့လုပ်လို့အဆင်ပြေမှာဖြစ်တဲ့အတွက် Microsoft က ဖောင်လေးသုံးပြီးတော့ စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ နိုင်ငံခြားကပြန်လာတဲ့ Quarantine လုပ်မယ့်သူတွေ ဝင်လာတာနဲ့ နာမည်တွေ information တွေ လေဆိပ်ကဘယ်ကဆိုက်တာလဲ၊ Flight နံပါတ်ကဘာလဲ၊ အစားအသောက်ဓာတ်မတည့်တာတွေဘာတွေရှိလဲ စသဖြင့် အဲဒါတွေအကုန်လုံးကို ကျနော်တို့က မေးခွန်း ၁၇ ခုလောက် ယူတဲ့အချိန်မှာ ဒီဘက်က တာဝန်ကျနေသူတွေအတွက် ပိုပြီးတော့ ထိရောက်ပါတယ်”

ပြည်ပကပြန်လာသူတွေကို စနစ်တကျထားရှိတာကြောင့်အနီးဝန်းကျင်က ရပ်ကွက်နေပြည်သူတွေ မစိုးရိမ်ကြဖို့ကိုလည်း ဧရာဝတီဖောင်ဒေးရှင်းတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် ဈေးနဲ့ လူစည်ကားရာနေရာတွေမှာလည်း ပိုးသတ်ဆေးဖျန်းတာတွေ လုပ်နေတယ်လို့ မေတ္တာညွန့်လူမှုကူညီရေးအဖွဲ့ အတွင်းရေးမှူး ကိုထိန်ဝင်းနောင် က ပြောပါတယ်။

“ဒီ‌နေ့ကစပြီး ရပ်ကွက်အများပြည်သူ မထိတ်လန့်အောင်နဲ့ လူနာတွေက မနေ့ညကအဖြေထွက်ပါတယ်။ ၅၆ ဦးလုံးအကုန်လုံး Negative ပါ။ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ စည်ပင်သာယာရေးအဖွဲ့တွေ ကျနော်တို့ မေတ္တာညွှန့်လူမှုကူညီရေးအဖွဲ့နဲ့ ရပ်မိရပ်ဖတွေ အားလုံးစုပေါင်းပြီးတော့ ဒီနေ့ နေ့လည် ၁၂ နာရီက စတင်ပြီးတော့ မေတ္တာညွှန့်ဈေးကြီးကို ပိုးသတ်ဈေးဖျန်းပါမယ်။ ရှင်းလင်းရေးများ ဆောင်ရွက်ပါမယ်။ ဘူတာမှာလည်း ဆက်လက်ဆောင်ရွက်ပါမယ်။ ပတ်ဝန်းကျင်က ကားဂိတ်တွေ တရားရုံး အချုပ်ခန်းတွေ ရုံးစားပွဲတွေကိုလည်း ပိုးသတ်ဈေးဖြန်းမှာပါ။”

ပြည်တွင်းပြန်လာသူတွေကို ဧရာဝတီဘဏ်သင်တန်းကျောင်းအပြင် လှည်းကူးပြည်သူ့ကျန်းမာရေးသင်တန်းကျောင်း၊ ဓမ္မဒူတအရှင်ဆေကိန္ဒကျောင်းတိုက်၊ ဘောလုံးအကယ်ဒမီကျောင်းစတဲ့နေရာတွေမှာ ၁၄ ရက်တာ သီးသန့်ထားရှိနေတာပါ။

မြန်မာနိုင်ငံသို့ လာရောက်ကြမယ့် နိုင်ငံခြားသား ခရီးသည်တွေအနေနဲ့လည်း လေယာဉ်ပေါ်မတက်ရောက်ခင် လွန်ခဲ့တဲ့ ၇၂ နာရီ မတိုင်မီက ရရှိထားတဲ့ COVID-19 ကင်းရှင်းကြောင်း ဓာတ်ခွဲခန်း ဆေးစစ်ချက် အထောက်အထားပြသဖို့နဲ့ စတင်ရောက်ရှိချိန်ကနေ ၁၄ ရက် သီးသန့်သတ်မှတ်ထားတဲ့ နေရာတွေမှာ စောင့်ကြည့်သွားဖို့လည်း သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။

နိုင်ငံအတွင်း ဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် လူထုကိုယ်တိုင် ထိန်းသိမ်းဆောင်ရွက်သင့်တာတွေကို အတိအကျလိုက်နာကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် COVID-19 ရောဂါတားဆီးနိုင်ရေးအတွက် ကျန်းမာရေးဌာနတွေကို အလှူငွေပါဝင်လှူဒါန်းနိုင်ဖို့လည်း အစိုးရက နှိုးဆော်ထားပါတယ်ခင်ဗျာ။

XS
SM
MD
LG