(Zawgyi/Unicode)
ကိုရုိနာ ကူးစက္မွဳကို ထိန္းခ်ဳပ္ဖို႔ အိႏၵိယႏုိင္ငံ တစ္၀ွမ္း အ၀င္အထြက္ အသြားအလာေတြကို ပိတ္ပင္ထားလို႔ စား၀တ္ေနေရး အက်ပ္ အတည္း ၾကဳံေနရတဲ သန္းေပါင္း မ်ားစြာေသာ့ ျပည္သူေတြကို အကူအညီေပးမယ့္ စီးပြားေရး အစီအစဥ္တစ္ရပ္ကုိ အိႏိၵယ အစိုးရက ေၾက ညာလိုက္ပါတယ္။ ဒီ အစီအစဥ္အရ အေမရိကန္ ေဒၚလာ ၂၂.၆ ဘီလီယံ သုံးစြဲသြားမွာ ျဖစ္ပါတယ္။
ဆင္းရဲသား ျပည္သူေတြ၊ အလုပ္သမားေတြနဲ႔ အကူအညီ လတ္တေလာ လိုအပ္ေနသူေတြအတြက္ ၃ လတာ အသုံးျပဳႏုိင္မယ့္ အစားအစာ ခြဲတမ္းနဲ႕ ေငြေၾကးကို အစိုးရက ေထာက္ပံ့ ေပးအပ္သြားမွာျဖစ္တယ္လို႔ အိႏိၵယ ဘ႑ာေရး၀န္ႀကီး Nirmala Sitharaman က ေျပာပါတယ္။
အိႏၵိယႏုိင္ငံမွာ ကိုရုိနာ ကူးစက္သူ၆၄၉ ဦး ေတြ႕ရွိခဲ့ျပီး ၁၃ ဦး ေသဆုံးခဲ့ပါတယ္။ ကူးစက္မွဳ အေရအတြက္ဟာ အေမရိကန္နဲ႔ ဥေရာပႏုိင္ငံေတြမွာလိုပဲ အိႏိၵယႏုိင္ငံ မွာလည္း တစ္ရွိန္ထိုး ျမင့္တက္လာႏုိင္တယ္လို႔ က်န္းမာေရး ပညာရွင္ေတြက သတိေပးထားပါတယ္။
အခုလို အသြားအလာ ပိတ္ပင္ထားတာေၾကာင့္ ႏုိင္ငံတြင္းက လက္လုပ္လက္စား လုပ္ကိုင္စားေသာက္ေနရတဲ့ ဆင္းရဲတဲ့ ျပည္သူေတြ အေပၚ ဆိုးဆိုး၀ါး၀ါး ထိခိုက္ႏိုင္တယ္ဆိုျပီး စိုးရိမ္မွဳေတြ ထြက္ေပၚေနပါတယ္။ အမ်ားစုဟာ လူမွဳဖူလုံေရး အက်ိဳး ခံစားခြင့္မရွိသူေတြ ျဖစ္သလို တခ်ိဳ႕ ျပည္သူေတြရဲ႕စုေဆာင္းေငြေတြ ကုန္ခမ္းသြားမွာကိုလည္း စိုးရိမ္ေနၾကပါတယ္။
ျမိဳ႕ေတာ္ နယူးေဒလီမွာေတာ့ ၾကာသပေတးေန႔က အစိုးရ ေက်ာင္းေတြမွာ ခ်က္ျပဳတ္ ေကြ်းေမြးတဲ့ အစားအေသာက္ေတြကို ဆင္းရဲႏြမ္းပါးသူေတြကို စတင္ ေ၀မွ် ေကြ်းေမြး ေနျပီ ျဖစ္ပါတယ္။
..................
COVID-19 စီးပွားအကူအညီ ဒေါ်လာ ၂၂ ဘီလီယံကျော် အိန္ဒိယအစိုးရ သုံးစွဲမည်
(Unicode)
ကိုရိုနာ ကူးစက်မှုကို ထိန်းချုပ်ဖို့ အိန္ဒိယနိုင်ငံ တစ်ဝှမ်း အဝင်အထွက် အသွားအလာတွေကို ပိတ်ပင်ထားလို့ စားဝတ်နေရေး အကျပ် အတည်း ကြုံနေရတဲ သန်းပေါင်း များစွာသော့ ပြည်သူတွေကို အကူအညီပေးမယ့် စီးပွားရေး အစီအစဉ်တစ်ရပ်ကို အိန္ဒိယ အစိုးရက ကြေ ညာလိုက်ပါတယ်။ ဒီ အစီအစဉ်အရ အမေရိကန် ဒေါ်လာ ၂၂.၆ ဘီလီယံ သုံးစွဲသွားမှာ ဖြစ်ပါတယ်။
ကိုရိုနာ ကူးစက်မှုကို ထိန်းချုပ်ဖို့ ဗုဒ္ဓဟူးနေ့က စလို့ အသွားအလာတွေကို ၃ ပတ်ကြာ ပိတ်ပင်ထားတာကြောင့် အိန္ဒိယ ပြည်သူ ၁.၃ ဘီလီယံ အိမ်ပြင် မထွက်ရသလို ရသလို စီးပွားရေး လုပ်ငန်းတွေလည်း ရပ်တံ့သွားခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုရိုနာ ကူးစက်သူ၆၄၉ ဦး တွေ့ရှိခဲ့ပြီး ၁၃ ဦး သေဆုံးခဲ့ပါတယ်။ ကူးစက်မှု အရေအတွက်ဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာလိုပဲ အိန္ဒိယနိုင်ငံ မှာလည်း တစ်ရှိန်ထိုး မြင့်တက်လာနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးထားပါတယ်။
အခုလို အသွားအလာ ပိတ်ပင်ထားတာကြောင့် နိုင်ငံတွင်းက လက်လုပ်လက်စား လုပ်ကိုင်စားသောက်နေရတဲ့ ဆင်းရဲတဲ့ ပြည်သူတွေ အပေါ် ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ အများစုဟာ လူမှုဖူလုံရေး အကျိုး ခံစားခွင့်မရှိသူတွေ ဖြစ်သလို တချို့ ပြည်သူတွေရဲ့စုဆောင်းငွေတွေ ကုန်ခမ်းသွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။
မြို့တော် နယူးဒေလီမှာတော့ ကြာသပတေးနေ့က အစိုးရ ကျောင်းတွေမှာ ချက်ပြုတ် ကျွေးမွေးတဲ့ အစားအသောက်တွေကို ဆင်းရဲနွမ်းပါးသူတွေကို စတင် ဝေမျှ ကျွေးမွေး နေပြီ ဖြစ်ပါတယ်။