သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏၵိယမွာ တရက္အျပင္မထြက္တဲ့ လႈပ္ရွားမႈ ျပဳလုပ္မည္


Curfew Sunday "တနဂၤေႏြတရက္ အိမ္ျပင္မထြက္" လွဳပ္ရွားမွဳမွာ ပါ၀င္ဆင္ႏႊဲၾကဖို႔ အိႏိၵယ၀န္ႀကီးခ်ဳပ္ Narendra Modi ကတိုင္းျပည္ ကို ေဆာ္ၾသ

(Zawgyi/Unicode)

ကိုရုိနာဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႕ေနတာကို တားဆီးေရး တစိတ္တပိုင္း ႀကိဳးပမ္းခ်က္အျဖစ္ အိႏိၵယျပည္သူေတြဦးေဆာင္က်င္းပမယ့္ Curfew Sunday "တနဂၤေႏြတရက္ အိမ္ျပင္မထြက္" လွဳပ္ရွားမွဳမွာ ပါ၀င္ဆင္ႏႊဲၾကဖို႔ အိႏိၵယ၀န္ႀကီးခ်ဳပ္ Narendra Modi ကတိုင္းျပည္ ကို ေဆာ္ၾသလိုက္ပါတယ္။

အိႏိၵယႏုိင္ငံမွာ ဗိုင္းရပ္စ္ ကူးစက္မွဳ တျဖည္းျဖည္းခ်င္း တိုးလာေနတာနဲ႔အမွ် ဒီ ကူးစက္ေရာဂါကို ထိန္းထိန္းသိမ္းသိမ္းနဲ႔ ယတိျပတ္ စိတ္ထားၿပီး တြန္းလွန္သြားဖို႔ အိႏိၵယ၀န္ႀကီးခ်ဳပ္က ျပည္သူေတြကို မိန္႔ခြန္းေျပာၾကား တိုက္တြန္း လိုက္တာပါ။

လက္ရွိ အခ်ိန္အထိ အိႏိၵယႏုိင္ငံမွာ ကူးစက္မွဳေပါင္း ၁၇၃ ခုေတြ႕ရွိခဲ့ၿပီး အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါနဲ႔ လူ ၄ ဦး ေသဆုံးခဲ့ပါတယ္။ တျခား တိုင္းျပည္ေတြနဲ႔ စာရင္ အိႏိၵယႏုိင္ငံအတြင္း ကူးစက္မွဳႏွဳန္း နည္းပါးေနေသးေပမဲ့ ဒီ အေရအတြက္ဟာ တကယ္ ျဖစ္ပြားမွဳႏွဳန္းကို ထင္ဟပ္ျခင္းမရွိဘူးလို႔ လူထု က်န္းမာေရးဆိုင္ရာ ကြ်မ္းက်င္သူေတြက ေျပာပါတယ္။ အခုအခ်ိန္ထိအိႏိၵယႏုိင္ငံမွာ ကိုရုိနာ ဗိုင္းရပ္စ္ ေရာဂါစမ္းသပ္စစ္ေဆးႏုိင္တာ အလြန္တရာ နည္းပါးလြန္းလွပါတယ္။ ဒါေၾကာင့္ ကူးစက္မွဳအေရအတြက္ အလြန္ တရာ ထိုးတက္သြားတာမ်ိဳး ၾကံဳေတြ႔ရႏုိင္တယ္လို႔ ကြ်မ္းက်င္သူေတြက သတိေပးထားပါတယ္။

တနဂၤေႏြေန႔မွာ မနက္ ၇ နာရီက ည ၉ နာရီအတြင္း ျပည္သူေတြကို အိမ္မွာေနၾကဖို႔ တိုက္တြန္းရင္း ၀န္ႀကီးခ်ဳပ္ မိုဒီက တနဂၤေႏြ တရက္ အိမ္ျပင္မထြက္တဲ့လွဳပ္ရွားမွဳဟာ “ျပည္သူေတြအတြက္ ျပည္သူေတြက ေဆာင္ရြက္ၾကတာ ျဖစ္တယ္” for the people and by the people လို႔လည္း တင္စား ေျပာဆိုသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

အိန္ဒိယမှာ တရက်အပြင်မထွက်တဲ့ လှုပ်ရှားမှု ပြုလုပ်မည်

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေတာကို တားဆီးရေး တစိတ်တပိုင်း ကြိုးပမ်းချက်အဖြစ် အိန္ဒိယပြည်သူတွေဦးဆောင်ကျင်းပမယ့် Curfew Sunday "တနင်္ဂနွေတရက် အိမ်ပြင်မထွက်" လှုပ်ရှားမှုမှာ ပါဝင်ဆင်နွှဲကြဖို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကတိုင်းပြည် ကို ဆော်သြလိုက်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်မှု တဖြည်းဖြည်းချင်း တိုးလာနေတာနဲ့အမျှ ဒီ ကူးစက်ရောဂါကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ယတိပြတ် စိတ်ထားပြီး တွန်းလှန်သွားဖို့ အိန္ဒိယဝန်ကြီးချုပ်က ပြည်သူတွေကို မိန့်ခွန်းပြောကြား တိုက်တွန်း လိုက်တာပါ။

လက်ရှိ အချိန်အထိ အိန္ဒိယနိုင်ငံမှာ ကူးစက်မှုပေါင်း ၁၇၃ ခုတွေ့ရှိခဲ့ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ တခြား တိုင်းပြည်တွေနဲ့ စာရင် အိန္ဒိယနိုင်ငံအတွင်း ကူးစက်မှုနှုန်း နည်းပါးနေသေးပေမဲ့ ဒီ အရေအတွက်ဟာ တကယ် ဖြစ်ပွားမှုနှုန်းကို ထင်ဟပ်ခြင်းမရှိဘူးလို့ လူထု ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အခုအချိန်ထိအိန္ဒိယနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါစမ်းသပ်စစ်ဆေးနိုင်တာ အလွန်တရာ နည်းပါးလွန်းလှပါတယ်။ ဒါကြောင့် ကူးစက်မှုအရေအတွက် အလွန် တရာ ထိုးတက်သွားတာမျိုး ကြုံတွေ့ရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

တနင်္ဂနွေနေ့မှာ မနက် ၇ နာရီက ည ၉ နာရီအတွင်း ပြည်သူတွေကို အိမ်မှာနေကြဖို့ တိုက်တွန်းရင်း ဝန်ကြီးချုပ် မိုဒီက တနင်္ဂနွေ တရက် အိမ်ပြင်မထွက်တဲ့လှုပ်ရှားမှုဟာ “ပြည်သူတွေအတွက် ပြည်သူတွေက ဆောင်ရွက်ကြတာ ဖြစ်တယ်” for the people and by the people လို့လည်း တင်စား ပြောဆိုသွားပါတယ်။

XS
SM
MD
LG