သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယမွာ ၁၄ နာရီ ကာဖ်ဴးထုတ္


လူသြားလူလာ ကင္းရွင္းေနသည့္ မြမ္ဘုိင္းၿမိဳ႕ ဘူတာ႐ုံတခုျမင္ကြင္း။ (မတ္ ၂၂၊ ၂၀၂၀)

(Zawgyi / Unicode)

အိႏၵိယႏုိင္ငံရဲ႕ ၿမိဳ႕ေတာ္ နယူးေဒလီမွာ အခု တနဂၤေႏြေန႔ကစလို႔ ကို႐ိုနာဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔မႈကို ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ဝန္ႀကီးခ်ဳပ္ Narendra Modi က တိုက္တြန္းခဲ့ၿပီးတဲ့ေနာက္ ၁၄ နာရီ ကာဖ်ဴးမိန္႔ထုတ္ထားတာေၾကာင့္ ပံုမွန္အားျဖင့္ လူေတြ ျပည့္က်ပ္ဆူညံေနေလ့ရွိတဲ့ လမ္းေတြဟာ တိတ္ဆိတ္ၿပီး အသြားအလာေတြ မရွိသေလာက္ ျဖစ္ေနပါတယ္။

ရထားလမ္းေတြ ပိတ္ထားသလို လူေတြကို လမ္းေလွ်ာက္ဖို႔ ဖိအားေပးထားပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္ထဲမွာ ဝန္ႀကီးခ်ဳပ္ Modi က အိႏိၵယျပည္သူေတြ အိမ္ထဲမွာပဲေနၾကဖို႔ မွာေပမယ့္ ညေန ၅ နာရီမွာေတ့ ဝရန္တာေတြမွာထြက္ၿပီး က်န္းမာေရးဝန္ထမ္းေတြကို အားေပးဖို႔ တိုက္တြန္းခဲ့တာပါ။

ေဆး႐ံုလို မရွိမျဖစ္ ဌာနမ်ဳိးကလြဲလို႔ လုပ္ငန္းေတြအားလံုး တနဂၤေႏြေန႔မွာ ရပ္နားၾကမယ္လို႔ ယူဆရပါတယ္။

အိႏၵိယႏုိင္ငံမွာ အသက္႐ွဴလမ္းေၾကာင္းဆုိင္ရာေရာဂါ ျဖစ္ေစတဲ့ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ျဖစ္တဲ့ COVID-19 ေရာဂါရတဲ့ လူနာေပါင္း ၂၉၆ ေယာက္ ရွိၿပီး ေသဆံုးသူ ၄ ဦး ရွိခဲ့ေၾကာင္းနဲ႔ အားလံုးဟာ ႏုိင္ငံျခားခရီး ထြက္ခဲ့သူေတြျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ အဲဒီထဲမွာ ၂၃ ေယာက္က ျပန္လည္က်န္းမာလာၿပီလို႔လည္း ဆိုပါတယ္။

ကူးစက္ခံရသူ အမ်ားစုက ဖ်ားတာနဲ႔ ေခ်ာင္းဆိုးတာလို သိပ္မျပင္းထန္တဲ့ အေတာ္အသင့္ရွိတဲ့ ေရာဂါလကၡဏာေတြ ျပခဲ့ပါတယ္။ တခ်ဳိ႕ အထူးသျဖင့္ အသက္အရြယ္ႀကီးသူေတြနဲ႔ က်န္းမာေရးခ်ဳိ႕တဲ့သူေတြ အတြက္ေတာ့ ဒီေရာဂါပိုးေၾကာင့္ အဆုတ္ေရာင္ေရာဂါ အပါအဝင္ ေဝဒနာကို အျပင္းအထန္ ခံစားရႏုိင္ပါတယ္။

ကမၻာ့က်န္းမာေရးအဖြဲ႔ (WHO) ရဲ႕ ထုတ္ျပန္ခ်က္အရ ကူးစက္ခံရမႈ သိပ္မျပင္းထန္ရင္ သီတင္း ၂ ပတ္အတြင္း ျပန္လည္နာလန္ထူလာႏုိင္ၿပီး ျပင္းထန္တဲ့သူေတြအတြက္ေတာ့ သီတင္း ၃ ပတ္ကေန ၁ လခြဲေလာက္အထိ ၾကာျမင့္ႏုိင္ေၾကာင္း ေဖာ္ျပထားပါတယ္။

တကမၻာလံုးမွာ ဗိုင္းရပ္စ္ကူးစက္သူ ၃ သိန္း ၁ ေသာင္းနီးပါး ရွိေနၿပီး ၁ ေသာင္း ၃ ေထာင္ေက်ာ္ ေသဆံုးခဲ့ၿပီး ျဖစ္ပါတယ္။

အိႏၵိယမွာ ၁၄ နာရီ ကာဖ်ဴးထုတ္
please wait

No media source currently available

0:00 0:01:39 0:00
တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

အိန္ဒိယမှာ ၁၄ နာရီ ကာဖျူးထုတ်

အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ အခု တနင်္ဂနွေနေ့ကစလို့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ရေးအတွက် ဝန်ကြီးချုပ် Narendra Modi က တိုက်တွန်းခဲ့ပြီးတဲ့နောက် ၁၄ နာရီ ကာဖျူးမိန့်ထုတ်ထားတာကြောင့် ပုံမှန်အားဖြင့် လူတွေ ပြည့်ကျပ်ဆူညံနေလေ့ရှိတဲ့ လမ်းတွေဟာ တိတ်ဆိတ်ပြီး အသွားအလာတွေ မရှိသလောက် ဖြစ်နေပါတယ်။

ရထားလမ်းတွေ ပိတ်ထားသလို လူတွေကို လမ်းလျှောက်ဖို့ ဖိအားပေးထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ ဝန်ကြီးချုပ် Modi က အိန္ဒိယပြည်သူတွေ အိမ်ထဲမှာပဲနေကြဖို့ မှာပေမယ့် ညနေ ၅ နာရီမှာတေ့ ဝရန်တာတွေမှာထွက်ပြီး ကျန်းမာရေးဝန်ထမ်းတွေကို အားပေးဖို့ တိုက်တွန်းခဲ့တာပါ။

ဆေးရုံလို မရှိမဖြစ် ဌာနမျိုးကလွဲလို့ လုပ်ငန်းတွေအားလုံး တနင်္ဂနွေနေ့မှာ ရပ်နားကြမယ်လို့ ယူဆရပါတယ်။

အိန္ဒိယနိုင်ငံမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ COVID-19 ရောဂါရတဲ့ လူနာပေါင်း ၂၉၆ ယောက် ရှိပြီး သေဆုံးသူ ၄ ဦး ရှိခဲ့ကြောင်းနဲ့ အားလုံးဟာ နိုင်ငံခြားခရီး ထွက်ခဲ့သူတွေဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ ၂၃ ယောက်က ပြန်လည်ကျန်းမာလာပြီလို့လည်း ဆိုပါတယ်။

ကူးစက်ခံရသူ အများစုက ဖျားတာနဲ့ ချောင်းဆိုးတာလို သိပ်မပြင်းထန်တဲ့ အတော်အသင့်ရှိတဲ့ ရောဂါလက္ခဏာတွေ ပြခဲ့ပါတယ်။ တချို့ အထူးသဖြင့် အသက်အရွယ်ကြီးသူတွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေ အတွက်တော့ ဒီရောဂါပိုးကြောင့် အဆုတ်ရောင်ရောဂါ အပါအဝင် ဝေဒနာကို အပြင်းအထန် ခံစားရနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရ ကူးစက်ခံရမှု သိပ်မပြင်းထန်ရင် သီတင်း ၂ ပတ်အတွင်း ပြန်လည်နာလန်ထူလာနိုင်ပြီး ပြင်းထန်တဲ့သူတွေအတွက်တော့ သီတင်း ၃ ပတ်ကနေ ၁ လခွဲလောက်အထိ ကြာမြင့်နိုင်ကြောင်း ဖော်ပြထားပါတယ်။

တကမ္ဘာလုံးမှာ ဗိုင်းရပ်စ်ကူးစက်သူ ၃ သိန်း ၁ သောင်းနီးပါး ရှိနေပြီး ၁ သောင်း ၃ ထောင်ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG