သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

COVID-19 ကပ္ေရာဂါအေရး တ႐ုတ္-အေမရိကန္ သမၼတႏွစ္ဦး ဖုန္းဆက္ေဆြးေႏြး


အေမရိကန္သမၼတ Donald Trump နဲ႔ တ႐ုတ္သမၼတ Xi Jinping (မွတ္တမ္းဓာတ္ပံု - ဇြန္ ၂၉၊ ၂၀၁၉)

(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါနဲ႔ပါတ္သက္လို႔ အေမရိကန္သမၼတ Donald Trump နဲ႔ တ႐ုတ္သမၼတ Xi Jinping တို႔ တယ္လီဖုန္းနဲ႔ ဆက္သြယ္စကားေျပာခဲ့ၾကပါတယ္။

Coronavirus ပိုးနဲ႔ ပတ္သက္လို႔ အေတြ႔အႀကံဳေကာင္းေကာင္း ႐ွိထားတဲ့ တ႐ုတ္ႏိုင္င္ငံနဲ႔ အေမရိကန္က အနီးကပ္ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ သမၼတ Trump က Twitter မွာ ေသာၾကာေန႔အေစာပိုင္းက ေရးသားခဲ့ပါတယ္။

အေမရိကန္မွာလုပ္တဲ့ သတင္းစာ႐ွင္းလင္းပဲြေတြအတြင္း Coronavirus ကို တ႐ုတ္ virus လို႔ သံုးႏႈန္းေျပာဆိုေနေပတဲ့ သမၼတ Trump ရဲ႕ Twitter ေပၚက အေရးအသားမွာေတာ့ တ႐ုတ္အေပၚ အေလးထားတယ္လို႔ ေဖာ္ျပထားပါတယ္။

လက္႐ွိကမာၻမွာ အေမရိကန္ျပည္ေထာင္စုဟာ Coronavirus ပိုးကူးစက္သူအေရအတြက္အမ်ားဆံုး ျဖစ္ေနခ်ိန္မွာ အေမရိကန္နဲ႔ တ႐ုတ္သမၼတတို႔ ဆက္သြယ္စကားေျပာခဲ့ၾကတာပါ။

ကပ္ေရာဂါတိုက္ဖ်က္ေရးအတြက္ တ႐ုတ္က အေမရိကန္နဲ႔ တုိးျမွင့္ပူးေပါင္းေဆာင္႐ြက္ဖုိ႔န႔ဲ လိုအပ္တဲ့အကူအညီေပးဖုိ႔ အသင့္႐ွိေၾကာင္း သမၼတ Xi ကေျပာၾကားခဲ့တယ္လို႔ တ႐ုတ္အစိုးရပိုင္ CCTV ကထုတ္ျပန္ပါတယ္။

အေမရိကန္တဝန္း Coronavirus ပိုးကူးစက္ေနသူက ၾကာသပေတးေန႔ညအထိ ၈၅,၀၀၀ ေက်ာ္႐ွိေနပါတယ္။ ေရာဂါပိုးစတင္ကူးစက္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံမွာ စုစုေပါင္း ကူးစက္သူက ၈၁,၀၀၀ ေက်ာ္ျဖစ္ပါတယ္။

အေမရိကန္မွာ အဓိကအမ်ားဆံုးကူးစက္ေနတာက New York ျပည္နယ္မွာျဖစ္ပါတယ္။ တႏုိင္ငံလံုးမွာ လူဦးေရအမ်ားဆံုးျဖစ္တဲ့ New York ၿမိဳ႕မွာ ကူးစက္မႈႏႈန္း မ်ားေနတာမွာ တေန႔ကို ကူးစက္သူ ၃,၀၀၀ ေထာင္ထက္ မနည္းတိုးေနတယ္လုိ႔ တာဝန္႐ွိသူေတြက ေျပာပါတယ္။ New York ၿမိဳ႕မွာ ေလာေလာဆယ္ ကူးစက္ေနသူ ၂၁,၀၀၀ ေက်ာ္႐ွိပါတယ္။

ထိခိုက္ေနတဲ့ အေမရိကန္စီးပြားေရးကို က်ားကန္ေပးဖို႔ ေဒၚလာ ၂ trillion သံုးစြဲမယ့္အစီအစဥ္ကို ေအာက္လႊတ္ေတာ္မွာ ဒီေန႔ ေသာၾကာေန႔ အတည္ျပဳမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ အထက္လႊတ္ေတာ္မွာ ဗုဒၼဟူးေန႔က အတည္ျပဳထားတဲ့ ဒီအစီအစဥ္ကို သမၼတ Trump ကလည္း လက္မွတ္ထိုး အတည္ျပဳမယ္လို႔ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 ကပ်ရောဂါအရေး တရုတ်-အမေရိကန် သမ္မတနှစ်ဦး ဖုန်းဆက်ဆွေးနွေး

COVID-19 ကပ်ရောဂါနဲ့ပါတ်သက်လို့ အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping တို့ တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့ကြပါတယ်။

Coronavirus ပိုးနဲ့ ပတ်သက်လို့ အတွေ့အကြုံကောင်းကောင်း ရှိထားတဲ့ တရုတ်နိုင်င်ငံနဲ့ အမေရိကန်က အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့ သမ္မတ Trump က Twitter မှာ သောကြာနေ့အစောပိုင်းက ရေးသားခဲ့ပါတယ်။

အမေရိကန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေအတွင်း Coronavirus ကို တရုတ် virus လို့ သုံးနှုန်းပြောဆိုနေပေတဲ့ သမ္မတ Trump ရဲ့ Twitter ပေါ်က အရေးအသားမှာတော့ တရုတ်အပေါ် အလေးထားတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိကမ္ဘာမှာ အမေရိကန်ပြည်ထောင်စုဟာ Coronavirus ပိုးကူးစက်သူအရေအတွက်အများဆုံး ဖြစ်နေချိန်မှာ အမေရိကန်နဲ့ တရုတ်သမ္မတတို့ ဆက်သွယ်စကားပြောခဲ့ကြတာပါ။

ကပ်ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်က အမေရိကန်နဲ့ တိုးမြှင့်ပူးပေါင်းဆောင်ရွက်ဖို့နဲ့ လိုအပ်တဲ့အကူအညီပေးဖို့ အသင့်ရှိကြောင်း သမ္မတ Xi ကပြောကြားခဲ့တယ်လို့ တရုတ်အစိုးရပိုင် CCTV ကထုတ်ပြန်ပါတယ်။

အမေရိကန်တဝန်း Coronavirus ပိုးကူးစက်နေသူက ကြာသပတေးနေ့ညအထိ ၈၅,၀၀၀ ကျော်ရှိနေပါတယ်။ ရောဂါပိုးစတင်ကူးစက်ခဲ့တဲ့ တရုတ်နိုင်ငံမှာ စုစုပေါင်း ကူးစက်သူက ၈၁,၀၀၀ ကျော်ဖြစ်ပါတယ်။

အမေရိကန်မှာ အဓိကအများဆုံးကူးစက်နေတာက New York ပြည်နယ်မှာဖြစ်ပါတယ်။ တနိုင်ငံလုံးမှာ လူဦးရေအများဆုံးဖြစ်တဲ့ New York မြို့မှာ ကူးစက်မှုနှုန်း များနေတာမှာ ၁ နေ့ကို ကူးစက်သူ ၃,၀၀၀ ထောင်ထက် မနည်းတိုးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ New York မြို့မှာ လောလောဆယ် ကူးစက်နေသူ ၂၁,၀၀၀ ကျော်ရှိပါတယ်။

ထိခိုက်နေတဲ့ အမေရိကန်စီးပွားရေးကို ကျားကန်ပေးဖို့ ဒေါ်လာ ၂ trillion သုံးစွဲမယ့်အစီအစဉ်ကို အောက်လွှတ်တော်မှာ ဒီနေ့ သောကြာနေ့ အတည်ပြုမယ်လို့ မျှော်လင့်ရပါတယ်။ အထက်လွှတ်တော်မှာ ဗုဒ္မဟူးနေ့က အတည်ပြုထားတဲ့ ဒီအစီအစဉ်ကို သမ္မတ Trump ကလည်း လက်မှတ်ထိုး အတည်ပြုမယ်လို့ ပြောထားပါတယ်။

XS
SM
MD
LG