သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

WHO အတွက်ရန်ပုံငွေ ရပ်ဆိုင်းတဲ့အပေါ် အမေရိကန် ဝေဖန်ခံရ


အမေရိကန် သမ္မတ Donald Trump
အမေရိကန် သမ္မတ Donald Trump

(Zawgyi/Unicode)

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အတွက် ရန်ပုံငွေတွေကို ဆိုင်းငံ့ထားဖို့ သမ္မတ Donald Trump ဆုံးဖြတ်ချက်ဟာ နိုင်ငံအားလုံးကို ထိခိုက်နိုင်ကြောင်း တရုတ်နိုင်ငံက ဒီကနေ့ပဲ တုံ့ပြန်လိုက်ပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်မှုတွေကို WHO က ကျကျနန စုံစမ်းစစ်ဆေးတာတွေ မလုပ်ခဲ့ဘူးဆိုပြီး အထောက်အပံ့တွေ ဖြတ်တောက်မယ့်အကြောင်း သမ္မတ Trump မနေ့က ကြေညာလိုက်တဲ့အပေါ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန်လိုက်တာပါ။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maas ကလည်း အပြစ်ဖို့နေတာဟာ အထောက်အကူ မဖြစ်ဘူးဆိုပြီး ဒီကနေ့ပဲ WHO ဘက်ကနေ ကာကွယ်ပြောဆိုလိုက်ပါတယ်။ COVID-19 ရောဂါကို အတူလက်တွဲပြီး ရင်ဆိုင်ရမှာဖြစ်ပြီး ရောဂါစမ်းသပ်ပစ္စည်းနဲ့ ကာကွယ်ဆေး ထုတ်လုပ်ဖြန့်ဖြူးမှုတွေအတွက် ကုလသမဂ္ဂ အထူးသဖြင့် WHO ကို ထောက်ပံ့ကူညီတာကသာ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်းလည်း Twitter လူမှုကွန်ရက်မှာ မှတ်ချက်ပေးခဲ့တာပါ။

လတ်တလော ကမ္ဘာတဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်သူ ၂,၀၀၀,၀၀၀ နီးပါး အတည်ပြုထားပေမဲ့ နေရာတော်တော်များများမှာ စမ်းသပ်စစ်ဆေးဖို့ အခက်အခဲတွေ ရှိနေဆဲ ဖြစ်တဲ့အတွက် လက်တွေ့အခြေအနေမှာ ကူးစက်သူ အရေအတွက် ပိုများနိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေ ခန့်မှန်းထားကြပါတယ်။

အမေရိကန်ပြည်ထောင်စုက Johns Hopkins တက္ကသိုလ်က ဗုဒ္ဓဟူးနေ့အစောပိုင်း ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ ကမ္ဘာတဝှမ်း သေဆုံးသူ အရေအတွက်ဟာလည်း ၁၂၆,၀၀၀ ကျော်ရှိနေပါတယ်။

WHO အတွက်ရန်ပုံငွေ ရပ်ဆိုင်းတဲ့အပေါ် အမေရိကန် ဝေဖန်ခံရ
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG