(Zawgyi/Unicode)
WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီးဟာ တရုတ္ႏိုင္ငံကို ဘက္လိုက္ၿပီး ရပ္တည္ေနတယ္ ဆိုတဲ့ စြပ္စြဲခ်က္ကို WHO က ျငင္းဆိုလိုက္ပါတယ္။ ဒါ့အျပင္ အခုလို ကမာၻ႔ကပ္ေရာဂါေဘးနဲ႔ ဆိုးဆိုးဝါးဝါး ရင္ဆိုင္ေနရခ်ိန္မ်ိဳးမွာ WHO ကို ရန္ပံုေငြ ေထာက္ပံ့မႈ အမ်ားဆံုး ေပးေနတဲ့ အေမရိကန္က ရန္ပံုေငြ မျဖတ္ေတာက္ဖို႔ လည္း ပန္ၾကားလိုက္ပါတယ္။
၂၀၁၉ ခုႏွစ္မွာ အေမရိကန္က WHO ကို ေဒၚလာ သန္း ၄၀၀ ေပးခဲ့တာ ျဖစ္ၿပီး တရုတ္က ေဒၚလာ ၄၄ သန္း ေပးခဲ့တာပါ။ သမၼတ ထရမ့္ရဲ့ WHO ကို ရန္ပံုေငြ ျဖတ္ေတာက္ဖို႔ ၿခိမ္းေျခာက္မႈနဲ႔ ပတ္သက္ၿပီး အခုအခ်ိန္ဟာ ကိုရိုနာဗိုင္းရပ္စ္ ကမာၻ႔ကပ္ေရာဂါ အေျခေန သိပ္ဆိုးေနတာေၾကာင့္ ရန္ပံုေငြ မျဖတ္ေတာက္ သင့္ဘူးလို႔ WHO ရဲ့ ဥေရာပေဒသဆိုင္ရာ အႀကီးအကဲ Dr Hans Kluge က ေျပာပါတယ္။
ဒါ့အျပင္ တျခား WHO အႀကီးအကဲ ရဲ႕ အႀကံေပး ကလည္း ဒီေရာဂါဟာ ဒီဇင္ဘာလထဲမွာ တရုတ္ႏုိ္င္ငံ ဝူဟန္ကေန စတင္လာတာျဖစ္တဲ့ အတြက္ ဒီေရာဂါျဖစ္ပြားမႈနဲ႔ပတ္သက္ၿပီး ေသေသခ်ာခ်ာ နားလည္ႏိုင္ဖို႔ တရုတ္နဲ႔ WHO တို ဆက္ဆံေရးဟာ အေရးႀကီးတယ္လို႔လည္း ခုခံ ေျပာဆိုခဲ့ပါတယ္။
ဒီေရာဂါ စတင္ျဖစ္ပြါးစ အခ်ိန္တုန္းက တရုတ္သမၼတ ရွီက်င့္ပင္ကို ရွားပါးတဲ့ ေခါင္းေဆာင္ တဦး အျဖစ္ WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က အမြန္းတင္ခဲ့တာ ျဖစ္ပါတယ္။ ၂၀၁၃ ဆားစ္ ေရာဂါ ကမာၻတလႊား ျပန္႔ႏွံျဖစ္ပြားစဥ္က WHO မွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ပါေမာကၡ David Heymann ကေတာ့ အေမရိကန္ဆီက အေထာက္အပံ့ မရဘူး ဆိုရင္ ဒီေရာဂါဆိုးကို ရင္ဆိုင္ဖုိ႔ အေျခေန မေကာင္းလွဘူးလို႔ ေျပာပါတယ္။
.................
တရုတ်ဘက်လိုက်ရပ်တည်ကြောင်း ပြောဆိုမှု WHO ငြင်းဆို
(Unicode)
WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးဟာ တရုတ်နိုင်ငံကို ဘက်လိုက်ပြီး ရပ်တည်နေတယ် ဆိုတဲ့ စွပ်စွဲချက်ကို WHO က ငြင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် အခုလို ကမ္ဘာ့ကပ်ရောဂါဘေးနဲ့ ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရချိန်မျိုးမှာ WHO ကို ရန်ပုံငွေ ထောက်ပံ့မှု အများဆုံး ပေးနေတဲ့ အမေရိကန်က ရန်ပုံငွေ မဖြတ်တောက်ဖို့ လည်း ပန်ကြားလိုက်ပါတယ်။
၂၀၁၉ ခုနှစ်မှာ အမေရိကန်က WHO ကို ဒေါ်လာ သန်း ၄၀၀ ပေးခဲ့တာ ဖြစ်ပြီး တရုတ်က ဒေါ်လာ ၄၄ သန်း ပေးခဲ့တာပါ။ သမ္မတ ထရမ့်ရဲ့ WHO ကို ရန်ပုံငွေ ဖြတ်တောက်ဖို့ ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး အခုအချိန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ အခြေနေ သိပ်ဆိုးနေတာကြောင့် ရန်ပုံငွေ မဖြတ်တောက် သင့်ဘူးလို့ WHO ရဲ့ ဥရောပဒေသဆိုင်ရာ အကြီးအကဲ Dr Hans Kluge က ပြောပါတယ်။
ဒါ့အပြင် တခြား WHO အကြီးအကဲ ရဲ့ အကြံပေး ကလည်း ဒီရောဂါဟာ ဒီဇင်ဘာလထဲမှာ တရုတ်နိုင်ငံ ဝူဟန်ကနေ စတင်လာတာဖြစ်တဲ့ အတွက် ဒီရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး သေသေချာချာ နားလည်နိုင်ဖို့ တရုတ်နဲ့ WHO တို ဆက်ဆံရေးဟာ အရေးကြီးတယ်လို့လည်း ခုခံ ပြောဆိုခဲ့ပါတယ်။
ဒီရောဂါ စတင်ဖြစ်ပွါးစ အချိန်တုန်းက တရုတ်သမ္မတ ရှီကျင့်ပင်ကို ရှားပါးတဲ့ ခေါင်းဆောင် တဦး အဖြစ် WHO အကြီးအကဲ Tedros Adhanom Ghebreyesus က အမွန်းတင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၃ ဆားစ် ရောဂါ ကမ္ဘာတလွှား ပြန့်နှံဖြစ်ပွားစဉ်က WHO မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပါမောက္ခ David Heymann ကတော့ အမေရိကန်ဆီက အထောက်အပံ့ မရဘူး ဆိုရင် ဒီရောဂါဆိုးကို ရင်ဆိုင်ဖို့ အခြေနေ မကောင်းလှဘူးလို့ ပြောပါတယ်။