သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

WHO ရဲ့ COVID ရန်ပုံငွေအတွက် အနုပညာရှင်တွေ ပါဝင်ကူညီ 


ဂီတပညာရှင် Lady Gaga
ဂီတပညာရှင် Lady Gaga

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရရေး ကာကွယ်ဖို့ အတွက် ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်းတွေကို အများပြည်သူကြား ဝယ်ယူသုံးစွဲမှုဟာဆိုရင် ကျန်းမာရေး ဝန်ထမ်းတွေ အတွက် မလောက်ငမှုကို ဖြစ်စေပြီး အန္တရာယ် ဖြစ်စေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က တနလာၤနေ့မှာ သတိပေးလိုက်ပါတယ်။

COVID- 19 ကုသရေးပိုင်းမှာ လုပ်နေတဲ့ ကျန်းမာရေး လုပ်သားတွေ အတွက် ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်းတွေ အသုံးပြုနိုင်ရေး ဦးစားပေးကြရမှာ ဖြစ်တယ်လို့ WHO ရဲ့ ညွှန်ကြားရေးမှူး Tedros Adhanom Ghebreyesus က တနလာၤနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ကျန်းမာရေး လုပ်သားတွေ အတွက် လိုအပ်တဲ့ ရောဂါ ကာကွယ်ရေး ဝတ်စုံတွေ၊ ဗိုင်းရပ်စ် စမ်းသပ်ရေး အထောက်အပံ့ အတွက် ရည်ရွယ်တဲ့ WHO ရဲ့ စည်းလုံးညီညွတ်မှုနဲ့ တုံ့ပြန်ရေး ရန်ပုံငွေ အတွက် ပါဝင် လှုပ်ရှား ဆောင်ရွက်နေတဲ့ ဂီတပညာရှင် Lady Gaga ကလည်း ဒီရန်ပုံငွေ အကြောင်း ရှင်းလင်းခဲ့ပါတယ်။

“WHO ရဲ့ စည်းလုံးညီညွတ်မှုနဲ့ တုံ့ပြန်ရေး ရန်ပုံငွေ အတွက် အမေရိကန် ဒေါ်လာ ၃၅ သန်းထိ ရရှိနေပြီ”လို့ ဂီတပညာရှင် Lady Gaga ပြောသွားတာပါ။

WHO ရဲ့ ဒီရန်ပုံငွေ အတွက် အလှူငွေတွေ ထည့်ဝင်လာစေဖို့ ကမ္ဘာတလွှားက ထင်ရှားကျော်ကြားသူတွေက အွန်လိုင်း ဖျော်ဖြေပွဲတွေ ကျင်းပဆောင်ရွက်နေကြပါတယ်။

WHO ရဲ့ COVID ရန်ပုံငွေအတွက် အနုပညာရှင်တွေ ပါဝင်ကူညီ
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်


......................


(Unicode)





ဆက်စပ်သတင်းများ ...

XS
SM
MD
LG