သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ် ရာသီလိုက် ပြန်လာနိုင်ဖွယ်ရှိ


ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ ဓာတ်ခွဲခန်းတခုတွင် ကိုရိုနာဗိုင်းရပ်စ်ဆေး စမ်းသပ်စစ်ဆေးနေသည့် ပညာရှင်များ။ (မတ် ၂၃၊ ၂၀၂၀)
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ ဓာတ်ခွဲခန်းတခုတွင် ကိုရိုနာဗိုင်းရပ်စ်ဆေး စမ်းသပ်စစ်ဆေးနေသည့် ပညာရှင်များ။ (မတ် ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

ပြီးခဲ့တဲ့ ရက်သတ္တ တပတ်အတွင်း ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တသန်းကျော် ရှိလာခဲ့ပြီး လာမယ့်လတွေအတွင်းမှာ သန်းပေါင်း ဘယ်လောက်ဆိုတာ အတိအကျ မသိရပေမယ့် ဆက်လက် ကူးစက်နိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီရောဂါ ကာကွယ်ရေးအတွက် ဆေးတွေ့ရှိနိုင်ရေး အပြင်းအထန် ကြိုးပမ်းနေကြပါတယ်။ ဗွီအိုအေသတင်းထောက် Carol Pearson ပေးပို့ထားတဲ့ သတင်းလွှာကို ဦးကျော်ဇံသာ တင်ပြပေးထားပါတယ်။

COVID-19 နဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ မသိနိုင်သေးတဲ့ အချက်အလက်တွေ အများကြီး ရှိနေဆဲပါ။ ဒီရောဂါ ဘယ်လိုပျံ့နှံ့ ကူးစက်တယ် ဆိုတာကိုလည်း အတိအကျ၊ အခိုင်အမာ သိရှိကြသေးတာ မဟုတ်ပါဘူး။ ဒီလိုအချိန်မျိုးမှာ ဒီရောဂါကာကွယ်ဖို့ ကုထုံးဆိုတာကလည်း အခိုင်အမာ မသိရှိရသေးတော့ တကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ဖို့၊ လူအချင်းချင်း တယောက်နဲ့တယောက် ခပ်ခွာခွာနေကြဖို့ ဆိုတာတွေကပဲ သိရှိထားပြီးသား ကာကွယ်ရေးနည်းလမ်းတွေ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု Baylor ဆေးကောလိပ်က ဒေါက်တာ Peter Hotez ဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တွေ့ရှိဖို့ SARS ရောဂါ ပျံ့နှံ့ဖြစ်ပွားချိန် ၂၀၀၃ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ သူ့ရဲ့ သုတေသနအတွက် ရန်ပုံငွေ ကုန်ခန်းသွားခဲ့ပါတယ်။ နောက်ထပ် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေဟာ ပိုမိုဖြစ်ထွန်းပြီး ပျံ့နံှ့ကူးစက်လာနိုင်ဖွယ် ရှိတယ်၊ တချို့ဟာ COVID-19 လောက် မပြင်းထန်ဘဲ ခပ်ပျော့ပျော့ ဖြစ်နိုင်ပေမယ့် တချို့ကတော့ ဒီ့ထက်ပို ပြင်းထန်ပြီး သေစေနိုင်ဖွယ် ရှိတယ်လို့လည်း သူက ဆိုပါတယ်။

“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ ပုံမှန်ဖြစ်စဉ်အသစ်တခု A New Normal ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်တုန်းက SARS ရောဂါဖြစ်တာ ကြုံခဲ့ရတယ်။ ဒီနောက် ၂၀၁၂ မှာ MERS ရောဂါနဲ့ ကြုံရပြန်တယ်။ အခုတခါ ဒီ ကိုရိုနာဗိုင်းရပ်စ်နဲ့ ကြုံလာရပါတယ်။ ဆိုတော့ ဆယ်စုနှစ်တခုတိုင်း တခုတိုင်းမှာ အဓိက ကိုရိုနာဗိုင်းရပ်စ် အသစ်တမျိုးစီ ကြုံလာရဖွယ် ရှိနေတယ်” လို့ ဒေါက်တာ Hotez က ပြောသွားပါတယ်။

ဒါတွေကိုကြည့်ရင် ကုသဆေးတခု ဖော်ထုတ်ရမယ် ဆိုတဲ့အချက်ဟာ လိုအပ်တာထက်တောင် ပိုနေတဲ့ကိစ္စ ဖြစ်ပါတယ်။ အခု ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှု လျော့ကျသွားပြီး ပုံမှန်အခြေအနေ ပြန်ရောက်လာသည့်တိုင်အောင် ဆက်လက်လုပ်ဆောင်ရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။

“ကျနော်တို့ဟာ တကမ္ဘာလုံး ကျန်းမာရေးအတွက် လိုအပ်ချက်တခုအဖြစ် ကာကွယ်ဆေး ဖော်ထုတ်ဖို့ လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ် ကူးစက်မှုဟာ လူတွေ ကြိတ်ကြိတ်တိုးနေတဲ့ မွမ်ဘိုင်းတို့ ကာလ်ကတ္တားတို့ ဒေလီတို့လို မြို့တွေရဲ့ ဆင်းရဲသား ရပ်ကွက်တွေထဲ ရောက်ရှိသွားမှာ အထူးပဲ စိုးရိမ်ပါတယ်။ ဒီနေရာတွေမှာ Social Distancing လို့ခေါ်တဲ့ လူအချင်းချင်း ခပ်ခွာခွာ ခပ်လှမ်းလှမ်း နေဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ ဒါကြောင့် အိန္ဒိယနိုင်ငံလို ဒေသတွေအတွက် ဒီကာကွယ်ဆေးဟာ သိပ်ကို အရေးကြီးနေပါတယ်။ ဒါဟာ ကျနော်တို့အဖို့ လောလောဆယ်မှာ အဓိက ဦးစားပေးကိစ္စပဲ ဖြစ်ပါတယ်။” လို့ ဒေါက်တာ Hotez က ပြောသွားပါတယ်။

ဒေါက်တာ Hotez ဟာ ဒီရောဂါ ဖြစ်ပွားသူတွေကို ကုသရေး ကျန်းမာရေး ဝန်ထမ်းတွေကို အကာအကွယ် ပေးနိုင်ရေးအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ဆေးရှာဖွေတွေ့ရှိဖို့ ကြိုးပမ်းနေတဲ့ သိပ္ပံပညာရှင်တွေထဲက တဦးဖြစ်ပါတယ်။

ကမ္ဘာ့နေရာတိုင်းမှာ သန့်ရှင်းတဲ့ရေ ရရှိနိုင်တာ မဟုတ်ဘူး၊ COVID-19 ဟာ တကျော့ပြန်လာနိုင်တဲ့ အခြေအနေ ရှိနေတယ်၊ လာမယ့်နှစ်တွေမှာလည်း ကိုရိုနာဗိုင်းရပ်စ် ပိုးအသစ်တွေ ပေါက်ဖွားလာနိုင်တယ်လို့ ယူဆထားသူတဦးလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)










XS
SM
MD
LG