သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာတလႊား COVID -19 တနဂၤေႏြေန႔ ေနာက္ဆံုးရ အေျခအေန


နယူးေယာက္ Montefiore Medical Center မွ က်န္းမာေရးဝန္ထမ္းမ်ား။ (ဧၿပီ ၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကမၻာတလႊားမွာ COVID -19 ကူးစက္ခံထားရသူ ၁,၂၀၀,၀၀၀ ထဲမွာ အၾကမ္းဖ်ဥ္း ၂၅ ရာခိုင္ႏႈန္းက အေမရိကန္ျပည္ေထာင္စု အတြင္းမွာ ျဖစ္တယ္လို႔ Johns Hopkins တကၠသိုလ္ရဲ႕ တနဂၤေႏြေန႔ မနက္ခင္း စာရင္းေတြမွာ ေဖာ္ျပပါတယ္။

အေမရိကန္ျပည္ေထာင္စုအတြင္း အဆိုးရြားဆံုး ဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ ျဖစ္ေနတဲ့ နယူးေယာက္ျပည္နယ္မွာ လူေပါင္း ၄,၀၀၀ ေက်ာ္ ေသဆံုးခဲ့ရပါၿပီ။

နယူးေယာက္ျပည္နယ္ တခုတည္းတင္ မဟုတ္ဘဲ တျခား အေမရိကန္ ျပည္နယ္ေတြမွာလည္း အေျခအေနေတြက ပိုၿပီး ဆိုးရြားလာဖို႔ရွိတယ္လို႔ အမ်ားျပည္သူ က်န္းမာေရးဆိုင္ရာ ကြ်မ္းက်င္သူေတြက ေျပာပါတယ္။

နယူးေယာက္မွာ တနဂၤေႏြေန႔က အသက္႐ွဴစက္ အေထာက္အကူလိုတဲ့ လူနာအေရအတြက္ ေလ်ာ့ခဲ့သလို ဗိုင္းရပ္စ္ ကူးစက္ခံရတဲ့ လူနာသစ္ အေရအတြက္လည္း ေလ်ာ့နည္းခဲ့တာ အပါအ၀င္ တိုးတက္မႈအနည္းငယ္ ေတြ႔ရပါတယ္။

နယူးေယာက္ အုပ္ခ်ဳပ္ေရးမွဴး Andrew Cuomo ကေတာ့ ဒီအေျခအေနအေပၚ သတိထားၿပီး ေျပာဆိုခဲ့ပါတယ္။

"ေနာက္ရက္ေတြအတြင္း အေရအတြက္ ပိုမ်ားလာမလား နည္းသြားမလားဆိုတာ မသိႏုိင္ဘူး” လို႔ ေျပာခဲ့တာပါ။

တကမၻာလံုး အတိုင္းအတာအရဆိုရင္ေတာ့ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူက ၁,၂၀၀,၀၀၀ ေက်ာ္ထိ ေရာက္ရွိလာၿပီး လူေပါင္း ၆၅,၀၀၀ ေက်ာ္ အသက္ဆံုး႐ႈံးခဲ့ရပါၿပီ။

ဗိုင္းရပ္စ္ကူးစက္သူေပါင္း ၁၃၀,၀၀၀ ေက်ာ္နဲ႔ ကမၻာမွာ COVID-19 ကူးစက္မႈ ဒုတိယအမ်ားဆံုးျဖစ္တဲ့ စပိန္ႏုိင္ငံကေတာ့ ႏုိင္ငံတ၀န္း အသြားအလာ ကန္႔သတ္မႈကို ဧၿပီလ ၂၆ ရက္ေန႔အထိ ၁၅ ရက္ ထပ္တိုးလိုက္ပါတယ္။

COVID-19 ကူးစက္မႈေၾကာင့္ ကမၻာမွာ ေသဆံုးမႈအမ်ားဆံုး ျဖစ္ေနတဲ့ အီတလီႏုိင္ငံမွာေတာ့ က်န္းမာေရး၀န္ထမ္း ၁၁,၀၀၀ ဗိုင္းရပ္စ္ ကူးစက္ခံထားရပါတယ္။

ၿဗိတိန္ႏိုင္ငံမွာေတာ့ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ျပန္႔ပြားမႈကို ထိန္းခ်ဳပ္ေရးအတြက္ လာမယ့္ သီတင္းပတ္ေတြအတြင္း အက်ဥ္းသား ေထာင္နဲ႔ခ်ီၿပီး ျပန္လႊတ္မယ္လို႔ တရားေရး၀န္ႀကီးက ေၾကညာထားပါတယ္။ ၿဗိတိန္မွာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၄,၃၀၀ ေက်ာ္ ရွိေနပါတယ္။

ကူးစက္သူေပါင္း ၉၀,၀၀၀ နဲ႔ လူေပါင္း ၇,၅၀၀ ေက်ာ္ ေသဆံုးခဲ့ရၿပီး ျဖစ္တဲ့ ျပင္သစ္ႏုိင္ငံမွာေတာ့ ၿမိဳ႕ေတာ္ ပါရီနဲ႔ အနီးတ၀ိုက္မွာ ဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ အဆိုးဆံုးျဖစ္ေနတာကို ထိန္းခ်ဳပ္ေရးအတြက္ လူနာေတြကို ႏုိင္ငံတ၀န္းက ေဆး႐ုံေတြကို လႊဲေျပာင္းတဲ့ လုပ္ငန္းစဥ္ကို စစ္တပ္က စတင္ေဆာင္ရြက္ေနပါၿပီ။

အီဂ်စ္ႏုိင္ငံရဲ႕ အဓိက ကင္ဆာေဆး႐ုံႀကီးက က်န္းမာေရး၀န္ထမ္း ၁၇ ဦးမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္း ေတြ႔ရွိခဲ့ၿပီး အခု သီးျခားခြဲထားရေၾကာင္း AP သတင္းက ေဖာ္ျပပါတယ္။

တ႐ုတ္ႏုိင္ငံမွာေတာ့ တနဂၤေႏြေန႔က ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူ လူနာသစ္ ၃၀ ဦး ေတြ႔ရွိခဲ့ၿပီး ၂၅ ဦးက ျပည္ပကလာသူေတြ ျဖစ္တယ္လို႔ ေျပာဆိုထားပါတယ္။

ကမၻာတလႊား COVID -19 တနဂၤေႏြေန႔ ေနာက္ဆံုးရ အေျခအေန
please wait

No media source currently available

0:00 0:02:39 0:00
တိုက္႐ိုက္ လင့္ခ္

------------------------------------

(Unicode)

ကမ္ဘာတလွှား COVID -19 တနင်္ဂနွေနေ့ နောက်ဆုံးရ အခြေအနေ

ကမ္ဘာတလွှားမှာ COVID -19 ကူးစက်ခံထားရသူ ၁,၂၀၀,၀၀၀ ထဲမှာ အကြမ်းဖျဉ်း ၂၅ ရာခိုင်နှုန်းက အမေရိကန်ပြည်ထောင်စု အတွင်းမှာ ဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်ရဲ့ တနင်္ဂနွေနေ့ မနက်ခင်း စာရင်းတွေမှာ ဖော်ပြပါတယ်။

အမေရိကန်ပြည်ထောင်စုအတွင်း အဆိုးရွားဆုံး ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဖြစ်နေတဲ့ နယူးယောက်ပြည်နယ်မှာ လူပေါင်း ၄,၀၀၀ ကျော် သေဆုံးခဲ့ရပါပြီ။

နယူးယောက်ပြည်နယ် တခုတည်းတင် မဟုတ်ဘဲ တခြား အမေရိကန် ပြည်နယ်တွေမှာလည်း အခြေအနေတွေက ပိုပြီး ဆိုးရွားလာဖို့ရှိတယ်လို့ အများပြည်သူ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

နယူးယောက်မှာ တနင်္ဂနွေနေ့က အသက်ရှူစက် အထောက်အကူလိုတဲ့ လူနာအရေအတွက် လျော့ခဲ့သလို ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာသစ် အရေအတွက်လည်း လျော့နည်းခဲ့တာ အပါအဝင် တိုးတက်မှုအနည်းငယ် တွေ့ရပါတယ်။

နယူးယောက် အုပ်ချုပ်ရေးမှူး Andrew Cuomo ကတော့ ဒီအခြေအနေအပေါ် သတိထားပြီး ပြောဆိုခဲ့ပါတယ်။

"နောက်ရက်တွေအတွင်း အရေအတွက် ပိုများလာမလား နည်းသွားမလားဆိုတာ မသိနိုင်ဘူး” လို့ ပြောခဲ့တာပါ။

တကမ္ဘာလုံး အတိုင်းအတာအရဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူက ၁,၂၀၀,၀၀၀ ကျော်ထိ ရောက်ရှိလာပြီး လူပေါင်း ၆၅,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါပြီ။

ဗိုင်းရပ်စ်ကူးစက်သူပေါင်း ၁၃၀,၀၀၀ ကျော်နဲ့ ကမ္ဘာမှာ COVID-19 ကူးစက်မှု ဒုတိယအများဆုံးဖြစ်တဲ့ စပိန်နိုင်ငံကတော့ နိုင်ငံတဝန်း အသွားအလာ ကန့်သတ်မှုကို ဧပြီလ ၂၆ ရက်နေ့အထိ ၁၅ ရက် ထပ်တိုးလိုက်ပါတယ်။

COVID-19 ကူးစက်မှုကြောင့် ကမ္ဘာမှာ သေဆုံးမှုအများဆုံး ဖြစ်နေတဲ့ အီတလီနိုင်ငံမှာတော့ ကျန်းမာရေးဝန်ထမ်း ၁၁,၀၀၀ ဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။

ဗြိတိန်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရေးအတွက် လာမယ့် သီတင်းပတ်တွေအတွင်း အကျဉ်းသား ထောင်နဲ့ချီပြီး ပြန်လွှတ်မယ်လို့ တရားရေးဝန်ကြီးက ကြေညာထားပါတယ်။ ဗြိတိန်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄,၃၀၀ ကျော် ရှိနေပါတယ်။

ကူးစက်သူပေါင်း ၉၀,၀၀၀ နဲ့ လူပေါင်း ၇,၅၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်တဲ့ ပြင်သစ်နိုင်ငံမှာတော့ မြို့တော် ပါရီနဲ့ အနီးတဝိုက်မှာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အဆိုးဆုံးဖြစ်နေတာကို ထိန်းချုပ်ရေးအတွက် လူနာတွေကို နိုင်ငံတဝန်းက ဆေးရုံတွေကို လွှဲပြောင်းတဲ့ လုပ်ငန်းစဉ်ကို စစ်တပ်က စတင်ဆောင်ရွက်နေပါပြီ။

အီဂျစ်နိုင်ငံရဲ့ အဓိက ကင်ဆာဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်း ၁၇ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ပြီး အခု သီးခြားခွဲထားရကြောင်း AP သတင်းက ဖော်ပြပါတယ်။

တရုတ်နိုင်ငံမှာတော့ တနင်္ဂနွေနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာသစ် ၃၀ ဦး တွေ့ရှိခဲ့ပြီး ၂၅ ဦးက ပြည်ပကလာသူတွေ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG