သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္က ျမန္မာႏြယ္ဖြားေတြရဲ႕ စီးပြားေရး လုပ္ငန္းေတြ COVID-19 ေၾကာင့္ ထိခိုက္


ကုိ႐ိုနာဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔မႈေၾကာင့္ ပိတ္ထားရသည့္ မီခ်ီဂန္ျပည္နယ္ရွိ ဆံပင္ညႇပ္ဆုိင္တဆုိင္အနီးမွ ျဖတ္သန္းသြားလာေနသူတဦး။ (ဧၿပီ ၂၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈႏႈန္း အမ်ားဆံုးျဖစ္ေနတဲ့ အေမရိကန္ ျပည္ေထာင္စုတြင္းက စီးပြားေရးလုပ္ငန္းေတြ ေႏွာင့္ေႏွးသြားရတဲ့အထဲမွာ ျမန္မာႏြယ္ဖြားေတြရဲ႕ အေသးစား အလတ္စား စီးပြားေရး လုပ္ငန္းေတြလည္း အမ်ားအျပား ပါ၀င္ပါတယ္။ အစိုးရက အေသးစား စီးပြားေရး လုပ္ငန္းေတြအတြက္ ေခ်းေငြအစီအစဥ္ ေၾကညာလိုက္ေပမယ့္လည္း တကယ္တမ္း အလုပ္ျဖစ္မျဖစ္အေပၚ ေစာင့္ၾကည့္ေနၾကပါတယ္။ အျပည့္အစုံကုိ မသိဂႌထုိက္က စုစည္း တင္ဆက္ထားပါတယ္။

နယူးေယာက္ျပည္နယ္ Buffalo ၿမိဳ႕မွာ ပုလင္းခြံ၊ ဘူးခြံ အပါအ၀င္ ျပန္လည္အသံုးျပဳႏုိင္တဲ့ ပစၥည္းေတြကို ၀ယ္ယူတဲ့ Westside Value Redemption Center ရဲ႕ ပိုင္ရွင္ ဦးမင္းႏုိင္ကေတာ့ သူ႔လုပ္ငန္းက ထက္၀က္ေက်ာ္ေလာက္ က်သြားတယ္လို႔ ဗီြအိုေအကို အခုလို ေျပာပါတယ္။

"ခါတိုင္း ဒီလိုရက္မ်ိဳးဆိုရင္ က်ေနာ့္ဆိုင္တဆိုင္ရဲ႕ ၀ယ္ရတဲ့ အေရအတြက္က ၁၅,၀၀၀ - ၂၀,၀၀၀ - ၂၅,၀၀၀ ေလာက္ထိ ၀ယ္ရတယ္။ အခုဆို ၅,၀၀၀ နဲ႔ ၁၀,၀၀၀ ေအာက္မွာပဲ အၿမဲတမ္း ျဖစ္ေနတယ္။ တဖက္မွာလည္း က်ေနာ့္လုပ္ငန္းက ဖြင့္ရမယ့္အထဲမွာ ပါေနတဲ့အတြက္ေၾကာင့္ ဆိုင္ပိတ္ေသာ္လည္း ဆိုင္လစာေတြ Building ေတြ ငွားထားတာ ျဖစ္တဲ့အတြက္ေၾကာင့္ အဲဒါေတြ က်ေနာ္က ေပးရမယ္။ အဲဒီမွာ ဘာႀကံဳရလဲ ဆိုေတာ့ ဆိုင္ေတြ အစိုးရက ပိတ္ခိုင္းလို႔ ပိတ္လိုက္ရတဲ့ လုပ္ငန္းေတြသည္ ရက္ေပါင္း ၉၀ ေလာက္ထိ ဆိုင္လစာေတြ ေပးစရာ မလိုဘူးဆိုတဲ့ဟာမ်ိဳး ဥပေဒ ထုတ္ထားတယ္။ က်ေနာ္တို႔လုပ္ငန္းကက်ေတာ့ ပိတ္တဲ့အထဲမွာ မပါဘူး။ မပါတာ ျဖစ္တဲ့အတြက္ေၾကာင့္ က်ေနာ္ကေတာ့ ဆိုင္လစာေတြ ေပးရေတာ့မယ္။ အဲဒါေၾကာင့္ က်ေနာ္က ဒီတပတ္မွာ ျပန္ဖြင့္တယ္။ ျပန္ဖြင့္ေတာ့လည္းပဲ ရာသီဥတုက ေကာင္းလာေပမယ့္ ေတာ္ေတာ္ေလးကို ထိခိုက္တဲ့ အေနအထားမ်ိဳး လက္ရွိ ႀကံဳေနရတယ္။"

နယူးေယာက္ျပည္နယ္ကေတာ့ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ အဆိုးရြားဆံုး ရင္ဆိုင္ေနရတဲ့ျပည္နယ္ ျဖစ္ပါတယ္။ ဒီေလာက္ အေျခအေနမဆိုးတဲ့ ေျမာက္ကယ္႐ုိလိုင္းနားျပည္နယ္ ရွားေလာ့ၿမိဳ႕မွာ ဆူရွီဆိုင္ဖြင့္ထားတဲ့ ဦးစိုးကလည္း ဗီြအိုေအကို အခုလို ေျပာပါတယ္။

"က်ေနာ့္ဆိုင္ဆိုရင္ေတာ့ ၄၀ ရာခိုင္ႏႈန္းေလာက္ က်သြားတယ္။ ၆၀ ရာခိုင္ႏႈန္း ေလာက္ေတာ့ က်န္ေသးတယ္ေပါ့ေနာ္။ အ႐ႈံးခံတဲ့အဆင့္ေတာ့ မေရာက္ေသးဘူး။ ၀န္ထမ္းလစာရတဲ့ အေနအထားေလာက္ေတာ့ ရွိေသးတယ္။ ျမတ္ေတာ့ မျမတ္ေတာ့ဘူးေပါ့ေနာ္။ ၀န္ထမ္းလစာနဲ႔ ကုန္က်စာရိတ္နဲ႔က အတူတူေလာက္ပဲ။ ဒီထက္ အေျခအေန ဆိုးသြားရင္ေတာ့ အ႐ႈံးျပမွာေပါ့။"

ကို႐ုိနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈေၾကာင့္ ထိခိုက္ရတဲ့ အေမရိကန္ လုပ္ငန္းေတြအတြက္ ေခ်းေငြအစီအစဥ္ကို ေသာၾကာေန႔မွာ သမၼတက ေၾကညာသြားပါတယ္။

“၀န္ထမ္းလခေပးေရး အကာအကြယ္ေပးမယ့္ အစီအစဥ္ကို မနက္ျဖန္မွာ စတင္ပါမယ္။ လုပ္ငန္းငယ္ေတြအတြက္ ေဒၚလာ ၃၅၀ ဘီလ်ံေလာက္ ခ်ထားေပးဖို႔ စီစဥ္ထားေၾကာင္း” သမၼတ Trump က ေျပာသြားတာပါ။ အခု ၀န္ထမ္းလခေပးေရး အကာအကြယ္ေပးမယ့္ အစီအစဥ္ကေတာ့ အလုပ္သမားေတြ ငွားရမ္းဖို႔ ဒါမွမဟုတ္လည္း ဆက္ၿပီး အလုပ္ေပးဖို႔အတြက္ သံုးမွာ ျဖစ္ပါတယ္။

Buffalo ၿမိဳ႕မွာ ျမန္မာႏြယ္ဖြား ၀န္ထမ္း ၁၀ ဦးနဲ႔ ဆိုင္ေလးဆိုင္ဖြင့္ထားသူ ဦးမင္းႏုိင္ကေတာ့ ေငြေခ်းဖို႔ ျပင္ဆင္ေနပါၿပီ။

"၀န္ထမ္းလစာေတြ ေပးေနရမယ္။ ဆိုင္လစာေတြ ေပးရမယ္။ အဲဒီအတြက္ အစိုးရက ေခ်းေငြထုတ္ေပးဖို႔ ေၾကာ္ျငာေတြ ေတြ႔တယ္။ က်ေနာ္တို႔ဆီ Email ေတြ ၀င္လာတယ္။ လိုအပ္တဲ့ အခ်က္အလက္ေတြ က်ေနာ္ျဖည့္ၿပီးေတာ့ အစိုးရဆီက ေပးမယ့္ ပ႐ုိဂရမ္ေတြ က်ေနာ္ ယူဖို႔ေပါ့ေနာ္။ တခ်ိဳ႕ဟာေတြ က်ေနာ္ ျပန္ေပးဖို႔ လိုတယ္။ တခ်ိဳ႕ဟာေတြက်ေတာ့ အတိုးႏႈန္းက တအားနည္းတယ္။ ၁ ရာခိုင္ႏႈန္းပဲ ျပန္ေပးရမယ္။ တခ်ိဳ႕ဆိုရင္ လံုး၀ ျပန္ေပးစရာ မလိုဘူး။ အဲဒါေတြ ေလွ်ာက္ထားဖို႔ အတြက္ က်ေနာ္ အခု ျပင္ဆင္ေနတယ္ေပါ့။"

ေျမာက္ကယ္႐ုိလိုင္းနားက ဆူရွီဆိုင္ စီးပြားေရးလုပ္တဲ့ ဦးစိုးကေတာ့ အစိုးရဆီက ေငြေခ်းဖို႔ စဥ္းစားဦးမယ္လို႔ ဆိုပါတယ္။

"တရား၀င္ေပးမယ့္ဟာေတြေတာ့ ယူမယ္။ ေခ်းေငြယူဖို႔ေတာ့ ေတာင့္ခံႏုိင္ေသးရင္ မေခ်းေသးဘူးေပါ့ေနာ္။ မတတ္ႏုိင္တဲ့အဆံုးက်ေတာ့မွပဲ ယူမယ္လို႔ စိတ္ကူးထားတယ္။ အခုေတာ့ ဆက္ၿပီး လည္ပတ္ႏုိင္ေသးတယ္။"

အေမရိကန္ျပည္ေထာင္စုအတြင္းမွာ မျဖစ္မေန ဖြင့္စရာမလုိတဲ့ အလွျပင္ဆိုင္လို စီးပြားေရးလုပ္ငန္းေတြကေတာ့ ပိတ္ထားပါတယ္။ စားေသာက္ဆိုင္ေတြ စားေသာက္ကုန္ဆိုင္ေတြလိုမ်ိဳး လူထုအတြက္ မရွိမျဖစ္ လုိအပ္တဲ့ စီးပြားေရး လုပ္ငန္းေတြကေတာ့ ဆက္ၿပီး လည္ပတ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

အမေရိကန်က မြန်မာနွယ်ဖွားတွေရဲ့ စီးပွားရေး လုပ်ငန်းတွေ COVID-19 ကြောင့် ထိခိုက်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှုန်း အများဆုံးဖြစ်နေတဲ့ အမေရိကန် ပြည်ထောင်စုတွင်းက စီးပွားရေးလုပ်ငန်းတွေ နှောင့်နှေးသွားရတဲ့အထဲမှာ မြန်မာနွယ်ဖွားတွေရဲ့ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းတွေလည်း အများအပြား ပါဝင်ပါတယ်။ အစိုးရက အသေးစား စီးပွားရေး လုပ်ငန်းတွေအတွက် ချေးငွေအစီအစဉ် ကြေညာလိုက်ပေမယ့်လည်း တကယ်တမ်း အလုပ်ဖြစ်မဖြစ်အပေါ် စောင့်ကြည့်နေကြပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က စုစည်း တင်ဆက်ထားပါတယ်။

နယူးယောက်ပြည်နယ် Buffalo မြို့မှာ ပုလင်းခွံ၊ ဘူးခွံ အပါအဝင် ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကို ဝယ်ယူတဲ့ Westside Value Redemption Center ရဲ့ ပိုင်ရှင် ဦးမင်းနိုင်ကတော့ သူ့လုပ်ငန်းက ထက်ဝက်ကျော်လောက် ကျသွားတယ်လို့ ဗွီအိုအေကို အခုလို ပြောပါတယ်။

"ခါတိုင်း ဒီလိုရက်မျိုးဆိုရင် ကျနော့်ဆိုင်တဆိုင်ရဲ့ ဝယ်ရတဲ့ အရေအတွက်က ၁၅,၀၀၀ - ၂၀,၀၀၀ - ၂၅,၀၀၀ လောက်ထိ ဝယ်ရတယ်။ အခုဆို ၅,၀၀၀ နဲ့ ၁၀,၀၀၀ အောက်မှာပဲ အမြဲတမ်း ဖြစ်နေတယ်။ တဖက်မှာလည်း ကျနော့်လုပ်ငန်းက ဖွင့်ရမယ့်အထဲမှာ ပါနေတဲ့အတွက်ကြောင့် ဆိုင်ပိတ်သော်လည်း ဆိုင်လစာတွေ Building တွေ ငှားထားတာ ဖြစ်တဲ့အတွက်ကြောင့် အဲဒါတွေ ကျနော်က ပေးရမယ်။ အဲဒီမှာ ဘာကြုံရလဲ ဆိုတော့ ဆိုင်တွေ အစိုးရက ပိတ်ခိုင်းလို့ ပိတ်လိုက်ရတဲ့ လုပ်ငန်းတွေသည်ရက်ပေါင်း ၉၀ လောက်ထိ ဆိုင်လစာတွေ ပေးစရာ မလိုဘူးဆိုတဲ့ဟာမျိုး ဥပဒေ ထုတ်ထားတယ်။ ကျနော်တို့လုပ်ငန်းကကျတော့ ပိတ်တဲ့အထဲမှာ မပါဘူး။ မပါတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်ကတော့ ဆိုင်လစာတွေ ပေးရတော့မယ်။ အဲဒါကြောင့် ကျနော်က ဒီတပတ်မှာ ပြန်ဖွင့်တယ်။ ပြန်ဖွင့်တော့လည်းပဲ ရာသီဥတုက ကောင်းလာပေမယ့် တော်တော်လေးကို ထိခိုက်တဲ့ အနေအထားမျိုး လက်ရှိ ကြုံနေရတယ်။"

နယူးယောက်ပြည်နယ်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံး ရင်ဆိုင်နေရတဲ့ပြည်နယ် ဖြစ်ပါတယ်။ ဒီလောက် အခြေအနေမဆိုးတဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ရှားလော့မြို့မှာ ဆူရှီဆိုင်ဖွင့်ထားတဲ့ ဦးစိုးကလည်း ဗွီအိုအေကို အခုလို ပြောပါတယ်။

"ကျနော့်ဆိုင်ဆိုရင်တော့ ၄၀ ရာခိုင်နှုန်းလောက် ကျသွားတယ်။ ၆၀ ရာခိုင်နှုန်း လောက်တော့ ကျန်သေးတယ်ပေါ့နော်။ အရှုံးခံတဲ့အဆင့်တော့ မရောက်သေးဘူး။ ဝန်ထမ်းလစာရတဲ့ အနေအထားလောက်တော့ ရှိသေးတယ်။ မြတ်တော့ မမြတ်တော့ဘူးပေါ့နော်။ ဝန်ထမ်းလစာနဲ့ ကုန်ကျစာရိတ်နဲ့က အတူတူလောက်ပဲ။ ဒီထက် အခြေအနေ ဆိုးသွားရင်တော့ အရှုံးပြမှာပေါ့။"

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ထိခိုက်ရတဲ့ အမေရိကန် လုပ်ငန်းတွေအတွက် ချေးငွေအစီအစဉ်ကို သောကြာနေ့မှာ သမ္မတက ကြေညာသွားပါတယ်။

“ဝန်ထမ်းလခပေးရေး အကာအကွယ်ပေးမယ့် အစီအစဉ်ကို မနက်ဖြန်မှာ စတင်ပါမယ်။ လုပ်ငန်းငယ်တွေအတွက် ဒေါ်လာ ၃၅၀ ဘီလျံလောက် ချထားပေးဖို့ စီစဉ်ထားကြောင်း” သမ္မတ Trump က ပြောသွားတာပါ။ အခု ဝန်ထမ်းလခပေးရေး အကာအကွယ်ပေးမယ့် အစီအစဉ်ကတော့ အလုပ်သမားတွေ ငှားရမ်းဖို့ ဒါမှမဟုတ်လည်း ဆက်ပြီး အလုပ်ပေးဖို့အတွက် သုံးမှာ ဖြစ်ပါတယ်။

Buffalo မြို့မှာ မြန်မာနွယ်ဖွား ဝန်ထမ်း ၁၀ ဦးနဲ့ ဆိုင်လေးဆိုင်ဖွင့်ထားသူ ဦးမင်းနိုင်ကတော့ ငွေချေးဖို့ ပြင်ဆင်နေပါပြီ။

"ဝန်ထမ်းလစာတွေ ပေးနေရမယ်။ ဆိုင်လစာတွေ ပေးရမယ်။ အဲဒီအတွက် အစိုးရက ချေးငွေထုတ်ပေးဖို့ ကြော်ငြာတွေ တွေ့တယ်။ ကျနော်တို့ဆီ Email တွေ ဝင်လာတယ်။ လိုအပ်တဲ့ အချက်အလက်တွေ ကျနော်ဖြည့်ပြီးတော့ အစိုးရဆီက ပေးမယ့် ပရိုဂရမ်တွေ ကျနော် ယူဖို့ပေါ့နော်။ တချို့ဟာတွေ ကျနော် ပြန်ပေးဖို့ လိုတယ်။ တချို့ဟာတွေကျတော့ အတိုးနှုန်းက တအားနည်းတယ်။ ၁ ရာခိုင်နှုန်းပဲ ပြန်ပေးရမယ်။ တချို့ဆိုရင် လုံး၀ ပြန်ပေးစရာ မလိုဘူး။ အဲဒါတွေ လျှောက်ထားဖို့ အတွက် ကျနော် အခု ပြင်ဆင်နေတယ်ပေါ့။"

မြောက်ကယ်ရိုလိုင်းနားက ဆူရှီဆိုင် စီးပွားရေးလုပ်တဲ့ ဦးစိုးကတော့ အစိုးရဆီက ငွေချေးဖို့ စဉ်းစားဦးမယ်လို့ ဆိုပါတယ်။

"တရားဝင်ပေးမယ့်ဟာတွေတော့ ယူမယ်။ ချေးငွေယူဖို့တော့ တောင့်ခံနိုင်သေးရင် မချေးသေးဘူးပေါ့နော်။ မတတ်နိုင်တဲ့အဆုံးကျတော့မှပဲ ယူမယ်လို့ စိတ်ကူးထားတယ်။ အခုတော့ ဆက်ပြီး လည်ပတ်နိုင်သေးတယ်။"

အမေရိကန်ပြည်ထောင်စုအတွင်းမှာ မဖြစ်မနေ ဖွင့်စရာမလိုတဲ့ အလှပြင်ဆိုင်လို စီးပွားရေးလုပ်ငန်းတွေကတော့ ပိတ်ထားပါတယ်။ စားသောက်ဆိုင်တွေ စားသောက်ကုန်ဆိုင်တွေလိုမျိုး လူထုအတွက် မရှိမဖြစ် လိုအပ်တဲ့ စီးပွားရေး လုပ်ငန်းတွေကတော့ ဆက်ပြီး လည်ပတ်နေကြပါတယ်။

XS
SM
MD
LG