သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 အရှိန်ကြောင့် အစုရှယ်ယာဈေးတွေ ထပ်ကျ


(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ကမ္ဘာတလွှား စီးပွားရေးတွေ ရပ်တံ့ နေတဲ့ လက္ခဏာ အဖြစ် ကမ္ဘာ့ ဈေးကွက်တွေ ကျဆင်း နေချိန်မှာပဲ အမေရိကန် စတော့ရှယ်ယာ ဈေးတွေ လည်း တဟုန်ထိုး ထိုးကျနေပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်း ဈေးဖွင့် ချိန်မှာ အမေရိကန် စတော့ရှယ်ယာ ဈေးတွေ တဟုန်တိုး ထိုးကျ သွားတာပါ။ S&P ဈေးကွက်က မတ်လ ကတည်းက ၁၂.၅ % ကျဆင်းနေရာကနေ အခု ၄ % လောက် ထိုးကျသွားတာ ဖြစ်ပါတယ်။ Dow Jones က ပျမ်းမျှ ၃ % ကျသွားသလို NASDAQ ကလည်း ၂.၉ % ကျသွားတာပါ။ဥရောပ ဈေးကွက်က ၂.၆ % ကျဆင်းသလို အာရှ ဈေးကွက်မှာလည်း အလားတူ ကျဆင်း သွားပါတယ်။

မကြာခင် သီတင်းပတ်တွေ အတွင်း ကြုံရတဲ့ ဆုံးရှုံးမှုတွေ ကြောင့် ကမ္ဘာ့ နိုင်ငံ အစိုးရတွေနဲ့ ဗဟိုဘဏ်တွေက စီးပွားရေး ကျားကန်ပေးမယ့် အစီအစဉ် တွေကို လုပ်ဆောာင်လာကြပါတယ်။

ဒီကိုရိုနာ ဗိုင်းရပ်စ် ရောဂါကြောင့် ကမ္ဘာတလွှား စီးပွားရေး ရိုက်ခတ်မှု ဘယ်လောက် ရှိမယ် ဆိုတာကို လအတော်ကြာ အောင် သိနိုင်ဦးမှာ မဟုတ်ပေမယ့် အတော့်ကို ဆိုးဝါး မယ့် လက္ခဏာတွေ တွေ့လာနေရတယ်လို့ စီးပွားရေး ပညာရှင် အများအပြားက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)





XS
SM
MD
LG