သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် အစုရှယ်ယာဈေး အနည်းငယ် ပြန်တက်


ဗုဒ္ဒဟူးနေ့က တစ်ရှိန်ထိုး ကျဆင်းသွားခဲ့တဲ့ အမေရိကန် စတော့ ရှယ်ယာ ဈေးနှုန်းဟာ ကြာသပတေးနေ့မှာတော့ အသင့်အတင့် ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ ကြာသပတေးနေ့ စတော့ ဈေးဖွင့်တဲ့အချိန်မှာ Standard and Poors က ဝ.၂၅ ရာခိုင်နှုန်း ပြန်လည်မြင့်တက်ခဲ့ပြီး Dow Jones စတော့ ရှယ်ယာကတော့ ဝ.၄၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ NASDAD ကတော့ စတော့ဈေးနှုန်း အနည်းငယ် ကျဆင်း ခဲ့ပါတယ်။

လေ့လာသူတွေက ကြာသပတေးနေ့မှာ လက်လီဈေး ရောင်းဝယ်မှု မြင့်တက်ခဲ့တာဟာ စိတ်ပူပန်နေတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို စိတ် အေးစေခဲ့တယ် လို့ ဆိုပါတယ်။

စားသုံးသူတွေရဲ့ ဝယ်လိုအားဟာ အမေရိကန်နိုင်ငံ စီးပွားရေးအတွက် အားအကောင်းဆုံး မောင်းနှင်အား တစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်းက လက်လီရောင်းဝယ်မှု ဝ.၇ ရာခိုင်နှုန်းနဲ့ ခိုင်ခိုင်မာမာ မြင့်တက်ခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး လက်လီ ကုန်တိုက်ဖြစ်တဲ့ Walmart က ဒီနှစ်အတွင်း ရောင်းအား အကောင်းဆုံးလ အဖြစ် ဖော်ပြခဲ့ပါတယ်။

အမေရိကန်နိုင်ငံအတွင်း အလုပ်လက်မဲ့နှုန်း နိမ့်ကျတာနဲ့ လုပ်ခလစာနှုန်းထား အသင့်အတင့် မြင့်တက်ခဲ့မှုက စာသုံးသူတွေရဲ့ ယုံကြည်မှုကို ပြန်လည် ရရှိစေခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား ကုန်သွယ်ရေး စစ်ပွဲအပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေတာကြောင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနဲ့ စက်မှုထွက်ကုန် ကဏ္ဍတွေအပါအဝင် တစ်ခြား ကဏ္ဍတွေမှာတော့ တိုးတက်မှု လျော့နည်းကျဆင်းနေပါတယ်။
ဗြိတိန်နိုင်ငံမှာ စတော့ ဈေးနှုန်း ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သလို ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေမှာ စတော့ ဈေးနှုန်းကျဆင်းမှု အနည်းငယ်ရှိခဲ့ပါတယ်။

ကန် အစုရှယ်ယာဈေး အနည်းငယ် ပြန်တက်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG