သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး စိုးရိမ်မှုကြောင့် ကန်နဲ့ ဥရောပ စတော့ဈေးတွေ ထိုးကျ


စီးပွားရေး အညွှန်းကိန်းတွေက လာမယ့်နှစ်မှာ ကမ္ဘာ့ စီးပွားရေး ကျဆင်းမယ့် လက္ခဏာ ပြသလာပြီးတဲ့နောက်မှာ အမေရိကန် စတော့ အစုရှယ်ယာတွေ ဗုဒ္ဓဟူးနေ့က လျော့ကျ သွားခဲ့ပါတယ်။ Dow Jones အစုရှယ်ယာ Standard and Poors အစုရှယ်ယာနဲ့ Nasdaq အစာရှယ်ယာ ဈေးနှုန်းတွေ ၃ ရာခိုင်နှုန်းစီ ကျဆင်းခဲ့ပါတယ်။ ဥရောပ ဈေးကွက်မှာလည်း စတော့ ဈေးနှုန်းတွေ သိသိသာသာ ကျဆင်းခဲ့ပါတယ်။

လေ့လာ သုံးသပ်သူတွေက ဂျာမနီနဲ့ တရုတ်နိုင်ငံတို့ရဲ့ အားနည်းနေတဲ့ စီးပွားရေးက ရရှိခဲ့တဲ့ စာရင်းဇယားတွေကို နောက်နှစ် ကမ္ဘာ့ စီးပွားရေး ကျဆင်းမယ့် လက္ခဏာတွေအဖြစ် ယူဆခဲ့ကြပါတယ်။

ပုံမှန်အားဖြင့်တော့ အစိုးရရဲ့ ရေရှည် ငွေစုလက်မှတ်အတွက် အတိုးနှုန်းဟာ ရေတို ငွေစုလတ်မှတ် အတိုးနှုန်းထက် ပိုမြင့်လေ့ရှိပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ ပုံမှန်မဟုတ်ဘဲ ရေရှည် အတိုးနှုန်းက ရေတို အတိုးနှုန်းထက် လျော့ကျသွားတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန် စီးပွားရေးအပေါ် စိုးရိမ်ပူပန်တာတွေ ပြသခဲ့ကြပါတယ်။

အခုလို အတိုးနှုန်း ပြောင်းပြန်ဖြစ်တာဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် အမေရိကန် စီးပွားရေး အကျပ်အတည်း မဖြစ်ခင် ၂၀၀၇ ခုနှစ်မှာလည်း အခုလို အတိုးနှုန်း ပြောင်းပြန် ဖြစ်ခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက အမေရိကန် အလုပ်သမား အများအပြား အလုပ်လက်မဲ့ ဖြစ်ခဲ့ပြီး နှစ်ရှည် ချေးငွေနဲ့ ဝယ်ယူထားတဲ့ အိမ် ချေးငွေ ပြန်လည် မပေးနိုင်လို့ အိမ် ဆုံးရှုံးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ်အတွင်း အမေရိကန် စီးပွားရေး ကျဆင်းမှု ကြီး ၉ ခု မဖြစ်ခင်မှာ အခုလို အတိုးနှုန်း ပြောင်းပြန် ဖြစ်လေ့ ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံက စက်မှုထွက်ကုန် ၁၇ နှစ်အတွင်း အနိမ့်ဆုံးဖြစ်တယ်လို့ ကြေညာခဲ့သလို ဥရောပ စီးပွားရေး အင်အားကြီး ဂျာမနီနိုင်ငံကလည်း ဧပြီက ဇွန်လအတွင်း ဂျာမနီစီပွားရေး ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG