သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သွင်းကုန်တွေအပေါ် အခွန်သစ်စည်းကြပ်မှု ကန်ရွှေ့ဆိုင်း


တရုတ်က အဓိက တင်ပို့မယ့် လူသုံးကုန်ပစ္စည်းတွေအပေါ် အကောက်ခွန်အသစ် ၁၀% စည်းကြပ်မှုကို ဆိုင်းငံ့မှာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ စက်တင်ဘာလ (၁)ရက်နေ့က စတင် အခွန်စည်းကြပ်ဖို့ သမ္မတ Donald Trump က ရက်သတ်မှတ်ခဲ့တာကို အခုလို ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။

အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ရုံးရဲ့ ထုတ်ပြန်ချက်အရ အခွန်စည်းကြပ်မယ့် ကုန်ပစ္စည်းတွေဟာ laptop ကွန်ပြူတာတွေ၊ ကွန်ပြူတာ မော်နီတာတွေ၊ ဆဲလ်ဖုန်းတွေ၊ ဗွီဒီယိုဂိမ်း ကစားတဲ့ စက်တွေ၊ တချို့ ကလေးကစားစရာ အရုပ်တွေ၊ ဖိနပ်တွေနဲ့ အဝတ်အထည်တွေအပေါ် အခွန်စည်းကြပ်မှုကို ဒီဇင်ဘာလ ၁၅ ရက်နေ့ထိ ရွှေ့ဆိုင်းထားတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါအပြင် တရုတ်ကနေ အမေရိကန်ကို တင်ပို့ကုန်တွေဖြစ်တဲ့ ကျန်းမာရေး၊ အမျိုးသားလုံခြုံရေးနဲ့ အခြား အချက်အလက်တွေအပေါ်မှာ မူတည်ပြီး သီးခြားကုန်စည်တွေအပေါ် အခွန်ကင်းလွတ်ခွင့် လုံး၀ ပေးထားတယ်လို့လည်း အမေရိကန်ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါပေမဲ့ တရုတ်တင်ပို့ကုန် အတော်များများအပေါ် အခွန်အသစ်တွေ စည်းကြပ်ဖို့ရှိပြီး ဒီကုန်စည်တွေနဲ့ ပတ်သက်တဲ့ စာရင်းကို မကြာမှီ ကြေညာဖို့ရှိတယ်လို့လည်း အမေရိကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့ရုံးက ပြောပါတယ်။ အခုလို အခွန်စည်းကြပ်မှု ဆိုင်းငံလိုက်တာကြောင့် ရက်ပိုင်းများစွာ ကျဆင်းနေတဲ့ stock ဈေးနှုန်းတွေ ထိုးတက်လာပြီး နယူးရောက် stock ဈေးကွက်တွေမှာ ၁.၅% ဒါမှမဟုတ် ဒီထက်ပိုပြီး မြင့်တက်ခဲ့ပါတယ်။

နယူးဂျာစီမှာ အမေရိကန်သမ္မတ Trupm အပန်းဖြေနေစဉ် အခုလို အခွန်ငွေ စည်းကြပ်မှုနဲ့ ပတ်သက်လို့ အပြောင်းအလဲတွေကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG