သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ကုန်သယွ်ရေးကတိ မတည်ဟု Donald Trump စွပ်စွဲ 


အမေရိကန် သမ္မတ Donald Trump
အမေရိကန် သမ္မတ Donald Trump

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံဟာ အမေရိကန် စိုက်ပျိုးရေး ထွက်ကုန်တွေကို ဝယ်ယူဖို့ ပေးထားတဲ့ ကတိကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတယ်လို့ ကြာသပတေးနေ့က စွပ်စွဲလိုက်ပါတယ်။ အခုလို Twitter ကနေ စွပ်စွဲချက်ဟာ နှစ်နိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ်တွေ အကြား မေလအတွင်းက ပျက်လုနီးပါးဖြစ်ခဲ့တဲ့ ဆွေးနွေးပွဲတွေ ပြန်လည် စတင်တဲ့ သီတင်းပတ်အတွင်း ထွက်ပေါ်လာတာပါ။ ပြီးခဲ့တဲ့လတုန်းက သမ္မတ ထရမ့်နဲ့ တရုတ် သမ္မတ ရှီ ဂျင်ပင်းတို့ G-20 ထိပ်သီး ဆွေးနွေးပွဲမှာ တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆွေးနွေးပွဲတွေ ပြန်စတင်ချိန်မှာ ရန်စတာတွေ ချုပ်တည်းထားဖို့ကိုလည်း သဘောတူညီထားခဲ့ကြပါတယ်။

“နယ်စပ်မှာ မက္ကဆီကို လုပ်နေတာတွေ သိပ်ကောင်းနေပေမဲ့ တရုတ်နိုင်ငံကတော့ ကျွန်တော်တို့ရဲ့ လယ်သမားကြီးတွေဆီက ဝယ်မယ်လို့ ပြောထားတဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေနဲ့ ပတ်သက်ပြီး စိတ်ပျက်အောင် လုပ်နေပါတယ်” “သိပ်မကြာခင် ဝယ်လိမ့်မယ်လို့ မျှော်လင့် ပါတယ်” လို့လည်း Twitter မှာ ရေးသားခဲ့ပါတယ်။

တရုတ် ကုန်ပစ္စည်းတွေအပေါ် ဒေါ်လာ ဘီလီယံ ၃၀၀ တန်ဖိုးရှိတဲ့ အခွန် စည်းကြပ်မှု မလုပ်တော့တာကြောင့် အမေရိကန် ထွက် အစားအသောက်နဲ့ စိုက်ပျိုးရေးထွက်ကန်ု ပမာဏ အမြောက်အများကို တရုတ်နိုင်ငံ ဝယ်ယူလိမ့်မယ်ဆိုပြီး G-20 အိုဆာကာ ထိပ်သီးဆွေးနွေးပွဲ အပြီးမှာသမ္မတ ထရမ့်က ကြေညာထားခဲ့တာပါ။

အခုလို ကုန်သွယ်ရေးကိစ္စအငြင်းပွားတာမှာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးမှာ လိုငွေပြနေတာကို လျှော့ချဖို့ဟာ သမ္မတ ထရမ့်ရဲ့ အဓိက ရည်မှန်းချက် ဖြစ်ပြီး တရုတ်နိုင်ငံဟာ အမေရိကန် နည်းပညာတွေကို ခိုးယူနေတယ်လို့လည်း သူက စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတည်းက နှစ်နိုင်ငံအကြား အပြန်အလှန် အခွန်တိုးမြှင့် ကောက်ခံခဲ့တဲ့ တန်ဖိုး ပမာဏ အခုဆိုရင် အမေရိကန် ဒေါ်လာ ဘီလီယံ ၃၆၀ ရှိနေပါပြီ။

တရုတ် ကုန်သယွ်ရေးကတိ မတည်ဟု Donald Trump စွပ်စွဲ
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG