သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကန်- တရုတ် ကုန်သွယ်ရေး အလားအလာ


အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ ပြန်စမယ့် အရေးက အင်မတန် အရေးကြီးတဲ့ သဘောတူညီချက် ဖြစ်ကြောင်း၊ ဒါပေမယ့် ကမ္ဘာ့ စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံကြား သဘောတူညီချက် တခု ချက်ချင်းထွက်လာမယ့် အလားအလာတော့ မရှိဘူးလို့ အမေရိကန် သမ္မတ အိမ်ဖြူတော်ရဲ့ စီးပွားရေး အကြံပေး Larry Kudlow က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။ အချိန်ယူ ဆွေးနွေးရလိမ့်မယ်လို့ စီးပွားရေး အကြံပေး Kudlow က Fox News ရဲ့ တနင်္ဂနွေနေ့ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။

နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ ပျက်သွားတာ အခုဆိုရင် သီတင်းပတ် ၇ ခုထဲကို ရောက်ရှိလာခဲ့ပြီး ဒီမတိုင်ခင် မေလ အစောပိုင်းတုန်းကတော့ နှစ်နိုင်ငံကြား သဘောတူညီချက်သစ် အတွက် ၉၀ ရာခိုင်နှုန်းထိ ညှိနှိုင်းနိုင်ခဲ့ကြတယ်လို့လည်း အိမ်ဖြူတော် စီးပွားရေး အကြံပေးက ပြောပါတယ်။

ဂျပန်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံတွေရဲ့ G -20 ထိပ်သီး ဆွေးနွေးပွဲ အတွင်း အမေရိကန် သမ္မတ Donald Trump နဲ့ တရုတ် သမ္မတ Xi Jinping တို့ သီးသန့် တွေ့ဆုံမှုမှာတော့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်စဖို့ သဘောတူခဲ့ကြပါတယ်။

ဆိုက်ဘာ အင်တာနက် တိုက်ခိုက်မှု၊ အမေရိကန် ကုမ္ပဏီတွေ အသုံးပြုတဲ့ ကိုယ်ပိုင် နည်းပညာတွေကို လွှဲပြောင်းပေးဖို့ တရုတ်ရဲ့ တောင်းဆိုချက်၊ တရုတ် ကုမ္ပဏီတွေကို တရုတ်အစိုးရဘက်က ထောက်ပံ့ပေးမှု၊ တရုတ်ရဲ့ နိုင်ငံတကာ နည်းပညာလုပ်ငန်းကြီး ဖြစ်တဲ့ Huawei ကို အမေရိကန် နည်းပညာ ပစ္စည်းတွေ ရောင်းချမှု အရေးတို့ မဖြေရှင်းနိုင်သေးတာနဲ့ အတူဘဲ ညှိနှိုင်းဖို့ ကျန်ရှိနေတဲ့ ၁၀ ရာခိုင်နှုန်းက အခက်ခဲဆုံး ဖြစ်နိုင်တယ်လို့လည်း စီးပွားရေး အကြံပေး Kudlow က သုံးသပ်ပါတယ်။

ကန်- တရုတ် ကုန်သွယ်ရေး အလားအလာ
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG