သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ကန် ကုန်သွယ်ရေး ဆွေးနွေးမှု အိမ်ဖြူတော် အကောင်းဘက်မြင်


အမေရိကန် ပြည်ထောင်စုနဲ့ တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေး ညှိနှိုင်းမှု ဒီသတင်းပတ် အတွင်း ဝါရှင်တန် မြို့တော်မှာ ပြန်လည် စတင်ခဲ့ပြီးတဲ့နောက် တိုးတက်မှုတွေ ဆက်တိုက် ရရှိနေတယ်လို့ အိမ်ဖြူတော် စီးပွားရေး အကြံပေး Larry Kudlow က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် ဘေဂျင်းမြို့တော် ဆွေးနွေးပွဲမှာ အသိညဏ် ဆိုင်ရာ ပစ္စည်း ခိုးယူမှု၊ နည်းပညာ အတင်းအဓမ္မ လွှဲပြောင်းမှုနဲ့ ကွန်ပြူတာ ဟက်ခ် လုပ်မှု စတဲ့ ပြသနာတွေ ရှိနေတာကို တရုတ်ဘက်က အသိအမှတ်ပြုခဲ့ပြီး ရှေ့ဆက်ဖို့ လမ်းပွင့်သွားခဲ့တယ်လို့ Kudlow က သတင်းထောက်တွေကို ပြောကြားသွားတာပါ။

မော်တော်ကား အခွန်စည်းကြပ်မှုနဲ့ ပတ်သက်လို့တော့ ဆုံးဖြတ်ချက် မချရသေးဘူးလို့ ဆိုပါတယ်။ ဒီနှစ်နိုင်ငံကြား ကာလရှည်ကြာ ဆွေးနွေးရမယ့် ဒီကိစ္စ အပေါ်အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ်တွေကတော့ စောင့်ကြည့်ဦးမယ်ဆိုတဲ့ သဘောထားမျိုး ရှိနေကြဆဲပါ။

သမ္မတ Donald Trump ရဲ့ အဓိက မဟာမိတ်ဖြစ်သူ ရီပတ်ပလီကန် အထက်လွှတ်တော် အမတ် Lindsey Graham ကတော့ နှစ်နိုင်ငံ စလုံး အရှှုံး မရှိနိုင်တဲ့ ပြောင်းလဲမှုကို သမ္မတ Trump က ခိုင်ခိုင်မာမာ ရပ်တည် ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ဗွီအိုအေမန်ဒရင်း တရုတ်ဌာနကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန် ကုန်သည်ကြီးများ အသင်း ဒုတိယ ဥက္ကဌ ကတော့ ဒီကိစ္စ အဆုံးသတ်ရတာ လွယ်ကူလိမ့်မယ် မဟုတ်ဘူးလို့ ဆိုထားပါတယ်။

တရုတ်နဲ့ ကန် ကုန်သွယ်ရေး ဆွေးနွေးမှု အိမ်ဖြူတော် အကောင်းဘက်မြင်
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG