သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကန် နဲ့ တရုတ် ကုန်သွယ်ရေး သဘောတူညီမှု ရရှိဖို့ မနီးစပ်သေး


တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး သဘောတူညီမှု ရရှိရေး အလှမ်းဝေးသေးတယ်လို့ အမေရိကန် ထိပ်တန်းကုန်သွယ်ရေး အရာရှိက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

သဘောတူညီချက် တရပ် ရရှိဖို့ အတွက် လုပ်စရာ အများကြီး ရှိနေသေးတယ်လို့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Robert Lighthizer က ကွန်ဂရက် လွှတ်တော် ကော်မတီ တရပ်ရှေ့မှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒီကြိုးပမ်းမှုကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှ အားတင်းရမယ့် ကိစ္စအပေါ် ပြေလည်မှု ရရှိနိုင်မှ တရုတ်နဲ့ ဆက်ဆံရေး အချိုးအကွေ့ တရပ် ဖော်ဆောင်နိုင်မယ်၊ သဘောတူညီမှု ရနိုင်မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံ ဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ဟာ ဒေါ်လာ သန်း ထောင်နဲ့ချီတဲ့ ပို့ကုန်တွေ အပေါ် ကြီးမားတဲ့ အခွန်အတုပ်တွေ အပြန်အလှန် စည်းကြပ် ကောက်ခံနေကြပြီး သဘောတူ ပြေလည်မှု ရရှိရေး အတွက် လအတန်ကြာ ညှိနှိုင်းနေခဲ့ကြတာ ဖြစ်ပါတယ်။

ဝါရှင်တန်နဲ့ ဘေဂျင်းမြို့တွေမှာ ပြုလုပ်နေတဲ့ ဆွေးနွေးမှုတွေဟာ စစ်မှန်တဲ့ တိုးတက်မှုတွေ ရရှိနေတယ်လို့လည်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်က ပြောထားတာပါ။

တရုတ်ကုန်ပစ္စည်းတွေ အပေါ် တိုးမြှင့် ကောက်ခံမယ့် ဒေါ်လာ ဘီလီယံ ၂၀၀ ကို သောကြာနေ့မှာ စတင် ဆိုင်းငံ့မယ်လို့ သမ္မတ Trump က ပြောကြားထားပြီး တရုတ်ဘက်ကလည်း အမေရိကန် စိုက်ပျိုးရေး ထွက်ကုန်နဲ့ လောင်စာတွေ ပိုဝယ်မယ်လို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG