သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တရုတ်-ကန် နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး အပြန်အလှန်စိုးရိမ်ချက်တွေ ဆွေးနွေး


အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး Mike Pompeo နဲ့ တရုတ် နိုင်ငံခြားရေး ၀န်ကြီး Wang Yi

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး Mike Pompeo နဲ့ တရုတ် နိုင်ငံခြားရေး ၀န်ကြီး Wang Yi တို့ ဒီကနေ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှ တွေ့ဆုံဆွေးနွေးခဲ့ကြတာမှာတော့ တဖက်နဲ့ တဖက် ဆောင်ရွက်ချက်တွေ အပေါ် စိုးရိမ်ချက်တွေကို ဆွေးနွေးခဲ့ကြပြီး သံခင်းတမန်ခင်း ပိုမို ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ကြပါတယ်။

တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေး တင်မာမှုတွေ ဖြစ်စေဖို့ အမေရိကန်ဘက်က လုပ်နေပြီး ထိုင်ဝမ်နဲ့ ဆက်ဆံရေးမှာလည်း တရုတ်တို့ ဘက်က ကန့်ကွက်စရာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီး Wang က ပြောဆိုခဲ့ပါတယ်။

ဒီလုပ်ရပ်တွေက အမေရိကန်နဲ့ တရုတ်ကြား ယုံကြည်ချက် အပေါ်မှာ သက်ရောက်စေပြီး ဒီလို မမှန်မကန် လုပ်ရပ်တွေကို အမေရိကန်ဘက်က ရပ်တန့်ဖို့လည်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုခဲ့ပါတယ်။

တရုတ်ရဲ့ လုပ်ရပ်တွေ အပေါ်မှာ အမေရိကန်ဘက်က စိုးရိမ်နေကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး Pompeo က တုံ့ပြန်ခဲ့ပြီး ဒီကိစ္စတွေကို ဆွေးနွေးလိုတယ်လို့ ပြောဆိုခဲ့ပါတယ်။ အမေရိကန် ဒုတိယ သမ္မတ Mike Pence က သူ့မိန့်ခွန်းထဲမှာ တရုတ် စစ်တပ်ရဲ့ ရန်စောင်မှု၊ စီးပွားရေးမှာ ခိုးယူမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုးလာပြီး အမေရိကန် သမ္မတ Trump အစိုးရကို မလိုလားတဲ့ အနေနဲ့ အမေရိကန် ရွေးကောက်ပွဲမှာ တရုတ်တို့ ကြားဝင် နှောင့်ယှက်မှုတွေ ရှိတယ်လို့ ပြင်းပြင်းထန်ထန် စွပ်စွဲ ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ တရုတ် ခရီးစဉ် ထွက်ပေါ်လာတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG