သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump-Kim ဒုတိယထိပ်သီးဆွေးနွေးပွဲ အမြန်ဆုံးကျင်းပဖို့ သဘောတူ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-Un တို့တွေ့ဆုံ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-Un တို့တွေ့ဆုံ

အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦးရဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို ဖြစ်နိုင်သမျှ အမြန်ဆုံး ကျင်းပနိုင်အောင် စီစဉ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-Un တို့ သဘောတူခဲ့ကြပါတယ်။

ဝန်ကြီး Pompeo နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim တို့ဟာ လာမယ့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ့် နေရာနဲ့ ရက်ကို ရွေးချယ်ဖို့ ညှိနှိုင်းနေကြကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

စင်္ကာပူ ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်ထဲက ကျန်နေသေးတဲ့ အဓိက ကိစ္စရပ်တွေကို သေသေချာချာ ဆွေးနွေးဖို့ရာအတွက် သူတို့ရဲ့အလုပ်အဖွဲ့ဝင်တွေ မကြာခင်တွေ့ဆုံကြဖို့ ဝန်ကြီး Pompeo ကရော မြောက်ကိုရီးယားခေါင်းဆောင် Kim ကပါ သဘောတူ ခဲ့ကြကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ Heather Nauert က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဒါ့အပြင် အမေရိကန် သမ္မတ Donald Trump ကလည်း မြောက်ကိုရီးယား ခေါင်းဆောင် Kim နဲ့ စင်္ကာပူမှာ ရရှိတည်ဆောက် နိုင်ခဲ့တဲ့ ယုံကြည်မှုတွေ ဆက်လက် တိုးမြင့်လာအောင် လုပ်ဖို့ ဆန္ဒရှိကြောင်းလည်း ပြောပါတယ်။

ဝန်ကြီး Pompeo ဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim နဲ့ စတုတ္ထအကြိမ် သွားရောက်တွေ့ဆုံခဲ့ပြီးတဲ့နောက် တောင်ကိုရီးယား နိုင်ငံကို ဆက်လက်ထွက်ခွာသွားပြီး တနင်္ဂနွေနေ့ ဆိုးလ် မြို့တော်ကိုရောက်ပြီးမကြာခင်မှာ အခုလို ကြေညာချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား သမ္မတ Moon Jae-In က ဝန်ကြီး Pompeo လာရောက်မှုကို ကျေးဇူးတင်ကြောင်းနဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယား တို့ကြား နောက်ထပ် ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ရေး အတွက် ဆန္ဒပြုကြောင်း ပြောကြားခဲ့ပါတယ်။ ပထမအကြိမ် ထိပ်သီးဆွေးနွေးပွဲက စင်္ကာပူနိုင်ငံမှာ ဇွန်လတုန်းက ကျင်းပခဲ့တာပါ။ သမ္မတ Trump ကလည်း ဝန်ကြီး Pompeo နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim တို့ရဲ့ ဆွေးနွေးပွဲဟာ ကောင်းမွန်ကြောင်း တနင်္ဂနွေနေ့ကပဲ သူ့တွစ်တာမှာရေးပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG