သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kim Jong Un ပေးစာ Donald Trump လက်ခံရရှိ


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဆီကနေ နောက်ထပ်စာတစောင်ကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် လက်ခံရရှိ တယ်လို့ သမ္မတအိမ်ဖြူတော်ကပြောပါတယ်။

အိမ်ဖြူတော်ပြောခွင့်ရ Sarah Huckabee Sanders က “ဥက္ကဌ Kim က သမ္မတထရမ့်ဆီ ရေးတဲ့စာတစောင်ကို သြဂုတ်လ ၁ ရက်နေ့က လက်ခံရရှိပါတယ်။ ခေါင်းဆောင်နှစ်ဦးအကြား စာအဆက်အသွယ် ဆက်ရှိနေတာဟာ စင်္ကာပူမှာ သူတို့နှစ်ဦး ဆွေးနွေးထားတာရဲ့ နောက်ဆက်တွဲအနေနဲ့ ရည်ရွယ်ပါတယ်။ ဒါ့အပြင် အမေရိကန်-မြောက်ကိုရီးယား ပူးတွဲထုတ်ပြန်ချက်ပါ ကတိကဝတ်တွေကို ရှေ့တိုးဖော်ဆောင်ဖို့ ရည်ရွယ်တာလည်းဖြစ်ပါတယ်” လို့ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းရှင်းရေး လုပ်ဆောင်သွားကြဖို့ ထိပ်သီးအစည်းအဝေးမှာ နှစ်ဘက်အကြား ကတိပြု ထားကြတာပါ။ ဒါပေမဲ့ Kim Jong Un နဲ့ သမ္မတထရမ့်ပ်တို့ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်မှာတော့ နျူကလီးယား ကင်းရှင်းအောင် မြောက်ကိုရိးယား ဘယ်လိုနည်းလမ်းနဲ့ ဘယ်အချိန်ကာလမှာ လုပ်ဆောင်မှာလဲဆိုတဲ့ အသေးစိတ်တွေ မပါပါဘူး။

သမ္မတထရမ့်ပ်က စာအတွက်ကျေးဇူးတင်ကြောင်းနဲ့ မကြာခင်မှာ တွေ့ဆုံဖို့ မျှော်လင့်နေကြောင်း၊ ကိုရီးယားစစ်ပွဲအတွင်း ကျဆုံး သွားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်ကြွင်းတွေလို့ ယူဆရတာတွေကို ပြန်လည်လွှဲပြောင်းပေးတဲ့အတွက် ကျေးဇူးတင်တဲ့ အကြောင်း Kim Jong Un ကိုပြောထားတာကို ကြာသပတေးနေ့အစောပိုင်းက Twitter မှာရေးပါတယ်။

Kim Jong Un ပေးစာ Donald Trump လက်ခံရရှိ
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG