သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာ ဘီလီယံ ၂၀၀ဖိုး တရုတ်ကုန်ပစ္စည်းတွေ အပေါ် အခွန် ၂၅% တိုးကောက်ဖို့ Trump စီစဉ်


us-confirms-plan-to-raise-china-import-tariff-to-25-percent
us-confirms-plan-to-raise-china-import-tariff-to-25-percent

အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန် ၁၀% ကနေ ၂၅% တိုးပြီး ကောက်ခံဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် အစိုးရက စဉ်းစားနေတယ်လို့ အစိုးအဖွဲ့ အကြီးတန်းတာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန် ၁၀% ကနေ ၂၅% တိုးပြီး ကောက်ခံဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် အစိုးရက စဉ်းစားနေတယ်လို့ အစိုးအဖွဲ့ အကြီးတန်းတာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ပြန်စနိုင်မလားဆိုတဲ့ သုံးသပ်မှုတွေ၊ ပြောဆိုမှုတွေ ဆက်ရှိနေ ချိန်မှာပဲ အခုလိုပြောလာတာပါ။

တရုတ်နိုင်ငံအနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေ ပြောင်းလဲလာအောင် အားပေးတဲ့အနေနဲ့ မှန်ကန်တဲ့လုပ်ဆောင်ချက်တွေ ချမှတ်ရေး ကြိုးပမ်းမှု တစိတ်တပိုင်းအနေနဲ့ အခွန်ပိုချရေးကိစ္စ ဆန်းစစ်ဖို့ အမေရိကန် ကုန်သွယ်ရေးအထူးကိုယ်စားလှယ် Robert Lighthizer ကို သမ္မတထရမ့်ပ်က ညွှန်ကြားထားတယ်လို့ သတင်းထောက်တွေကို ရှင်းလင်းပြောဆိုပွဲတခုမှာ တာဝန်ရှိသူတွေက ပြောတာပါ။

တရုတ်ကလာတဲ့ တလားပီးယားငါးတွေ ကစပြီး ပရိဘောဂတွေ၊ လျှပ်စစ်မီးဆိုင်ရာ ထုတ်ကုန်တွေ အထိ ပါဝင်တဲ့ ဒေါ်လာ ဘီလီယံ ၂၀၀ ဖိုး ကုန်ပစ္စည်းတွေအပေါ် အခွန်တိုးကောက်ရေးကိစ္စမှာ အခုလို အပြောင်းအလဲဖြစ်လာတဲ့အတွက် ဒီကိစ္စအပေါ် လူထုရဲ့ ထင်မြင်ယူဆချက်ပေးဖို့ အရင်က သြဂုတ်လ ၃၀ ရက်ကို နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားတာကနေ အခု စက်တင်ဘာလ ၅ ရက်နေ့ကို ပြောင်းလဲပြီးတော့ ရက်တိုးသတ်မှတ်ထားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG