သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ ဒုတိယအကြိမ်တွေ့ဆုံဖို့ မြောက်ကိုးရီးယား ခေါင်းဆောင် လိုလား


မြောက်ကိုးရီးယား ခေါင်းဆောင်နှင့် အမေရိကန်သမ္မတ Donald Trump တွေ့ဆုံစဉ်
မြောက်ကိုးရီးယား ခေါင်းဆောင်နှင့် အမေရိကန်သမ္မတ Donald Trump တွေ့ဆုံစဉ်

အမေရိကန်သမ္မတ Donald Trump နဲ့ဒုတိယအကြိမ်မြောက်ထပ်ပြီးတွေ့ဆုံဆွေးနွေးလိုတဲ့အကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက စာတစောင်ပေးပို့လာတယ်လို့ အိမ်ဖြူတော်က မနေ့တုန်းကပြောလိုက်ပါတယ်။

အဲဒီစာဟာ သိပ်ကိုနွေးထွေးမှုရှိပြီး အင်မတန်လည်းအပြုသဘောဆောင်တဲ့စာတစောင်ဖြစ်တယ်လို့ အိမ်ဖြူတော်က သတင်းစာရှင်း လင်းပွဲအတွင်း ပြောခွင့်ရအမျိုးသမီး Sarah Sanders ကပြောခဲ့တာပါ။

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ စာဟာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေး ပြောဆိုဆွေးနွေးမှုတွေနဲ့ အမေရိကန်နဲ့မြောက်ကိုရီးယားအကြားဆက်ဆံမှု တွေအတွက် အပြုသဘောဆောင်တဲ့ဥပမာတခုပဲလို့လည်း Sarah Sanders ကပြောပါတယ်။

သမ္မတထရမ့်အစိုးရလက် ထက်မှာ မြောက်ကိုရီးယားနဲ့အမေရိကန်ဆက်ဆံရေးက ထူးထူးခြားခြားတိုးတက်ပြောင်းလဲမှုတွေရှိလာနေပါတယ်။ အဖမ်းခံထားရတဲ့အမေရိကန်အကျဉ်းသားတွေကို မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့တာ၊ ကိုရီးယားစစ်ပွဲကာလအတွင်း မြောက်ကိုရီးယားဘက်မှာ ကျဆုံးခဲ့တဲ့အမေရိကန်စစ်သားတွေရဲ့ ရုပ်ကြွင်းတွေကို ပြန်ပို့ပေးခဲ့တာတွေရှိလာပါတယ်။

တနင်္ဂနွေနေ့တုန်းက မြောက်ကိုရီးယားနိုင်ငံထူထောင်မှု အနှစ်၇၀ပြည့်အထိမ်းအမှတ်အခမ်းအနား စစ်ရေးပြမှုတွေမှာ အရင်နှစ်တွေတုန်းကလို မစ်ဇိုင်းဒုံးကျည်တွေကိုပြသတာတွေမရှိခဲ့တဲ့အတွက်လည်း ဒီလုပ်ရပ်ကို သမ္မတထရမ့်က တွစ်တာလူမှုကွန်ယက်ကတဆင့် ရေးသားချီးကျူး ခဲ့ပါတယ်။ ကာကွယ်ရေးဆိုင်ရာလေ့လာသုံးသပ်သူတဦးဖြစ်တဲ့ Bruce Bennet ကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်က ကောင်းကောင်းရှင်သန်နေတုန်းပဲလို့သူ့ရဲ့ခန့်မှန်း ချက်ကို ဗွီအိုအေကိုပြောပါတယ်။ ပြီးခဲ့တဲ့လတုန်းကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးMike Pompeo ရဲ့ မြောက်ကိုရီးယား ခရီးစဉ်ကို ဖျက်ခဲ့ရတာရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG