သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူးကလီယားလက်နက်ဖျက်သိမ်းရေးကတိ မြောက်ကိုရီးယား ပျက်ကွက်


အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ အမေရိကန်သမ္မတ Donald Trump တို့၂ ဦး စင်္ကာပူမှာ ဇွန်လက ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ နျူကလီယားလက်နက် ဖျက်သိမ်းရေးလုပ်ဖို့ မြောက်ကိုရီးယားက ကတိပေးထားတဲ့အတိုင်း လုပ်ဆောင်ဖို့ ပျက်ကွက်နေတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton ကစွပ်စွဲပြောဆိုလိုက်ပါတယ်။

အပြောထက် အလုပ်နဲ့ သက်သေပြတာလိုချင်ကြောင်းနဲ့ မြောက်ကိုရီးယားဘက်က နျူကလီယားလက်နက် ဖျက်သိမ်းရေး လက်တွေ့လုပ်ပြတာ လိုချင်တယ်လို့ လို Fox သတင်းဌာန မေးမြန်းခန်းမှာ အကြံပေး Bolton ကပြောပါတယ်။

မြောက်ကိုရီးယားဟာ ထိပ်သီးဆွေးနွေးပွဲ ပြီးချိန်ကစပြီး နျူကလီယားလက်နက် ဖျက်သိမ်းရေး အတွက် လိုအပ်တာတွေ စ ပြီး မလုပ်သေးကြောင်းနဲ့ အမေရိကန်ဘက်က မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေကို လျှော့ချပေးဖို့ မစဉ်းစားဘူးလို့လည်း ပြောပါတယ်။

သမ္မတအိမ်ဖြူက အရေးပါတဲ့ အရာရှိ တဦးကတော့ သမ္မတ Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim ဆီကို မကြာသေးခင်က ပေးပို့ခဲ့တဲ့ စာထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကို ရှေ့ဆက် ဆွေးနွေးမှုတွေ လုပ်ဖို့အတွက် ပြုံယမ်းမြို့တော်ကို စေလွှတ်ဖို့ လုပ်မှာ ဖြစ်ကြောင်း ရေးသားထားတယ်လို့ ပြောပါတယ်။ သမ္မတ Trump ကလည်း Kim နဲ့ ဒုတိယအကြိမ်မြောက် ထပ်ပြီး တွေ့ဆုံ ဆွေးနွေးလိုတဲ့ ဆန္ဒရှိကြောင်းပြောပါတယ်။

ကိုရီးယား ကျွန်းဆွယ်ဒေသမှာ နျူကလီယား လက်နက်ကင်းရှင်းရေး လုပ်မယ်လို့ သမ္မတ Trump ကို မြောက်ကိုရီးယား ခေါင်းဆောင် Kim ကတိပေးထားတာကို အကောင်ထည်ဖေါ်ရေးအတွက် မြောက်ကိုရီးယားက နှေးနှေးကွေးကွေး လုပ်နေတာအတွက် စိတ်အနှောက် အယှက် ဖြစ်ရတယ်လို့ အကြံပေး Bolton က သုံးရက် အတွင်း ဒုတိယ အကြိမ်မြောက် ပြောကြားခဲ့တာပါ။

နျူးကလီယားလက်နက်ဖျက်သိမ်းရေးကတိ မြောက်ကိုရီးယား ပျက်ကွက်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG