သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို ဆက်လက်ဖိအားပေးဖို့ ကန်ဝန်ကြီးတိုက်တွန်း


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Kang Kyung-wha
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Kang Kyung-wha

မြောက်ကိုရီးယားမှာ နျူကလီးယားကင်းရှင်းရေး လုပ်ဆောင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဆက်ပြီး ဖိအားပေးသွားရမယ် လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က သောကြာနေ့မှာ ပြောပါတယ်။

“ဒီရည်မှန်းချက်ကိုရဖို့အတွက် ဒဏ်ခတ်အရေးယူမှုကို အခိုင်အမာ အကောင် အထည်ဖော်ဖို့က အဓိကကျပါတယ်။ ဒဏ်ခတ် အရေးယူမှုကို အကောင်အထည် မဖော်ဘူးဆိုရင် မြောက်ကိုရီးယားမှာ နျူကလီးယားကင်းရှင်းရေး အောင်မြင်ဖို့ အလားအလာ ပျောက်ကွယ်သွားမှာပါပဲ” လို့ နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးမှာ သောကြာနေ့က အစည်းအဝေးတွေလုပ်ပြီးတဲ့နောက် ဝန်ကြီး Pompeo က သတင်းထောက်တွေကို ပြောပါတယ်။

ဝန်ကြီး Pompeo ဟာ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Kang Kyung-wha ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres နဲ့လည်း သီးခြားစီ တွေ့ဆုံ ဆွေးနွေးပါတယ်။ ဒီလအစောပိုင်းက သူ့ရဲ့ မြောက်ကိုရီးယား ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ အားလုံးနဲ့ ဂျပန်နိုင်ငံတို့ကို ဝန်ကြီး Pompeo က ရှင်းလင်း ပြောဆိုပါတယ်။ ဝန်ကြီး Pompeo နဲ့အတူ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley လည်း အတူပါဝင်ပါတယ်။

နိုင်ငံတကာ ဒဏ်ခတ်အရေးယူမှုတွေအရ ခွင့်ပြုထားတဲ့ပမာဏကို ကျော်လွန်ပြီး လောင်စာဆီတွေကို ခိုးသွင်းတာလိုမျိုး မြောက်ကိုရီးယားဟာ ဒဏ်ခတ်အရေးယူ မှုတွေကို လှည့်ပတ် ရှောင်ရှားပြီးတော့လုပ်ဖို့ ကြိုးစားနေတယ်လို့ ဝန်ကြီး Pompeo က သတိပေးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG