သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးပြပွဲကြီးလုပ်ဖို့ မြောက်ကိုရီးယား ပြင်ဆင်နေ


၂၀၁၈ ဧပြီလတုန်းက ကျင်းပတဲ့ မြောက်ကိုရီးယား စစ်ရေးပြပွဲပြီး
၂၀၁၈ ဧပြီလတုန်းက ကျင်းပတဲ့ မြောက်ကိုရီးယား စစ်ရေးပြပွဲပြီး

ကိုရီးယားကျွန်းဆွယ်ကို နျူကလီယားလက်နက်ကင်းစင်တဲ့ ဒေသအဖြစ်လုပ်ဆောင်ဖို့ ကြိုးစားနေမှုတွေ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေချိန်မှာပဲ မြောက်ကိုရီးယားက စစ်ရေးပြပွဲတခုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ တင့်ကားတွေ၊ လေယာဉ်ပစ်ဒုံးကျည်တွေ၊ ရော့ကက်လောင်ချာတွေ အပါအဝင် ခြေမြန်တပ်သားတွေနဲ့ လက်နက်မျိုးစုံပါဝင်တဲ့ စစ်ရေးပြပွဲတခု မြောက်ကိုရီးယားမှာ ပြသဖို့ ပြင်နေတာကို ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံတွေမှာ တွေ့ရပါတယ်။

ဒါပေမယ့် ဒါဟာ မြောက်ကိုရီးယားရဲ့ အကြီးမားဆုံး တိုက်ချင်းပစ်ဒုံးကျည်တွေ ပြသတဲ့ ပွဲမျိုး ဟုတ်မဟုတ်တော့ ရှင်းရှင်းလင်းလင်း မသိကြပါဘူး။

မြောက်ကိုရီးယားနိုင်ငံ ထူထောင်တဲ့ နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့ဟာ စက်တင်ဘာလ ၉ ရက်နေ့မှာ ကျရောက်မှာဖြစ်ပြီး ကြီးမားတဲ့ စစ်ရေးပြပွဲတွေ ပါဝင်လေ့ရှိတဲ့ ဒီပွဲအတွက် မြောက်ကိုရီးယားက ပြင်ဆင်နေတာပါ။ ဒီနှစ်မှာတော့ ၅ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် နိုင်ငံခြားက ကိုယ်စားလှယ်တွေကို ဖိတ်ကြားနိုင်ချေ ရှိနေပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ဟာ ဇွန်လတုန်းက စင်္ကာပူမှာ အမေရိကန် သမ္မတ Donald Trump နဲ့ သမိုင်းဝင်တွေ့ဆုံခဲ့ပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူကလီယား ကင်းစင်အောင်လုပ်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တိုးတက်မှု မတွေ့ရပဲ တဖက်နဲ့ တဖက် အပစ်တင်ဝေဖန်မှုတွေ သာ တိုးလာနေပြီး ညှိနှိုင်းဆွေးနွေးမှု အခြေနေက ရှေ့မတိုးနောက်မဆုတ် ဖြစ်နေတာပါ။

Planet Labs က ရိုက်ယူတဲ့ ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံတွေကို ကြည့်ရင် အခုစက်တင်ဘာ စစ်ရေးပြပွဲဟာ ဖေဖေါ်ဝါရီလ ၈ ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ စစ်ရေးပြပွဲ ပုံစံနဲ့ သိပ်ဆင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စု အထိရောက်အောင် ပစ်ခတ်နိုင်မယ်လို့ ယုံကြည်ကြတဲ့ အငြင်းပွါးဖွယ် ဖြစ်နေတဲ့ ICBM တိုက်ချင်းပစ် ဒုံးကျည် ပါဝင်တဲ့ အရိပ်အယောင်တော့ မတွေ့ရဘူးလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG