သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားဆိုင်ရာ ကန်အထူးကိုယ်စားလှယ်


မြောက်ကိုရီးယားဆိုင်ရာ ကန်အထူးကိုယ်စားလှယ် Stephen Biegun နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo

Ford မော်တော်ကားကုမ္ပဏီရဲ့ ဒုတိယဥက္ကဌ Stephen Biegun ကို မြောက်ကိုရီးယားဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ရွေးချယ်လိုက်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ သူတို့ရဲ့ နျူကလီးယားအစီအစဉ်ကို ဖျက်သိမ်းအောင် အမေရိကန်က အာရုံစိုက် လုပ်ဆောင်နေချိန်မှာ ပဲ အခုလို အထူးကိုယ်စားလှယ် ခန့်ထားလိုက်တာပါ။

ဝန်ကြီး Pompeo က “ကျနော်တို့နဲ့အတူ Steve ပါလာတဲ့အချိန်ဟာ တကယ့်ကို အချိန်အခါသင့်ပါတယ်။ ကျနော်တို့ရဲ့ ရည်မှန်း ချက် နောက်ထပ် တိုးတက်မှုရအောင်လုပ်ဖို့ လာမယ့်သီတင်းပတ်နဲ့ သူနဲ့ကျနော် မြောက်ကိုရီးယားကို သွားပါမယ်” လို့ ပြောပါ တယ်။

Ford ကားကုမ္ပဏီမှာ မစ္စတာ Biegun ဟာ ကုမ္ပဏီနဲ့ နိုင်ငံတကာအစိုးရတွေအကြား ဆက်ဆံရေးပိုင်းကို တာဝန်ယူ ဆောင်ရွက်ရ သူပါ။ သူဟာ သမ္မတ George W. Bush လက်ထက်က အမျိုးသားလုံခြုံရေးကောင်စီထဲမှာလည်း တာဝန်ထမ်းဆောင်ဖူးပါတယ်။

အဲဒီအချိန်မတိုင်ခင်ကလည်း အောက်လွှတ်တော်ရော အထက်လွှတ်တော်ကပါ လွှတ်တော်အမတ်တွေရဲ့ နိုင်ငံခြားမူဝါဒရေးရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ၁၄ နှစ်ကြာ လုပ်ဖူးသူပါ။

နိုင်ငံခြားရေးဌာနမှာ ကြာသပတေးနေ့မနက်က ပြောသွားတဲ့ထဲမှာတော့ Stephen Biegun က “ကိစ္စက ခက်ခဲပြီး ဖြေရှင်းဖို့ ခက် ပါမယ်။ ဒါပေမဲ့ သမ္မတက စတင် လမ်းဖောက်ထားပြီး မြောက်ကိုရီးယားလူထုအတွက် ငြိမ်းချမ်းတဲ့အနာဂတ်တခု ဖြစ်လာရေး ဆိုတဲ့ အမြော်အမြင်နဲ့ ရသမျှအခွင့်အလန်းတိုင်းကို ဆုပ်ကိုင် လုပ်ဆောင်သွားရပါမယ်” လို့ ပြောသွားပါတယ်။

မြောက်ကိုရီးယားဆိုင်ရာ ကန်အထူးကိုယ်စားလှယ်
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG