သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီး Pompeo မြောက်ကိုရီးယားသွားမယ့်ကိစ္စ သမ္မတ Trump ဖျက်သိမ်း


အမေရိကန်သမ္မတTrump (ယာ) အိမ်ဖြူတော် အစိုးရအဖွဲ့အစည်းအဝေးမှာ စကားပြောနေသည်ကို စောင့်ကြည့်နားထောင်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo မြောက်ကိုရီးယားကိုသွားမယ့် အစီအစဉ်ကို သူ ဖျက်လိုက်ပြီလို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က သောကြာနေ့မှာပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား ကင်းရှင်းရေးဆိုင်ရာ တိုးတက်မှုတွေ သိပ်ကိုနှေးကွေးလွန်းတဲ့ အတွက် အခုလို ပယ်ဖျက် လိုက်တာလို့ဆိုပါတယ်။

“အခုချိန်မှာ မြောက်ကိုရီးယားကိုမသွားဖို့ ဝန်ကြီး Mike Pompeo ကို ကျနော်ပြောပြီးပါပြီ။ ဘာကြောင့်လဲ ဆိုတော့ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယားကင်းရှင်းရေးနဲ့ စပ်လျဉ်းပြီး သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရမနေတာကြောင့်ဖြစ်ပါတယ်” လို့ သမ္မတထရမ့်ပ်က Twitter မှာ သောကြာနေ့ကရေးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG